Connect with us

International Organizations

၂၀၂၅ ခုနှစ် မေ ၁၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— နယူးကာဆယ်က ချဲလ်ဆီးကို အနိုင်ရရှိခဲ့ပြီး အာဆင်နယ် သရေကျခဲ့သဖြင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ပြတ်ပြတ်သားသား အဖြေထွက်ပေါ်ခြင်းမရှိသေး
ယခုသီတင်းပတ်ကုန်၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်- ၃၆ ပွဲစဉ်များ ပြီးဆုံးသွားသော်လည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးအတွက် ယှဉ်ပြိုင်မှုများမှာ ပြတ်ပြတ်သားသား အဖြေထွက်ပေါ်ခြင်း မရှိသေးပေ။
အာဆင်နယ်အနေဖြင့် လီဗာပူးလ်အား အဝေးကွင်း၌ အနိုင်ရရှိခဲ့ပါက top-five အသင်းအဖြစ် ယခုရာသီအား အဆုံးသတ်နိုင်ရန် သေချာသွားမည် ဖြစ်သော်လည်း ၂ ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။ သို့သော် ပထမပိုင်း ပွဲကစားချိန် မိနစ် ၂၀ ကျော်အတွင်း ကိုဒီ ဂတ်ပိုနှင့် လူးဝစ်စ် ဒီယက်ဇ်တို့၏ သွင်းဂိုးများကို ဆက်တိုက်ခွင့်ပြုခဲ့ရသော်လည်း အာဆင်နယ်အနေဖြင့် နှစ်ဂိုးအရှုံးမှ သရေရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းက နည်းပြ မစ်ကယ် အာတေတာအဖို့ ကျေနပ်စရာဖြစ်ပေလိမ့်မည်။
ပွဲကစားချိန် ၄၇ မိနစ်တွင် ဂါဘရီရယ် မာတင်နယ်လီက အာဆင်နယ်အတွက် ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သလို ပွဲပြီးဆုံးရန် မိနစ် ၂၀ အလိုတွင် မစ်ကယ် မယ်ရီနိုက ဒုတိယချေပဂိုး သွင်းယူခဲ့ရာ ၂ ဂိုးစီ သရေဖြစ်သွားခဲ့သည်။ သို့သော် မယ်ရီနိုမှာ ပွဲကစားချိန် ၇၉ မိနစ်တွင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ဘောလုံးရာသီကုန်ဆုံးရန် နှစ်ပွဲအလိုတွင် နောက်ထပ် အသင်းလေးသင်းအတွက်လည်း top-five အတွင်း ဝင်နိုင်ရန် မျှော်လင့်ချက်ရှိ‌နေဆဲဖြစ်သည်။
နယူးကာဆယ်ယူနိုက်တက်က ချဲလ်ဆီးအား အိမ်ကွင်း စိန့်ဂျိမ်းစ်ပတ်ခ်၌ ၂-၀ ဂိုးဖြင့် အနိုင်ယူကာ မန်ချက်စတာစီးတီး၏အထက် တတိယနေရာသို့ ရောက်ရှိလာခဲ့သည်။ အိမ်ရှင်အသင်းမှာ ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး နှစ်မိနစ်အကြာမှာပင် ဆန်ဒရို တိုနာလီက အဝေးတိုင်ဆီသို့ ကန်သွင်း၍ အဖွင့်ဂိုးရယူခဲ့သည်။
ပွဲကစားချိန် ၃၅ မိနစ်တွင် ချဲလ်ဆီးတိုက်စစ်မှူး နစ်ကိုးလပ်စ် ဂျက်ခ်ဆင်မှာ ဆဗန် ဘော့ထ်မန်းကို တံတောင်ဖြင့်တွတ်မိသဖြင့် ထုတ်ပယ်ခံရပြီးနောက် ချဲလ်ဆီးအသင်း ကစားသမားတစ်ယောက် လျော့သွားခဲ့ရာ နယူးကာဆယ်အတွက် အခွင့်အလမ်းပိုကောင်းသွားခဲ့သည်။
ချဲလ်ဆီးအသင်းမှာ တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသော်လည်း အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး မာ့ခ် ကူကူရယ်လာနှင့် အန်ဇို ဖာနန်ဒက်ဇ်တို့၏ ကန်ချက်များကို နယူးကာဆယ်ဂိုးသမား နစ်ခ်ပုပ် အကောင်းဆုံးကာကွယ်ခဲ့ရသည်။ သို့သော် ပွဲကစားချိန် နောက်ဆုံးမိနစ်တွင် ဘရူနို ဂီမာရေးစ်၏ကန်ချက် လမ်းကြောင်းပြောင်းကာ ဂိုးဝင်သွားသဖြင့် နယူးကာဆယ်က ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
….
— ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်အား အနိုင်ယူပြီးနောက် လာလီဂါချန်ပီယံဆု ဆွတ်ခူးနိုင်ရန် ပိုမိုနီးစပ်လာ
မေ ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့၏ စိတ်လှုပ်ရှားဖွယ် El Clasico ပွဲစဉ်တွင် ဘာစီလိုနာက ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယခုရာသီ၌ လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာပြီဖြစ်သည်။
ယခုပွဲစဉ်တွင် ကီလီယန် အမ်ဘာပေက ရီးရဲလ်အတွက် ဟက်ထရစ်သွင်းယူခဲ့သော်လည်း ဘာစီလိုနာအတွက် ရာဖင်ညာက နှစ်ဂိုး၊ အဲရစ်ဂါစီယာနှင့် လာမင်း ယမားလ်တို့က တစ်ဂိုးစီ အသီးသီးသွင်းယူခဲ့ပြီး အနိုင်သုံးမှတ်ရယူပေးခဲ့သည်။ သို့ဖြစ်ရာ သုံးပွဲကစားရန် ကျန်ရှိနေချိန်တွင် ဘာစီလိုနာက ရီးရဲလ်အား ခုနစ်မှတ်ဖြတ်ထားနိုင်ခဲ့သည်။
ဘာစီလိုနာက ဒုတိယပိုင်း ပွဲကစားချိန်အများစုတွင် စိတ်ကြိုက်ထိန်းချုပ်ထားခဲ့သော်လည်း အမ်ဘာပေက လူကျွံထောင်ချောက်ကို ထပ်မံဖောက်ထွက်၍ ချေပဂိုးတစ်ဂိုး သွင်းယူခဲ့ပြီးနောက် စိတ်လှုပ်ရှားစရာ အခိုက်အတန့်အချို့ကို မြင်တွေ့ခဲ့ရသည်။ ပြင်သစ်တိုက်စစ်မှူး ဘာပေမှာ စတုတ္ထဂိုး သွင်းယူနိုင်လုနီးနီး ဖြစ်ခဲ့သော်လည်း ဘာစီလိုနာဂိုးသမား ရှက်ဇနီ ကာကွယ်သွားခဲ့သည်။
လူစားဝင်လာသည့် ရီးရဲလ်လူငယ်ကစားသမား ဗစ်တာ မူနော့၏ ကန်ချက်မှာလည်း ဂိုးပေါက်နှင့်လွဲချော်ခဲ့သည်။ ဘာစီလိုနာအနေဖြင့် မေ ၁၅ ရက် ညပိုင်းတွင် မြို့ခံပြိုင်ဘက် အက်စပန်ညိုနှင့် ယှဉ်ပြိုင်ရမည့် အဝေးကွင်းပွဲစဉ်၌ အနိုင်ရရှိပါက လာလီဂါချန်ပီယံဆုကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။
…..
— ဖီဖာသဲသောင်ပြင်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဘရာဇီးအသင်း ဗိုလ်စွဲ
မေ ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၅ ခုနှစ် ဖီဖာသဲသောင်ပြင်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဘရာဇီးအသင်းက ဘီလာရုစ်အသင်းကို ၄-၃ ဂိုးဖြင့် ပွတ်ကာသီကာအနိုင်ရရှိကာ အဆိုပါဆုဖလားအား စံချိန်တင်အဖြစ် ခုနစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည်။
ဆေးရှဲနိုင်ငံ ဗစ်တိုးရီးယားမြို့တွင် ကျင်းပခဲ့သည့် စိတ်လှုပ်ရှားဖွယ် အဆိုပါ ဗိုလ်လုပွဲ၌ လက်ရှိချန်ပီယံ ဘရာဇီးအသင်းက ပွဲကို စောစောစီးစီး ထိန်းချုပ်ထားနိုင်ခဲ့ပြီး နည်းစနစ်ပိုင်းကျွမ်းကျင်မှု၊ တိုက်စစ်ထက်မြက်မှုတို့ ပေါင်းစပ်၍ ဒုတိယပိုင်းတွင် ၃-၁ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။ သို့သော် ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည့် ဘီလာရုစ်အသင်းမှာ စိတ်ဓာတ်မာကျောစွာ တုံ့ပြန်ကစားသွားခဲ့သည်။ တိုက်စစ်မှူး အီဟာ ဘရစ်ရှ်ဆဲလ်က နောက်ဆုံးအပိုင်း၏ ပွဲချိန်အလယ်လောက်တွင် နှစ်ဂိုးသွင်းယူခဲ့သဖြင့် ၃ ဂိုးစီ သရေဖြစ်သွားခဲ့သည်။
ပွဲပြီးရန် ၁၀၁ စက္ကန့်အလိုတွင် ဘရာဇီးအသင်းမှ ရိုဒရီဂိုက အနိုင်ဂိုး (ယခုပွဲစဉ်၌ ၎င်း၏ ဒုတိယဂိုး) ကို သွင်းယူခဲ့ပြီး အနိုင်ရလဒ်ကို ရယူပေးခဲ့သည်။
…..
— အီတလီအိုးပင်းတွင် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန် round of 16 အဆင့်သို့တက်ရောက်
မေ ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် WTA အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က ပိုလန်တင်းနစ်မယ် မက်ဂ်ဒါလီနာ ဖရက်ရှ်အား ၆-၃၊ ၆-၂ ဖြင့် အနိုင်ယူကာ ယခုပြိုင်ပွဲတွင် သုံးနှစ်ဆက်တိုက် round of 16 အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။ ပွဲစဉ်တစ်ပွဲလုံးတွင် ကျိန့်၏ drop shot ရိုက်ချက်များမှာ အလွန်ထိရောက်ခဲ့သည်။
လာမည့်အဆင့်တွင် ကျိန့်မှာ ယူအက်စ်အိုးပင်း ချန်ပီယံဟောင်းဖြစ်သူ ကနေဒါတင်းနစ်မယ် ဘီယန်ကာ အန်ဒရေစကူးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)


……………….
(English Version)
Champions League race still open as Newcastle beats Chelsea and Arsenal held
The race to ensure the final Champions League places in the Premier League remains open after the 36th round of matches at the weekend.
Arsenal could have confirmed a top-five finish with a win away to Liverpool, but drew 2-2, although Mikel Arteta will be content after seeing his side fight back from 2-0 down after conceding quick-fire goals to Cody Gakpo and Luis Diaz midway through the first half.
Gabriel Martinelli pulled a goal back for Arsenal in the 47th minute, and Mikel Merino leveled with 20 minutes left to play, before being sent off for two yellow cards 11 minutes from time.
Four other teams still have top-five hopes with two games left to play.
Newcastle United beat Chelsea 2-0 at St James’ Park to move up to third above Manchester City. The home side got off to a flying start when Sandro Tonali popped up at the far post to open the scoring after just two minutes.
Things got better for Newcastle when Chelsea were reduced to 10 men after 35 minutes, as striker Nicolas Jackson was dismissed for using his elbow on Sven Botman.
Chelsea reacted well with a player less, and Marc Cucurella and Enzo Fernandez both forced Newcastle goalkeeper Nick Pope into good saves, but the game was decided in the last minute when Bruno Guimaraes’ shot took a deflection to loop into the net.
…..
Barca moves closer to title after beating Real Madrid
FC Barcelona has one hand on this season’s La Liga trophy after winning a thrilling Clasico 4-3 against Real Madrid on Sunday.
Although Kylian Mbappe scored a hat-trick for Madrid, two goals from Raphinha and one each from Eric Garcia and Lamine Yamal gave Barca three points that put them seven clear of Madrid with just nine points left to play for.
Barca controlled most of the second half, but had some nervous moments after Mbappe again beat the offside trap to pull a goal back, and the Frenchman could have scored a fourth, only to shoot tamely at Szczesny.
Youngster Victor Munoz also fired wide for Madrid moments after coming on.
Barca will be crowned La Liga champion with a win away to local rival Espanyol on Thursday night.
…..
Brazil defends FIFA Beach Soccer World Cup title
Brazil won a record-extending seventh FIFA Beach Soccer World Cup title on Sunday, edging Belarus 4-3 in a thrilling final to retain its crown at the 2025 edition of the tournament.
The defending champion took early control of the match in Victoria, Seychelles, building a 3-1 lead in the second period thanks to a combination of technical flair and attacking efficiency. But Belarus, appearing in its first-ever World Cup final, mounted a spirited comeback. Striker Ihar Bryshtsel scored twice midway through the final period to bring the game level at 3-3.
With just 101 seconds remaining, Brazil’s Rodrigo secured the win, driving forward and firing home his second goal of the match to break the deadlock and seal the victory.
…..
China’s Zheng reaches last 16 in Italian Open
China’s Zheng Qinwen secured a place in the round of 16 for the third consecutive year by defeating Poland’s Magdalena Frech 6-3, 6-2 at the WTA Italian Open here on Sunday. Zheng was particularly efficient with her drop shots throughout the match.
In the next round, Zheng will face former US Open champion Bianca Andreescu of Canada.