Connect with us

International Organizations

၂၀၂၅ ခုနှစ် မေ ၁၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— စပိန်လာလီဂါတွင် ရီးရဲလ်မက်ဒရစ်၏ နိုင်ပွဲက ဘာစီလိုနာ၏ ချန်ပီယံအဖြစ် အောင်ပွဲခံမှုကို နှောင့်နှေးစေ၊ လက်စ်ပါမားစ် တန်းဆင်းရတော့မည်
မေ ၁၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က မာယော့ကာအား လူငယ်ကစားသမား ယာကိုဘို ရာမွန်၏ သွင်းဂိုးနှင့်အတူ အိမ်ကွင်း၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ဘာစီလိုနာအနေဖြင့် ယခုရာသီ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ရန် မေ ၁၅ ရက် ညပိုင်းအထိ စောင့်ဆိုင်းရတော့မည်ဖြစ်သည်။
ရီးရဲလ်မက်ဒရစ် ဘီ-အသင်း ကစားသမား ရာမွန်က ပွဲမပြီးခင် စက္ကန့်ပိုင်းအလိုတွင် အလျင်အမြန် ပြေးဝင်ပိတ်သွင်းခဲ့ရာ မာယော့ကာဂိုးသမား လီယို ရိုမန် မကာကွယ်နိုင်ဘဲ ရီးရဲလ်အသင်း အနိုင်ဂိုးရရှိခဲ့သည်။ သရေရလဒ်ဖြင့်သာ ပွဲပြီးသွားပါက ဘာစီလိုနာအနေဖြင့် မေ ၁၅ ရက် အက်စပန်ညိုအသင်းနှင့် ပွဲစဉ်မတိုင်မီမှာပင် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။
ပွဲကစားချိန် ၁၁ မိနစ်တွင် မာယော့ကာအသင်းမှ မာတင် ဗားလ်ဂျန့်က ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရသည့် ရီးရဲလ်အား ဦးဆောင်ဂိုးသွင်းယူခဲ့သည်။
မာယော့ကာဂိုးသမား ရိုမန်က အန်းဒရစ်၊ ဂျုဒ်ဘယ်လင်ဟမ်နှင့် အမ်ဘာပေတို့၏ ကန်ချက်များကို လက်စွမ်းပြကာကွယ်သွားခဲ့ပြီး ရိုမန်မှာ အဆိုပါပွဲစဉ်၌ အသင်း၏ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ဂိုးပေါက်ကာကွယ်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့သည်။
ထို့နောက် ပွဲကစားချိန် ၆၈ မိနစ်တွင် အမ်ဘာပေက ချေပဂိုးသွင်းယူခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်က တရစပ် ဖိအားပေးတိုက်စစ်ဆင်ခဲ့ရာ ရာမွန်က အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
ဗီလာရီးရဲလ်ကလည်း လီဂါနက်စ်အား အိမ်ကွင်း၌ ဂိုးပြတ်အနိုင်ယူခဲ့ပြီး အဆင့်-၄ မှ အက်သလက်တစ် ဘီဘာအိုနှင့် ရမှတ်တူအနေအထားသို့ ရောက်ရှိလာခဲ့သည်။
အာယို့ဇ် ပီရက်ဇ်က ပွဲကစားချိန် ၂၂ မိနစ်နှင့် ၃၀ မိနစ်တို့တွင် ဦးဆောင်ဂိုးများ သွင်းယူခဲ့သဖြင့် ဗီလာရီးရဲလ်က သက်သောင့်သက်သာဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး ၄၅ မိနစ်တွင် နစ်ကိုးလပ်စ် ပေပေက တတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။ အလာဗက်စ်က ဗလင်စီယာအား အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ ရှုံးပွဲကြုံခဲ့သည့် လီဂါနက်စ်အနေဖြင့် တန်းဆင်းရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
သို့ဖြစ်ရာ မေ ၁၃ ရက်က ဆီဗီလာအသင်းကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် လက်စ်ပါမားစ်အသင်းမှာ သင်္ချာနည်းအရ တန်းဆင်းရတော့မည်ဖြစ်ကာ ဆီဗီလာအသင်းမှာမူ တန်းဆင်းဇုန်နှင့် လွတ်ကင်းသွားပြီဖြစ်သည်။
….
— အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှ ဝင်ငွေ ဒေါ်လာတစ်ဘီလီယံရရှိရန် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ရည်မှန်း
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အနေဖြင့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှ ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိရန် ရည်မှန်းထားပြီး ရရှိလာသော ဝင်ငွေအားလုံးကို အမျိုးသမီးဘောလုံးလောက ဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးပြုသွားမည်ဟု ဖီဖာဥက္ကဋ္ဌ ဂျန်နီ အင်ဖန်တီနိုက ပြောကြားခဲ့သည်။
ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၂၃ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၇၀ ကျော် ရရှိခဲ့ရာ ၂၀၂၇ ခုနှစ် ပြိုင်ပွဲကိုမူ ဘရာဇီးနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်သည်။ ဥရောပပြင်ပတွင် အကျိုးအမြတ်များ ရှာဖွေနိုင်ရန် ဘောလုံးအားကစား၌ ကြီးမားသော အလားအလာများ ရှိနေသည်ဟု အင်ဖန်တီနိုက ဆိုသည်။
“ဒီနေ့ခေတ်မှာ ကမ္ဘာ့ဘောလုံးအားကစားရဲ့ ဂျီဒီပီတန်ဖိုးဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၇၀ ဝန်းကျင်ရှိပြီး အဲဒီထဲက ၇၀ ရာခိုင်နှုန်းလောက်ဟာ ဥရောပကဖြစ်တယ်” ဟု ရီယတ်မြို့တွင် မေ ၁၄ ရက်၌ ကျင်းပသည့် ဆော်ဒီ-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ ၎င်းက ပြောကြားခဲ့သည်။
“အထူးသဖြင့် ဆော်ဒီအာရေဗျ ဒါမှမဟုတ် အမေရိကန် အပါအဝင် ကမ္ဘာပေါ်က တခြားနေရာဒေသတွေဟာ ဥရောပမှာ ဘောလုံးအားကစားကနေ ရရှိနေတဲ့ အကျိုးအမြတ်ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းလောက် ရှာဖွေနိုင်မယ်ဆိုရင် ထရီလီယံဝက်ကျော်ပမာဏ ဒါမှမဟုတ် ပိုများပြားတဲ့ ဂျီဒီပီအချိုးကို ရောက်လာနိုင်ပါတယ်။ ဘောလုံးအားကစားရဲ့ အလားအလာက သိပ်ကိုကြီးမားပါတယ်” ဟု ၎င်းက ဆိုသည်။
၂၀၃၁ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းပေါင်း ၃၂ သင်းမှ ၄၈ သင်းအထိ တိုးချဲ့ပါဝင်ခွင့်ပြုရန် ဖီဖာကောင်စီက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
…..
— ကျိန့်ချင်းဝန်က ဆာဘလန်ကာကို ပထမဆုံးအကြိမ် အနိုင်ယူ၍ အီတလီအိုးပင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်
မေ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် WTA အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က အရီနာ ဆာဘလန်ကာ (ဆီဒင်-၁) အား နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ရာ ၎င်း၏ ကစားသမားသက်တမ်းတွင် WTA 1000 ပြိုင်ပွဲအမျိုးအစားထဲတွင် ပါဝင်သော အီတလီအိုးပင်း၌ ဆီမီးဖိုင်နယ်အဆင့်သို့ တတိယအကြိမ် တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါ ကစားသမားနှစ်ဦးမှာ ယခင်က ခြောက်ကြိမ်တိုင်တိုင် ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး ဆာဘလန်ကာက ‌ခြောက်ကြိမ်စလုံး အနိုင်ရရှိထားကာ ယခုတစ်ကြိမ်မှာ မြေစေးကွင်း၌ ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်။
“နောက်ဆုံးမှာတော့ ကျွန်မ ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ကျွန်မ ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်စွမ်းရှိတယ်လို့ အမြဲတမ်းတွေးထားပါတယ်။ ဒီနေ့တော့ တကယ်ပဲ လက်တွေ့လုပ်နိုင်ခဲ့ပြီမို့လို့ ကျွန်မ အရမ်းပျော်ပါတယ်” ဟု ကျိန့်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကျိန့်မှာ ကိုကိုဂတ်ဖ် (ဆီဒင်-၄) နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
…..
— နယ်သာလန် ထိပ်တန်းလိဂ်၏ ရာသီပိတ်ပွဲစဉ်မတိုင်မီ ပီအက်စ်ဗီက အိုင်းယက်စ်ကို ‌‌ကျော်တက်ကာ အမှတ်ပေးဇယား၌ ဦးဆောင်
မေ ၁၄ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် နယ်သာလန် ထိပ်တန်းလိဂ် ဘောလုံးပြိုင်ပွဲ Eredivisie ပွဲစဉ်-၃၃ တွင် ပီအက်စ်ဗီက Heracles Almelo ကို ၄-၁ ဂိုးဖြင့် အနိုင်ယူကာ အမှတ်ပေးဇယား ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့ပြီး အိုင်းယက်စ်မှာမူ FC Groningen အား နောက်ဆုံးမိနစ်တွင် ချေပဂိုးခွင့်ပြုခဲ့ရသဖြင့် ၂ ဂိုးစီ သရေကျခဲ့သည်။
ဒီဇင်ဘာလ၌ အိုင်းယက်စ်အား ကိုးမှတ်အသာဖြင့် ဦးဆောင်ခဲ့သည့် ပီအက်စ်ဗီမှာ မတ်လနှောင်းပိုင်းတွင်း ကိုးမှတ်လျော့ အနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ယခုအခါ လက်ကျန်ပွဲစဉ်တစ်ပွဲ ကစားရန် ကျန်ရှိနေချိန်တွင် ပီအက်စ်ဗီက အိုင်းယက်စ်အား တစ်မှတ်အသာဖြင့် ဦးဆောင်လျက်ရှိသည်။ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပေးမည့် ရာသီပိတ်ပွဲစဉ်အဖြစ် မေ ၁၈ ရက်တွင် ပီအက်စ်ဗီက စပါတာ ရော့တာဒမ်နှင့်လည်းကောင်း၊ အိုင်းယက်စ်က အက်ဖ်စီတွမ်တီးနှင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ (Xinhua)


……………………..
(English Version)
Real Madrid win prolongs Barca’s title wait, Las Palmas down in Spain
FC Barcelona will have to wait until at least Thursday night to confirm this season’s La Liga title after a goal from Real Madrid youngster Jacobo Ramon gave his side a 2-1 win at home to Mallorca on Wednesday night.
The B-team player scored with a flick over Mallorca goalkeeper Leo Roman in virtually the last second of a game that looked to be heading for a draw that would have made Barcelona champions before its game at Espanyol on Thursday.
Mallorca took the lead against an injury-hit Madrid side when Martin Valjent opened the scoring in the 11th minute.
Endrick, Jude Bellingham and Mbappe all saw efforts saved by Roman, who was Mallorca’s best player with 11 saves on the night.
Mbappe finally hit the back of the net midway through the second half, and Madrid kept up the pressure until Ramon’s goal.
Villarreal moved level on points with fourth-placed Athletic Bilbao with an impressive win at home to Leganes.
Ayoze Perez scored on 22 and 30 minutes to give Villarreal a comfortable lead, with Nicolas Pepe making it 3-0 on the stroke of half-time. The result means Leganes is staring relegation in the face after Alaves won 1-0 at home to Valencia.
Wednesday’s results mean Las Palmas is mathematically relegated after Tuesday’s 1-0 defeat to Sevilla, which is now safe from the drop.
…..
FIFA President Infantino targets 1bn USD revenue for Women’s WC
FIFA’s President Gianni Infantino said world football’s governing body is targeting one billion U.S. dollars revenue for the Women’s World Cup, with all the money to be put back into the growth of women’s football.
The 2023 Women’s games hosted in Australia and New Zealand generated more than 570m U.S. dollars in revenue and the 2027 edition will be held in Brazil. Infantino said there is huge potential for the sport to generate revenue outside Europe.
“The global football GDP (gross domestic product) in one year today is around 270 billion U.S. dollars, of which about 70 percent is produced in Europe,” he said at the Saudi-U.S. Investment Forum in Riyadh on Wednesday.
“If the rest of the world, in particular Saudi Arabia or the United States, would do just 20 percent of what Europe does in soccer, we [could reach an amount of over] half a trillion or more of GDP impact. The potential for football is huge.”
The FIFA Council had decided to expand the 2031 Women’s World Cup from 32 to 48.
…..
China’s Zheng beats Sabalenka for the first time to reach Italian Open semifinals
China’s Zheng Qinwen claimed a straight-sets victory over top seed Aryna Sabalenka in the quarterfinals of the WTA Italian Open on Wednesday, reaching the semifinals of a WTA 1000 event for the third time in her career.
The two players had met six times previously, with Sabalenka winning on each occasion. This match marked their first encounter on clay.
“Finally, I broke through! I’ve always known I have the ability to beat anyone, and I’m really happy that I truly did it today,” said Zheng after the match. In the semifinals, Zheng will face fourth seed Coco Gauff
…..
PSV overtakes Ajax ahead of Eredivisie final round after late drama in Groningen
PSV Eindhoven moved to the top of the Eredivisie on Wednesday night with a 4-1 win over Heracles Almelo, while Ajax conceded a dramatic last-minute equalizer in a 2-2 draw at FC Groningen.
PSV, who had led Ajax by nine points in December, found themselves nine points behind by late March. Now, with one match remaining, they sit one point ahead. PSV will visit Sparta Rotterdam on Sunday, while Ajax host FC Twente in the title-deciding final round.