China
စိတ်ဝင်စားဖွယ်ရာအထူးထုတ်ကုန်များက တရုတ်နိုင်ငံနှင့် CEEC အကြား ပွင့်လင်းမှုကို အလေးထားဖော်ပြသလို ကုန်သွယ်မှုအလားအလာကိုလည်း ဖွင့်လှစ်ပေး

နင်းပေါ၊ မေ ၂၃ ရက် (ဆင်ဟွာ)
ဝိုင်များနှင့် ဒိန်ခဲများကဲ့သို့ ရိုးရာထုတ်ကုန်ပစ္စည်းများမှသည် VR မျက်မှန်များကဲ့သို့ နောက်ဆုံးပေါ်အမျိုးအစားစုံ ပစ္စည်းများအထိ အထူးထုတ်ကုန်ပစ္စည်း ၈,၀၀၀ ကျော်ဖြင့် စတုတ္ထအကြိမ်မြောက် တရုတ်-ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံများ (CEEC) ကုန်စည်ပြပွဲနှင့် နိုင်ငံတကာစားသုံးသူကုန်ပစ္စည်းပြပွဲသည် မေ ၂၂ ရက်၌ ၎င်း၏ကန့်လန့်ကာကို ဖွင့်လှစ်ခဲ့ကာ တရုတ်နိုင်ငံနှင့် CEEC အကြား ကျယ်ပြန့်လှသော ပူးပေါင်းဆောင်ရွက်မှုကို ထုတ်ဖော်ပြသခဲ့သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ နင်းပေါမြို့တွင် မေ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပမည့် အဆိုပါ ကုန်စည်ပြပွဲသည် CEEC နိုင်ငံ ၁၄ နိုင်ငံနှင့် ယူကေ၊ ပြင်သစ်၊ ဂျာမနီနှင့် အီတလီ အပါအဝင် အခြားနိုင်ငံ ၉ နိုင်ငံမှ စီးပွားရေးလုပ်ငန်း ၄၃၅ ခုအား ဆွဲဆောင်ထားနိုင်ခဲ့သည်။
ထို့ပြင် စုစုပေါင်း ပြည်တွင်းကုမ္ပဏီ ၁,၀၂၈ ခုကလည်း ပြည်တွင်းစက်မှုလုပ်ငန်းအမျိုးမျိုးနှင့် အပြိုင်အဆိုင်ထုတ်လုပ်ထားသော စားသုံးသူကုန်ပစ္စည်းများကို ကုန်စည်ပြပွဲ၌ ထည့်သွင်းပြသလျက်ရှိသည်။ ၎င်းကုန်စည်ပြပွဲက နိုင်ငံနှင့် ဒေသ ၇၂ ခုမှ ပြည်ပဝယ်လက် ၃,၀၀၀ ကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့သည်။ ကုန်စည်ပြပွဲအတွင်း CEEC မိတ်ဖက်များနှင့် ယွမ် ၁၀ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၃၉ ဘီလီယံခန့်) ရှိသော သွင်းကုန် ပဏာမသဘောတူစာချုပ်များကိုလည်း ချုပ်ဆိုနိုင်မည်ဟု မျှော်မှန်းထားကြောင်း ကုန်စည်ပြပွဲ ဖြစ်မြောက်ရေးစီစဉ်သူများက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3On
……………………………………..
(English Version)
Featured products highlight openness, unlock trade potential between China, CEEC
NINGBO, May 23 (Xinhua) — With over 8,000 featured products on display, from traditional goods like wines and cheese to cutting-edge varieties like VR glasses, the 4th China-CEEC Expo & International Consumer Goods Fair unveiled its curtain on Thursday, unleashing vast cooperation potential between China and Central and Eastern European Countries (CEEC).
The expo, running from Thursday to Sunday in Ningbo, east China’s Zhejiang Province, has attracted 435 enterprises from 14 CEEC countries and nine other countries, including the UK, France, Germany and Italy.
A total of 1,028 domestic companies are also attending the event, showcasing local distinctive industries and competitive consumer goods. The event also attracts more than 3,000 overseas buyers from 72 countries and regions. Tentative import deals worth over 10 billion yuan (about 1.39 billion U.S. dollars) are expected to be reached with CEEC partners during the event, according to the organizers. xhtxs.cn/3On
Photo 1: A Polish merchant promotes his cheese to visitors during the 4th China-CEEC Expo & International Consumer Goods Fair in Ningbo, east China’s Zhejiang Province, May 22, 2025. (Xinhua/Huang Zongzhi)