Connect with us

International Organizations

၂၀၂၅ ခုနှစ် မေ ၂၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— အန်ဆယ်လော့တီအား ဘရာဇီးလက်ရွေးစင်အသင်း မန်နေဂျာအဖြစ် တရားဝင်မိတ်ဆက်၊ ကမ္ဘာ့ဖလား ရယူရန် ရည်မှန်းဟု အန်ဆယ်လော့တီ ပြော
ဘရာဇီးလက်ရွေးစင်အသင်း နည်းပြချုပ်သစ် ဖြစ်လာသူ ကာလို အန်ဆယ်လော့တီက ၎င်း၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ ဘရာဇီးအသင်း ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်မှုပေးကာ ဘောလုံးလောက၏ ထိပ်တန်းအဆင့်သို့ ပြန်လည်ရောက်ရှိနိုင်ရန် ၂၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရမှုကို အဆုံးသတ်ပေးရန်ပင်ဖြစ်ကြောင်း မေ ၂၆ ရက်က ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်အား နည်းပြအဖြစ် နှစ်ကြိမ်ကိုင်တွယ်ခဲ့ရာတွင် ဆုဖလား ၁၅ လုံး ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အသင်းနှင့် လမ်းခွဲခဲ့ပြီး နှစ်ရက်အကြာတွင် ရီယိုဒီဂျနေးရိုးမြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအတွင်း အန်ဆယ်လော့တီအား ဘရာဇီးနည်းပြသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
“ကမ္ဘာ့အကောင်းဆုံး နိုင်ငံလက်ရွေးစင်အသင်းရဲ့ မန်နေဂျာဖြစ်ခွင့်ရတာက ဂုဏ်ယူစရာပါပဲ” ဟု အသက် ၆၅ နှစ်အရွယ် အန်ဆယ်လော့တီက ပြောကြားခဲ့သည်။ “အားလုံးက ကျွန်တော့်အပေါ် မျှော်လင့်ထားတဲ့ အရာနဲ့ပတ်သက်ပြီး လုံးဝသံသယမဖြစ်မိပါဘူး။ ကျွန်တော့်ရည်မှန်းချက်ကတော့ လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်ပွဲခံနိုင်ဖို့နဲ့ ဘရာဇီးအသင်း ထိပ်တန်းအဆင့် ပြန်ရောက်လာအောင် ကူညီပေးဖို့ပါပဲ။ အဲဒီအခွင့်အရေးအတွက် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်” ဟု ၎င်းက ဆိုသည်။
ဗျူနိုအေးရိစ်မြို့တွင် အာဂျင်တီးနားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၁-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ထုတ်ပယ်ခံခဲ့ရသည့် ဘရာဇီးနည်းပြ ဒိုရီဗာ ဂျူနီယာ၏နေရာတွင် အန်ဆယ်လော့တီအား ယခုလအစောပိုင်းက အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
…..
— ဟိုင်ဒန်ဟိမ်းအသင်းက ဆိုင်ယန်ဇာ၏ နောက်ကျအနိုင်ဂိုးဖြင့် ဘွန်ဒက်စ်လီဂါတွင် ဆက်လက်ကျန်ရစ်
မေ ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါ တန်းတက်/တန်းဆင်း play-off ပွဲစဉ် ဒုတိယအကျော့တွင် ဟိုင်ဒန်ဟိမ်းအသင်းက SV Elversberg အား ၂-၁ ဂိုးဖြင့် အနိုင်ယူကာ SV Elversberg ၏ ဘွန်ဒက်စ်လီဂါသို့ တန်းတက်နိုင်ရေး အိပ်မက်များကို ပျက်သုဉ်းစေခဲ့သည်။ အဆိုပါပွဲစဉ်တွင် လီယို ဆိုင်ယန်ဇာက ပွဲကစားချိန် ၉၅ မိနစ်တွင် အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
ယခုအနိုင်ရလဒ်မှာ ဟိုင်ဒန်ဟိမ်းအနေဖြင့် ဘွန်ဒက်စ်လီဂါ play-off ပွဲစဉ်အဖြစ် ၁၇ ကြိမ် ယှဉ်ပြိုင်ရာတွင် ၁၄ ကြိမ် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး လိဂ်ပြိုင်ပွဲ၏ သက်တမ်းအကြာဆုံး မန်နေဂျာဖြစ်သည့် ဖရန့်ရှမစ်မှာလည်း ၎င်း၏ စံချိန်ကောင်းကို ဆက်လက်ထိန်းထားနိုင်ခဲ့သည်။
…..
— လေဗာကူဆင်အသင်း နည်းပြချုပ်အဖြစ် အဲရစ်တန်ဟက်အား ခန့်အပ်
ဘွန်ဒက်စ်လီဂါတွင် ဒုတိယရရှိခဲ့သည့် လေဗာကူဆင်အသင်းက နည်းပြချုပ်သစ်အဖြစ် အဲရစ်တန်ဟက်အား ခန့်အပ်လိုက်ကြောင်း ကလပ်အသင်းက မေ ၂၆ ရက်၌ အတည်ပြုကြေညာခဲ့သည်။ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားသည့် နည်းပြဖြစ်သူ ဇာဘီ အလွန်ဆို၏နေရာတွင် တန်ဟက်အား အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အား နောက်ဆုံးကိုင်တွယ်ခဲ့သည့် အသက် ၅၅ နှစ်အရွယ် ဒတ်ချ်နည်းပြမှာ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိသော စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဇူလိုင် ၁ ရက်တွင် အသင်းအား စတင်တာဝန်ယူမည်ဖြစ်ကာ ဩဂုတ် ၁၅ ရက်မှ ၁၈ ရက်အထိ ယှဉ်ပြိုင်ကစားမည့် DFB ဖလားပြိုင်ပွဲ ပထမအဆင့်တွင် ပွဲဦးထွက် ကိုင်တွယ်သွားမည်ဖြစ်သည်။
…..
— ပထမဆုံးအကြိမ် အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အာရှဘောလုံးလောက ဖွံ့ဖြိုးမှုအတွက် သမိုင်းမှတ်တိုင်ဖြစ်ဟု အေအက်ဖ်စီ ချီးကျူး
မေ ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပထမဆုံးအကြိမ် အေအက်ဖ်စီ အမျိုးသမီးချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မိနစ် ၁၂၀ ကြာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး စိတ်လှုပ်ရှားဖွယ် ပင်နယ်တီခြောက်ကြိမ်အထိ ကန်သွင်းပြီးနောက် Wuhan Jiangda အသင်းက ချန်ပီယံဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့သည်။
ဘောလုံးရသများကို ပေးစွမ်းနိုင်ခဲ့သည့် အဆိုပါ ဗိုလ်လုပွဲမှာ အာရှအမျိုးသမီး ဘောလုံးလောက၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် အလားအလာကို ပြသလျက်ရှိပြီး အာရှဘောလုံးအဖွဲ့ချုပ် (AFC) ကလည်း အဆိုပါပြိုင်ပွဲမှာ အာရှဘောလုံးလောက ခရီးရှည်အတွက် ကြီးမားသော ရှေ့ပြေးခြေလှမ်းဖြစ်သည်ဟု ချီးကျူးခဲ့သည်။ (Xinhua)

………………..
(English Version)
Ancelotti unveiled as Brazil manager, eyes World Cup glory
Carlo Ancelotti said Monday that his sole aim as Brazil’s new head coach is to lead the team to its sixth World Cup title, ending a 24-year wait to return to football’s summit.
Ancelotti was officially unveiled at a news conference in Rio de Janeiro, two days after ending his tenure at Real Madrid, where he won 15 trophies across two spells.
“It’s an honor to be manager of the best national team in the world,” the 65-year-old said. “I don’t have any doubt about what is expected of me. The goal is to win the World Cup next year, to help Brazil get back to the top. I’m excited about the opportunity.”
Ancelotti was appointed earlier this month to replace Dorival Junior, who was dismissed after Brazil’s 4-1 World Cup qualifying defeat to Argentina in Buenos Aires.
…..
Scienza’s late goal helps Heidenheim stay in Bundesliga
Leo Scienza scored a 95th-minute goal as Heidenheim shattered SV Elversberg’s Bundesliga dreams with a 2-1 win in the second leg of their promotion/relegation play-off on Monday.
The result marked Heidenheim’s 14th successful Bundesliga play-off in 17 attempts since the format’s reintroduction, as coach Frank Schmidt, the league’s longest-serving manager, maintained his top-flight record.
…..
Erik ten Hag named new Bayer Leverkusen head coach
Bayer Leverkusen has appointed Erik ten Hag as its new head coach, following the departure of Xabi Alonso to Real Madrid, the Bundesliga runner-up announced on Monday.
The 55-year-old Dutchman, who most recently managed the Premier League team Manchester United, has signed a contract until 2027. He will take charge on 1 July, with his first competitive match scheduled for the first round of the DFB Cup between 15 and 18 August.
…..
AFC hails inaugural Women’s Champions League as milestone in Asian football growth
After 120 grueling minutes of play and six nerve-shredding rounds of penalties, Wuhan Jiangda hoisted the trophy of the inaugural AFC Women’s Champions League on Saturday.
The gripping finale showcased the competitiveness and promise of Asian women’s football, with the Asian Football Confederation (AFC) hailing the event as a major step forward in Asia’s footballing journey.