Connect with us

Africa & Middle East

ဂါဇာအပစ်အခတ်ရပ်စဲရေး မူဘောင်အတွက် အမေရိကန် သံတမန်နှင့် သဘောတူညီမှု ရရှိခဲ့ဟု ဟားမက်စ်အဖွဲ့ ပြော

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဂျဘာလီယာ ဒုက္ခသည်စခန်းအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီးနောက် မီးခိုးလုံးများ တက်လာပုံကို ၂၀၂၅ ခုနှစ် မေ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ မေ ၂၉ ရက် (ဆင်ဟွာ)
ဂါဇာအပစ်အခတ်ရပ်စဲရေး အထွေထွေမူဘောင်နှင့် ပတ်သက်၍ အမေရိကန်၏ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နှင့် သဘောတူညီမှုရရှိခဲ့ကြောင်း ဟားမက်စ်အဖွဲ့က ဇွန် ၂၈ ရက်၌ တရားဝင်ထုတ်ပြန်ခဲ့သည်။
အဆိုပါမူဘောင်၌ အစ္စရေးဓားစာခံ ၁၀ ဦးနှင့် ရုပ်အလောင်းအချို့အား ပြန်လည်လွှဲပြောင်းပေးရေး၊ အပြန်အလှန်အနေဖြင့် စေ့စပ်ညှိနှိုင်းသူများက အာမခံထားသည့်အတိုင်း သဘောတူထားသော ပါလက်စတိုင်း အကျဉ်းသားအရေအတွက်ကို ပြန်လွှတ်ပေးရေးတို့ ပါဝင်ကြောင်း ဟားမက်စ်၏ အဆိုအရ သိရသည်။
မိမိတို့အနေဖြင့် ယင်းမူဘောင်နှင့် ပတ်သက်၍ အပြီးသတ်တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြောင်း၊ ဂါဇာကမ်းမြောင်ဒေသ၌ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲအား ရပ်တန့်နိုင်ရေးအတွက် အပြင်းအထန် ကြိုးပမ်းလျက်ရှိကြောင်း ဟားမက်စ်အဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ မူဘောင်အရ အမြဲတမ်း အပစ်အခတ်ရပ်စဲရေး၊ ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတပ်ဖွဲ့ဝင်များ အလုံးစုံရုပ်သိမ်းရေး၊ အကူအညီများ အဆက်မပြတ် ဝင်ရောက်နိုင်ရေး၊ သဘောတူညီချက်အား ကြေညာပြီးပြီးချင်းမှာပင် ဂါဇာဒေသ၏ အရေးကိစ္စများကို ထိန်းချုပ်စီမံမည့် အတတ်ပညာရှင် ကော်မတီတစ်ရပ် ဖွဲ့စည်းရေးတို့ကို သေချာစွာဆောင်ရွက်နိုင်မည်ဟု ဟားမက်စ်အဖွဲ့က ဆိုသည်။
အမည်မဖော်လိုသည့် ဟားမက်စ် တာဝန်ရှိသူတစ်ဦးကလည်း ဟားမက်စ်အဖွဲ့အနေဖြင့် ဂါဇာ အပစ်အခတ်ရပ်စဲရေးအတွက် ဝစ်ကော့ဖ်၏ အဆိုပြုချက်အား သဘောတူညီခဲ့ကြောင်း မေ ၂၆ ရက်က ပြောကြားခဲ့သည်။
သို့ရာတွင် ဝစ်ကော့ဖ်က ဟားမက်စ်အနေဖြင့် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လွှတ်ပေးရေး သဘောတူညီချက်နှင့် သက်ဆိုင်သော ၎င်း၏ အဆိုပြုချက်အား လက်ခံခဲ့သည်ဆိုသော သတင်းများကို ငြင်းဆန်ခဲ့သည်။
အစ္စရေးအစိုးရက ယင်းအဆိုပြုချက်အပေါ် တရားဝင် သဘောထားထုတ်ပြန်ခြင်း မရှိသေးသော်လည်း အစ္စရေးဘက်က ယင်းအဆိုပြုချက်အား ပယ်ချပြီး လက်ခံမည်မဟုတ်ကြောင်း တာဝန်ရှိသူများ၏ အဆိုကိုကိုးကား၍ ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။ (Xinhua)
……………………….
(English Version)
Hamas says reaches agreement with U.S. envoy over Gaza ceasefire framework
GAZA, May 28 (Xinhua) — Hamas said in an official statement on Wednesday that it has reached an agreement with U.S. Special Envoy to the Middle East Steve Witkoff on a general framework for Gaza ceasefire.
According to Hamas, the framework includes the release of 10 Israeli hostages and several bodies, in exchange for the release of an agreed-upon number of Palestinian prisoners, guaranteed by mediators.
Hamas said it is awaiting a final response to this framework, adding that “it is making significant efforts to halt the brutal war on the Gaza Strip.”
The group said the framework “will ensure a permanent ceasefire, a complete withdrawal of Israeli forces from the Gaza Strip, the flow of aid, and a professional committee assuming control of the Strip’s affairs immediately after the agreement is announced.”
A Hamas official, who requested anonymity, said on Monday that Hamas has agreed to a proposal presented by Witkoff for a ceasefire in Gaza.
However, Witkoff denies that Hamas has accepted his proposal for a ceasefire and hostage release deal, according to the Axios news site.
Israel has not yet announced its official position on the proposal, while Israeli media outlets have quoted officials as saying that Israel rejects the proposal and will not accept it.
English Caption
Smoke rises following an Israeli airstrike in Jabalia refugee camp, northern Gaza Strip, on May 27, 2025. (Photo by Mahmoud Zaki/Xinhua)