Connect with us

International Organizations

၂၀၂၅ ခုနှစ် မေ ၂၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲတွင် ချဲလ်ဆီးအသင်း အနိုင်ရရှိခဲ့ပြီး ယူအီးအက်ဖ်အေ၏ အဓိကပြိုင်ပွဲ လေးခုစလုံးတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်သည့် အသင်းဖြစ်လာ
မေ ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ကွန်ဖရန့်စ်လိဂ် ဗိုလ်လုပွဲတွင် ချဲလ်ဆီးအသင်းက ရီးရဲလ်ဘက်တစ်အား ၄-၁ ဂိုးဖြင့် အနိုင်ယူကာ ယူအီးအက်ဖ်အေ၏ အဓိကပြိုင်ပွဲ လေးခုစလုံးနှင့် ဖီဖာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်လာသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
၂၀၂၁ ခုနှစ်တွင် စတင်ကျင်းပခဲ့သည့် ယူအီးအက်ဖ်အေ၏ တတိယအဆင့် ပြိုင်ပွဲဖြစ်သော ကွန်ဖရန့်စ်လိဂ်မှာ ချဲလ်ဆီးအသင်း မရရှိသေးသည့် တစ်ခုတည်းသော ဥရောပဆုဖလားဖြစ်သည်။ အဆိုပါ လန်ဒန်မြို့ခံအသင်းမှာ ၂၀၁၂ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၃ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် ယူရိုပါလိဂ်ဆုဖလားကို ရယူနိုင်ခဲ့သလို ယခုအခါတွင် ကျင်းပခြင်းမရှိတော့သည့် Cup Winners’ Cup ဆုဖလားကိုလည်း ၁၉၇၁ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်တို့တွင် ကိုင်မြှောက်နိုင်ခဲ့သည်။ ထို့အတူ ချဲလ်ဆီးအသင်းမှာ ကလပ်ကမ္ဘာ့ဖလားကိုလည်း ၂၀၂၂ ခုနှစ်က ရယူနိုင်ခဲ့သည်။
ပွဲကစားချိန် ကိုးမိနစ်တွင် အစ္စကိုက ချဲလ်ဆီးနောက်ခံလူများကြားမှ ခင်းပေးလိုက်သော ဘောလုံးကို အက်ဇာဇူလီက ချဲလ်ဆီးဂိုးသမား ဖိလစ် ယော်ဂန်ဆင်ကိုကျော်၍ ဘယ်ခြေဖြင့် အနိမ့်ကန်သွင်းခဲ့ရာ ဘက်တစ်တို့ စောစောစီးစီး ဦးဆောင်ဂိုးရရှိခဲ့သည်။
ချဲလ်ဆီးအသင်းမှာ ပထမပိုင်းတွင် အခွင့်အရေးများ ဖန်တီးနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း ဒုတိယပိုင်းတွင် ပွဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပွဲကစားချိန် ၆၅ မိနစ်တွင် ကိုးလ်ပါမာ၏ ဖြတ်တင်ဘောအား အန်ဇို ဖာနန်ဒက်ဇ်က ခေါင်းတိုက်၍ ချေပဂိုးသွင်းယူခဲ့သည်။ ကိုးလ်ပါမာမှာ ယခုပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့သည်။
ငါးမိနစ်အကြာတွင် ပါမာက နောက်ခံလူတစ်ဦးကို ကျော်ဖြတ်၍ ညာခြမ်းမှ အတွင်းသို့ချိုးပေးခဲ့ရာ နစ်ကိုးလပ်စ် ဂျက်ဆင်က အနီးကပ်ပိတ်သွင်းနိုင်ခဲ့သဖြင့် ချဲလ်ဆီးအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။
ထို့နောက် ပွဲကစားချိန် ၈၃ မိနစ်တွင် ကီဘာနန် ဒူးစ်ဘရီ-ဟောလ်က တန်ပြန်တိုက်စစ်ကို ဦးဆောင်လျက် ဂျေဒန် ဆန်ချိုထံ ပေးပို့ခဲ့ရာ ဆန်ချိုက အဝေးထောင့်ဆီသို့ ဝေ့ဝိုက်ကန်သွင်းခဲ့သဖြင့် ချဲလ်ဆီးအသင်း ၃-၁ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။ နာကျင်အချိန်ပိုတွင် မွိုက်စ် ကိုင်စီဒိုက ဂိုးဧရိယာအစပ်မှ ကန်သွင်း၍ စတုတ္ထဂိုး သွင်းယူခဲ့သည်။
…..
— အာဆင်နယ်အသင်းက ရီးရဲလ် ဆိုစီဒက်အသင်းမှ စပိန်လက်ရွေးစင် ဇူဘီမန်ဒီအား ခေါ်ယူနိုင်ရန် နီးစပ်နေ
ပရီးမီးယားလိဂ် အသင်းကြီးတစ်သင်းဖြစ်သည့် အာဆင်နယ်က ရီးရဲလ် ဆိုစီဒက်အသင်းမှ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီအား ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ (အမေရိကန်ဒေါ်လာ ၆၈ သန်း) ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ဇူဘီမန်ဒီမှာ ဆေးစစ်မှုခံယူရန် လန်ဒန်သို့ ရောက်ရှိနေပြီဖြစ်ကာ လာမည့်နာရီပိုင်းအတွင်း အပြောင်းအရွှေ့အား အပြီးသတ်နိုင်ဖွယ်ရှိကြောင်း စပိန်မီဒီယာများကရော ဗြိတိန်မီဒီယာများကပါ ဖော်ပြလျက်ရှိသည်။
၂၀၂၄ ခုနှစ် နွေရာသီ၌ မစ်ကယ် မယ်ရီနို ဆိုစီဒက်မှ အာဆင်နယ်သို့ ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်အကြာတွင် ဆိုစီဒက်အသင်းမှ ဒုတိယမြောက် စပိန်ကွင်းလယ်ကစားသမားတစ်ဦး အာဆင်နယ်သို့ ပြောင်းရွှေ့မှု ဖြစ်လာမည်ဖြစ်သည်။
အာဆင်နယ်အနေဖြင့် ၎င်းအား အသင်း၏ တစ်ဦးတည်းသော holding midfielder စစ်စစ်ဖြစ်သည့် သောမတ်စ် ပါတေး၏နေရာတွင် အစားထိုးမှုအဖြစ် ရှုမြင်လျက်ရှိသည်။
အသက် ၂၆ နှစ်အရွယ် ဇူဘီမန်ဒီမှာ ရီးရဲလ်ဆိုစီဒက်၏ လူငယ်အသင်းမှ ထွန်းတောက်လာခဲ့သူဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကုန်၌ ပထမအသင်းအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့ကာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတွင် ပထမအသင်း၌ အခိုင်အမာနေရာရလာခဲ့သည်။
၎င်းအနေဖြင့် ဆိုစီဒက် ပထမအသင်းတွင် ၂၃၂ ပွဲ ပါဝင်ကစားခဲ့ကာ သွင်းဂိုး ၁၀ ဂိုး သွင်းယူနိုင်ခဲ့သလို စပိန်အသင်းအတွက်လည်း ၁၇ ပွဲ ပါဝင်ကစားထားကြောင်း သိရသည်။
…..
— ဂုဏ်သိက္ခာကြီးမားသော Princess of Asturias Award ဆုအား ဆရီနာ ဝီလီယမ်စ် ဆွတ်ခူး
အမေရိကန် တင်းနစ်အကျော်အမော် ဆရီနာ ဝီလီယမ်စ်မှာ ၂၀၂၅ ခုနှစ်အတွက် Princess of Asturias Award ဆုရှင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရကြောင်း သိရသည်။
ဂရင်းစလင်းပြိုင်ပွဲများတွင် ၂၃ ကြိမ် ချန်ပီယံဖြစ်ခဲ့ပြီး တင်းနစ်လောက၏ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်သူ ဆရီနာမှာ အခြားသော Princess of Asturias Award ဆုရှင်များဖြစ်သည့် စပိန်ကြက်တောင်အားကစားမယ် ကာရိုလီနာ မာရင်၊ တာဝေးအပြေးသမား Eliud Kipchoge ၊ Olympic Refugee Foundation နှင့် နှင်းလျှောစီးအားကစားမယ် လင်ဆီဗွန်းတို့၏ ခြေရာကိုနင်းကာ စပိန်နိုင်ငံတွင် နှစ်စဉ်ပေးအပ်လေ့ရှိသော ဂုဏ်သိက္ခာအကြီးဆုံးဆုဟု ဆိုရမည့် အဆိုပါဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
Princess of Asturias Awards ဆုမှာ အားကစား၊ သဟဇာတဖြစ်မှု၊ ဆက်ဆံရေးနှင့် ကိုယ်ချင်းစာမှု၊ စာပေ၊ လူမှုရေးသိပ္ပံ၊ အနုပညာ၊ နည်းပညာနှင့် သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု စသော ကဏ္ဍအမျိုးအစား ရှစ်မျိုးအတွက် ပေးအပ်ခြင်းဖြစ်ကာ ဆုပေးပွဲအခမ်းအနားအား အောက်တိုဘာလအတွင်း အက်စတူးရီးယက်စ်ဒေသ အိုဗီယေဒိုမြို့၌ ကျင်းပလေ့ရှိကြောင်း သိရသည်။
…..
— တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန် ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ တတိယအဆင့်သို့ တက်ရောက်
မေ ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်အိုးပင်း ဒုတိယအဆင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ နာမည်ကြီးတင်းနစ်မယ် ကျိန့်ချင်းဝန်က ကိုလံဘီယာတင်းနစ်မယ် အမ်မီလီယာနာ အာရန်ဂိုအား ၆-၂၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့သည်။
အိုလံပစ်ချန်ပီယံဖြစ်သူ ကျိန့်မှာ ပွဲစဉ်တစ်လျှောက်လုံး လက်ရည်အသာစီးဖြင့် ယှဉ်ပြိုင်သွားခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ အသက် ၂၄ နှစ်အရွယ် အာရန်ဂိုအား အခွင့်အရေး များများစားစားမပေးခဲ့ဘဲ စိုးမိုးထားနိုင်ခဲ့သည်။
ကျိန့်ချင်းဝန်မှာ ပြင်သစ်အိုးပင်း တတိယအဆင့်ပွဲစဉ်အဖြစ် ဂျာမနီတင်းနစ်မယ် အီဗာလေးစ်အား ၆-၄၊ ၆-၄ ဖြင့် နှစ်ပွဲပြတ်အနိုင်ရခဲ့သည့် ကနေဒါတင်းနစ်မယ် ဗစ်တိုးရီးယား အမ်ဘိုကိုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ (Xinhua)

(250528) — PARIS, May 28, 2025 (Xinhua) — Zheng Qinwen celebrates after the women’s singles 2nd round match between Zheng Qinwen of China and Emiliana Arango of Colombia at the French Open tennis tournament at Roland Garros, Paris, France, May 28, 2025. (Xinhua/Li Jing)

………………………..
(English Version)
Chelsea completes set of UEFA titles with Conference League win
Chelsea became the first club to win all four major UEFA competitions and the FIFA Club World Cup after defeating Real Betis 4-1 in the UEFA Conference League final on Wednesday.
The Conference League – UEFA’s third-tier tournament founded in 2021 – was the only European title missing from Chelsea’s collection. The London club previously won the Champions League in 2012 and 2021, the Europa League in 2013 and 2019, and the now-defunct Cup Winners’ Cup in 1971 and 1998. Chelsea also won the Club World Cup in 2022.
Betis struck early, with Isco splitting the defense in the ninth minute to find Abdessamad Ezzalzouli, who slotted a low left-footed shot past goalkeeper Filip Jorgensen.
Chelsea struggled to create chances in the first half but turned the match around after the break. Enzo Fernandez equalized in the 65th minute, heading in a cross from Cole Palmer, who was later named Player of the Match.
Five minutes later, Palmer danced past a defender on the right wing and cut back for Nicolas Jackson, who finished from close range to give Chelsea the lead.
In the 83rd minute, Kiernan Dewsbury-Hall led a counterattack and teed up Jadon Sancho, who curled a shot into the far corner to make it 3-1. Moises Caicedo added a fourth in stoppage time with a sweeping strike from the edge of the area.
…..
Arsenal on the verge of signing Real Sociedad’s Spain international Zubimendi
Arsenal is close to completing a deal to sign Spain international midfielder Martin Zubimendi for a fee of 60 million euros (68 million US dollars) from Real Sociedad.
Both the Spanish and UK media report Zubimendi is in London to have his medical check, with the deal expected to be completed in the coming hours.
He will be the second Spain international midfielder to join Arsenal from Real Sociedad in a year after Mikel Merino made the same move in the summer of 2024.
Arsenal views him as a replacement for Thomas Partey, who is currently the only true holding midfielder at the club.
26-year-old Zubimendi progressed through the Real Sociedad youth system, making his first team debut at the end of the 2017-18 season, becoming established in the first team in the 2020-21 campaign.
He has made 232 first team appearances, scoring 10 goals, while he has also played 17 times for Spain.
…..
Serena Williams wins prestigioius 2025 Princess of Asturias Sports Award
American tennis star, Serena Williams has been nominated as the winner of the Princess of Asturias Award for Sports for 2025.
The winner of 23 Grand Slam tournaments, who is an icon in the game of tennis, follows the footsteps of other winners, such as Spanish badminton player Carolina Marin, distance runner, Eliud Kipchoge, the Olympic Refugee Foundation and skier Lindsey Vonn, in winning arguably the most prestigious awards given on a yearly basis in Spain.
The Princess of Asturias Awards are given in eight categories (Sports, Concord, Communication and Humanities, Literature, Social Sciences, Arts, Technical and Scientific Research and International Cooperation), with the awards given in a ceremony held in the city of Oviedo in the region of Asturias in October.
…..
China’s Zheng advances into women’s singles third round of French Open
Chinese sensation Zheng Qinwen beat Emiliana Arango of Colombia 6-2, 6-3 in the women’s singles second round of the French Open on Wednesday.
Olympic champion Zheng took an upper hand throughout the match and didn’t give the 24-year-old Arango many chances to bounce back.
In the third round, Zheng will confront Canadian player Victoria Mboko who just defeated Germany’s Eva Lys in straight sets 6-4, 6-4.