Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ပစိဖိတ်ကျွန်းနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများအား လက်ခံတွေ့ဆုံ

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့၌ ကျင်းပသည့် တတိယအကြိမ် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်လာသည့် မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး လော်ရင် အက်စ်ရောဘတ်အား တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ လက်ခံတွေ့ဆုံနေသည်ကို ၂၀၂၅ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှမန်၊ မေ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့၌ ကျင်းပသော တတိယအကြိမ်မြောက် တရုတ်-ပစိဖိတ်ကျွန်းနိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်လာသည့် ပြည်ပဧည့်သည်တော်များအား မေ ၂၉ ရက်က အသီးသီး လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအနေဖြင့် အပြန်အလှန်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှု ခိုင်မာအားကောင်းစေရေး၊ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိစေရေးအတွက် အရေးပါသော ဘုံသဘောတူညီမှု ရရှိခဲ့သည်ဟု မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု (FSM) နိုင်ငံခြားရေးဝန်ကြီး လော်ရင် အက်စ်ရောဘတ်နှင့် တွေ့ဆုံစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံအားပေးကြောင်း မိုက်ခရိုနီးရှား ကွန်ဂရက်လွှတ်တော်က အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အား ကြိုဆိုပါကြောင်း၊ မိုက်ခရိုနီးရှားအနေဖြင့် ထိုင်ဝမ်ဒေသနှင့် သက်ဆိုင်သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်အပေါ် ခိုင်ခိုင်မာမာ ဆက်လက်ထောက်ခံမည်ဟု ယုံကြည်ပါကြောင်း ဝမ်က ဆိုသည်။
တရုတ်နိုင်ငံသည် အခြေခံအဆောက်အအုံ၊ ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်မှု၊ အဏ္ဏဝါသုတေသန စသော အဓိကနယ်ပယ်များတွင် မိုက်ခရိုနီးရှားနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဘက်စုံ မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် အားပေးမြှင့်တင်ရန် အသင့်ရှိသည်ဟု ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုအခါ မိုက်ခရိုနီးရှား နိုင်ငံခြားရေးဝန်ကြီး လော်ရင် အက်စ်ရောဘတ်က နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့်အပေါ် ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး မိုက်ခရိုနီးရှားအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို မမှိတ်မသုန် စောင့်ထိန်းမည်ဟု ကတိကဝတ်ပြုကြောင်း အခိုင်အမာပြောကြားခဲ့သည်။ ထို့အတူ မိုက်ခရိုနီးရှားအနေဖြင့် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဘက်စုံ မိတ်ဖက်ဆက်ဆံရေး ဆက်လက်တိုးမြှင့်ရန် ဆန္ဒရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ‌ဗနွားတူနိုင်ငံ နိုင်ငံခြားရေး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်ပကုန်သွယ်ရေးဝန်ကြီး မက်ခ်အက်တီနှင့် တွေ့ဆုံရာ၌ ဝမ်က တရုတ်-ဗနွားတူ မဟာဗျူဟာမြောက် ဘက်စုံ မိတ်ဖက်ဆက်ဆံရေးမှာ နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ လမ်းညွှန်မှုအောက်တွင် စဉ်ဆက်မပြတ် တိုးတက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။
ဗနွားတူနိုင်ငံတွင် ဖေဖော်ဝါရီလ၌ အစိုးရသစ် စတင်တာဝန်ယူပြီးနောက် တရုတ်နိုင်ငံအပေါ် အပြုသဘောဆောင်၍ ချစ်ကြည်ရင်းနှီးသော မူဝါဒကို ဆက်လက်ထိန်းသိမ်းခဲ့ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံက အသိအမှတ်ပြုကြောင်း ဝမ်က ဆိုသည်။ နှစ်နိုင်ငံအနေဖြင့် အဆင့်အသီးသီး၌ ကူးလူးဆက်ဆံမှုများ ခိုင်မာအားကောင်းစေရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန် ထိုအခွင့်အရေးအား လက်မလွတ်တမ်း အသုံးချသင့်ကြောင်း ၎င်းက အလေးထားပြောဆိုခဲ့သည်။
တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုက ဗနွားတူ ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေရုံသာမက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယုံကြည်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုတို့ကိုလည်း မြှင့်တင်ပေးလျက်ရှိသည်ဟု အက်တီက ဆိုသည်။
‌ဗနွားတူ အစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်ခိုင်မာမာ ကျင့်သုံးလျက်ရှိကာ တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရေး၊ အပြန်အလှန် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်များ (FTAs) အတွက် ဆွေးနွေးညှိနှိုင်းမှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ ပညာရေး၊ အခြေခံအဆောက်အအုံ၊ ကျန်းမာရေး၊ ဥပဒေစိုးမိုးရေး စ‌သည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကာ ပိုမိုသာယာဝပြောသည့် အနာဂတ်ဆီသို့ လျှောက်လှမ်းရေးအတွက် အသင့်ရှိပါကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3Ze


……………………………..
(English Version)
Chinese FM meets counterparts from Pacific Island countries
XIAMEN, May 29 (Xinhua) — Chinese Foreign Minister Wang Yi on Thursday held respective meetings with foreign guests attending the Third China-Pacific Island Countries Foreign Ministers’ Meeting in Xiamen, Fujian Province.
When meeting with the Federated States of Micronesia’s (FSM) Secretary of Foreign Affairs Lorin S. Robert, Wang, who is also a member of the Political Bureau of the Communist Party of China Central Committee, said that the two heads of state had reached an important consensus on strengthening mutual trust and friendship, and on deepening mutually beneficial cooperation.
China appreciates the resolution passed by the Congress of the FSM in support of the one-China principle, and believes that the FSM will continue to support China’s just position on Taiwan-related issues firmly, Wang said.
China is ready to expand cooperation with the FSM in key areas such as infrastructure, climate change response and marine research, and promote the continuous development of the comprehensive strategic partnership between the two countries, he added.
Robert extended his congratulations on the successful conclusion of the foreign ministers’ meeting and affirmed the FSM’s steadfast commitment to the one-China principle. The country is willing to continue developing its comprehensive strategic partnership with China, he added.
When meeting with Vanuatu’s Minister of Foreign Affairs, International Cooperation and External Trade Marc Ati, Wang said that the China-Vanuatu comprehensive strategic partnership has continued to develop under the guidance of the leaders of the two countries.
Since the new government of Vanuatu took office in February, it has maintained a positive, friendly policy on China, which China appreciates, Wang said. The two countries should seize this opportunity to strengthen exchange at all levels and expand practical cooperation, he noted.
Ati said that China’s support not only helps Vanuatu improve its people’s livelihoods, but also enhances its confidence and resilience in development.
Vanuatu’s government adheres firmly to the one-China principle, and is ready to strengthen the synergy of development strategies with China, accelerate negotiations for bilateral free trade agreements (FTAs), promote cooperation in such fields as education, infrastructure, health and law enforcement, and move toward a more prosperous future, Ati said. xhtxs.cn/3Ze
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with Federated States of Micronesia’s Secretary of Foreign Affairs Lorin S. Robert attending the Third China-Pacific Island Countries Foreign Ministers’ Meeting in Xiamen, southeast China’s Fujian Province, May 29, 2025. (Xinhua/Ding Lin)