Connect with us

China

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်း ဆွစ်ဇာလန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံသို့ သွားရောက်ကာ ကုန်သွယ်စီးပွား ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဖြစ်သလို ၁၀ ကြိမ်မြောက် တရုတ်-ပြင်သစ် အဆင့်မြင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲ၌လည်း ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မည်

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ဟယ်လိဖုန်းသည် ဆွစ်ဇာလန်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ မေ ၉ ရက်မှ ၁၂ ရက်အထိ ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၇ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
၎င်းအနေဖြင့် ဆွစ်ဇာလန်နိုင်ငံ ခေါင်းဆောင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဆွစ်ဇာလန် ခရီးစဉ်အတွင်း တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဓိက တာဝန်ရှိပုဂ္ဂိုလ်ဖြစ်သည့် ဟယ်မှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ အဓိက တာဝန်ရှိပုဂ္ဂိုလ်ဖြစ်သူ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
၎င်းအနေဖြင့် ၁၀ ကြိမ်မြောက် တရုတ်-ပြင်သစ် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲအား ပူးတွဲသဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ရန် မေ ၁၂ ရက်မှ ၁၆ ရက်အထိ ပြင်သစ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
He Lifeng to travel to Switzerland and France, have a high level meeting with the U.S. on economic and trade affairs and co-chair the 10th China-France High Level Economic and Financial Dialogue
BEIJING, May 7 (Xinhua) — Chinese Foreign Ministry spokesperson announced here on Wednesday that at the invitation of the government of Switzerland, He Lifeng, a member of the Political Bureau of the Communist Party of China Central Committee and Vice Premier of the State Council will visit Switzerland from May 9 to 12.
He will hold talks with Swiss leaders and relevant parties, the spokesperson said.
During his visit to Switzerland, He, as the Chinese lead person for China-U.S. economic and trade affairs, will have a meeting with the U.S. lead person Treasury Secretary Scott Bessent.
From May 12 to 16, He will be in France to co-chair with the French side the 10th China-France High Level Economic and Financial Dialogue, said the spokesperson.