Connect with us

China

တရုတ်နိုင်ငံ မြောက်ပိုင်းရှိ သဲကန္တာရများတွင် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများက သဲဖုံးနေသော မြေပြင်အား “ပင်လယ်ပြာများ” အဖြစ် အသွင်ပြောင်းလဲပေး

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Kubuqi သဲကန္တာရရှိ နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတစ်ခုအား ၂၀၂၅ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူးဟော့၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မြစ်ဝါမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသများ၌ ဂေဟဗေဒဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိကာ စုစုပေါင်း မူ (Mu) ၁၄.၈၉ သန်း (၉၉၂,၆၆၇ ဟက်တာခန့်) လွှမ်းခြုံမှုရှိသော မြေယာဖော်ယူမှုများ လုပ်ဆောင်ခဲ့သည်။
Kubuqi နှင့် Ulan Buh သဲကန္တာရတို့တွင် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများဖြင့် သဲသောင်ထိန်းချုပ်ရေးပုံစံကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်လျက် သဲဖုံးနေသော မြေနေရာများကို အစိမ်းရောင်စွမ်းအင်များ ပြည့်နှက်နေသော “ပင်လယ်ပြာကြီး” အဖြစ် အသွင်ပြောင်းပေးလျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Dalad Banner နယ်မြေ Kubuqi သဲကန္တာရ၌ နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်း တည်ဆောက်ရန် သဲဖုံးနေသော မြေပြင်အား စက်ယန္တရားများဖြင့် မြေညှိနေပုံကို ၂၀၂၅ ခုနှစ် ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Kubuqi သဲကန္တာရရှိ နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းတစ်ခု၌ ဆိုလာပြားများ တပ်ဆင်နေသည့် ဝန်ထမ်းများကို ၂၀၂၅ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(English Version)
Photovoltaic projects transform sandy terrain into “blue seas” in north China’s deserts
HOHHOT, June 9 (Xinhua) — In recent years, north China’s Inner Mongolia Autonomous Region has made all-out efforts to tackle the ecological challenges in the areas along the Yellow River, and has treated land covering a total of 14.89 million mu (about 992,667 hectares).
In deserts of Kubuqi and Ulan Buh, the sand control model with photovoltaic projects has been widely implemented, transforming stretches of sandy terrain into vast “blue seas” brimming with green energy.
English Caption 1
An aerial drone photo taken on June 7, 2025 shows a photovoltaic project in Kubuqi Desert in north China’s Inner Mongolia Autonomous Region. (Xinhua/Lian Zhen)
English Caption 2
An aerial drone photo taken on June 7, 2025 shows machineries leveling sandy land for the construction of a photovoltaic project in Kubuqi Desert in Dalad Banner of north China’s Inner Mongolia Autonomous Region. (Xinhua/Li Zhipeng)
English Caption 3
Workers install photovoltaic panels at a photovoltaic project in Kubuqi Desert, north China’s Inner Mongolia Autonomous Region, June 6, 2025. (Xinhua/Gao Wei)