Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇွန် ၁၀ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ရာဖင်ညာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ဟု အန်ဆယ်လော့တီ ချီးကျူး
ပါရာဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ဘရာဇီးအသင်းအတွက် ပြန်လည်ကစားနိုင်ရန် ပြင်ဆင်နေသည့် ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ကြောင်း ဘရာဇီးလက်ရွေးစင်အသင်း နည်းပြဖြစ်သူ ကာလို အန်ဆယ်လော့တီက ချီးကျူးပြောဆိုခဲ့သည်။
ရာဖင်ညာမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဂွါယာကီမြို့တွင် ဇွန် ၅ ရက်က အီ‌ကွေဒေါအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် ပွဲစဉ်အား လွဲချော်ခဲ့ပြီးနောက် ဆော်ပေါ်လိုမြို့ရှိ ကော်ရင်သီယန်စ် အားကစားကွင်း၌ ပါရာဂွေးအသင်းနှင့် ပွဲစဉ်တွင် ပွဲထွက်ပါဝင်လာဖွယ်ရှိသည်။
“ရာဖင်ညာ ပြန်လာနိုင်တာ သိပ်ကိုကောင်းပါတယ်။ သူဟာ လက်ရှိမှာ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေထဲကတစ်ယောက် ဖြစ်တယ်ဆိုတာကို သက်သေပြပြီးပါပြီ” ဟု အန်ဆယ်လော့တီက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရာဖင်ညာအနေဖြင့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၌ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ၌ ၅၇ ပွဲ ပါဝင်ကစားခဲ့ရာ ၃၄ ဂိုး သွင်းယူနိုင်ခဲ့သည်။
လိဒ်ယူနိုက်တက် ကစားသမားဟောင်းဖြစ်သည့် အသက် ၂၈ နှစ်အရွယ် ရာဖင်ညာမှာ နိုင်ငံအသင်းအတွက်လည်း တောက်လျှောက်ခြေစွမ်းပြနေသူဖြစ်ကာ လက်ရှိယှဉ်ပြိုင်ကစားနေသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ငါးဂိုးသွင်းယူထားပြီး ဘရာဇီးအသင်း၏ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်လျက်ရှိသည်။
…..
— ဝုဗ်နောက်ခံလူ အေ့ထ်နူရီကို မန်စီးတီးအသင်း ခေါ်ယူ
ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာစီးတီးအသင်းက ဝူလ်ဗာဟမ်တန်အသင်းမှ အယ်လ်ဂျီးရီးယား ဘယ်နောက်ခံလူ ရာယန် အေ့ထ်နူရီအား ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။
အေ့ထ်နူရီမှာ ပြီးခဲ့သည့် သီတင်းပတ်ကုန်၌ ဆေးစစ်မှုအောင်မြင်ခဲ့ပြီးနောက် ငါးနှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းဖြစ်ပြီး မန်စီးတီးအနေဖြင့် အဆိုပါ ကစားသမားအတွက် ပေါင် ၃၁ သန်း (အမေရိကန်ဒေါ်လာ ၄၂ သန်း) ပေးချေရမည်ဖြစ်သည်။
“ရာယန် အေ့ထ်နူရီကို ဝူ‌လ်ဗာဟမ်တန်အသင်းကနေ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဝမ်းမြောက်စွာ ကြေညာချင်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဘယ်နောက်ခံလူဟာ အီတီဟက်ဒ် အားကစားကွင်းမှာ ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး သူဟာ ၂၀၃၀ ပြည့်နှစ် နွေရာသီအထိ အသင်းမှာရှိနေမှာပါ” ဟု မန်စီးတီးအသင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
“ဒါက လွယ်ကူတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ အစကတည်းက ကျွန်တော့်ရွေးချယ်မှုက မန်ချက်စတာစီးတီးအသင်းပါပဲ။ ကျွန်တော် ဒီအသင်းမှာကစားချင်တယ်လို့ ကျွန်တော့်မိသားစုကို ပြောခဲ့ပါသေးတယ်။ ကျွန်တော် သူတို့ရဲ့ကစားဟန်ကို သဘောကျတယ်။ ဒီအသင်းကိုရောက်လာလို့ ကျွန်တော် သိပ်ပျော်ပါတယ်။ ကျွန်တော့်အတွက် ကြီးမားတဲ့ ပျော်ရွှင်စရာတစ်ခုပါပဲ” ဟု အေ့ထ်နူရီက ဆိုသည်။
၎င်းအနေဖြင့် ပြီးခဲ့သည့်ရာသီ၌ ထိပ်တန်းအဆင့် ဘယ်နောက်ခံလူ လိုအပ်ခဲ့သည့် မန်စီးတီးအသင်းအတွက် ဟန်ချက်ညီအောင် စွမ်းဆောင်ပေးနိုင်ဖွယ်ရှိပြီး ၎င်းမှာ ယခုနွေရာသီ၌ မန်စီးတီးအသင်း ပထမဆုံးခေါ်ယူခဲ့သည့် ကစားသမား ဖြစ်လာခဲ့သည်။
ဖီလာဒဲလ်ဖီးယားမြို့တွင် ဇွန် ၁၈ ရက်၌ မော်ရိုကိုကလပ် Wydad AC အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် မန်စီးတီးအသင်း၏ ဖီဖာကလပ်ကမ္ဘာ့ဖလား ပထမဆုံးပွဲစဉ်အမီ ယခုအပြောင်းအရွှေ့ကို အပြီးသတ်နိုင်ခဲ့သဖြင့် အေ့ထ်နူရီမှာ အဆိုပါပြိုင်ပွဲ၌ ဝင်ရောက်ကစားခွင့် ရရှိမည်ဖြစ်သည်။
…..
— အာဂျင်တီးနားကြယ်ပွင့် မာစတန်တူနို ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခြင်းက ကြီးမားသော ခြေလှမ်းဖြစ်ဟု စကာလိုနီ ချီးကျူး
အာဂျင်တီးနားအသင်း နည်းပြဖြစ်သူ လီယွန်နယ် စကာလိုနီက ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့တော့မည့် ရေးဗားပလိတ် ဆယ်ကျော်သက် ကွင်းလယ်ကစားသမား ဖရန်ကို မာစတန်တူနိုအား ဇွန် ၉ ရက်က ချီးကျူးပြောဆိုခဲ့သည်။
စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အနေဖြင့် အဆိုပါ အသက် ၁၇ နှစ်အရွယ် ကြယ်ပွင့်ကစားသမားအား ပြောင်းရွှေ့ကြေး အမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဟု သတင်းများတွင် ဖော်ပြလျက်ရှိသည်။ မာစတန်တူနိုမှာ ဆန်တီယာဂိုတွင် ဇွန် ၅ ရက်က ချီလီအသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ အာဂျင်တီးနားအသင်းအတွက် ပွဲဦးထွက် ပါဝင်ကစားခွင့်ရခဲ့သူဖြစ်သည်။
“ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တာက ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုပါပဲ” ဟု အိမ်ကွင်း၌ ကိုလံဘီယာအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ စကာလိုနီက ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ကမ္ဘာ့အကောင်းဆုံး ဒါမှမဟုတ် ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းတွေထဲက တစ်သင်းအကြောင်းကို ပြောနေတာပါ။ ဒါက သူ့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါပဲ။ သူ့အသက်က ၁၇ နှစ်ပဲ ရှိပါသေးတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
…..
— ပြင်သစ်အိုးပင်းတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဝင်ဘယ်ဒန်အိုးပင်းအတွက် ကျိန့်ချင်းဝန် ပြန်လည်အာရုံစိုက်နေ
အိုလံပစ်ချန်ပီယံ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က ၎င်းအနေဖြင့် ပြင်သစ်အိုးပင်း ကွာတားဖိုင်နယ်၌ ရှုံးနိမ့်ခဲ့ပြီးနောက် လာမည့် မြက်ခင်းကွင်းပြိုင်ပွဲ ရာသီအတွက် ပြန်လည်အာရုံစိုက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
အသက် ၂၂ နှစ်အရွယ် ကျိန့်မှာ ဇွန် ၃ ရက် ပြင်သစ်အိုးပင်း ကွာတားဖိုင်နယ်ပွဲစဉ်၌ ကမ္ဘာ့အဆင့်-၁ တင်းနစ်မယ် အရီနာ ဆာဘလန်ကာကို နှစ်ပွဲပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
“ကျွန်မ အဲဒီပွဲစဉ်မှာ အခွင့်အရေးတွေအများကြီးကို ဖြုန်းတီးခဲ့တယ်” ဟု ကျိန့်က ဇွန် ၈ ရက်၌ ပြောကြားခဲ့ပြီး ၎င်းအနေဖြင့် ပြီးခဲ့သည့်နှစ် ပဲရစ်အိုလံပစ်ပြိုင်ပွဲ၌ အလားတူ မြေစေးကွင်းမှာပင် အောင်ပွဲခံနိုင်ခဲ့သည်ဟု ပြန်ပြောင်းပြောဆိုခဲ့သည်။ “ကျွန်မ အရှုံးကနေ သင်ခန်းစာရခဲ့ပါတယ်။ အလားတူအခြေအနေမျိုးနဲ့ ထပ်ပြီးကြုံရတိုင်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်ထိန်းပြီး စိတ်ကိုထိန်းချုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


………………………………………………………………………………………….
(English Version)
Ancelotti: Raphinha among world’s best
Brazil national team manager Carlo Ancelotti has hailed Raphinha as one the best players in the world as the Barcelona forward prepares to return for a World Cup qualifier against Paraguay.
Raphinha is set to start Tuesday’s clash at Corinthians Arena in Sao Paulo after missing Brazil’s goalless draw with Ecuador in Guayaquil last Thursday due to suspension.
“It’s great that Raphinha is back,” Ancelotti told a news conference. “He has shown that he is one of the best players in football at the moment.”
Raphinha enjoyed a breakout season in 2024-25 with 34 goals in 57 games across all competitions for Barcelona.
The 28-year-old former Leeds United player has also been a consistent performer at international level and is Brazil’s top scorer in the current qualifying campaign with five goals.
…..
Man City signs defender Ait Nouri from Wolves
Manchester City has completed the signing of Algerian left-back Rayan Ait Nouri from Wolverhampton Wanderers.
Ait Nouri has agreed a five-year contract after passing a medical over the weekend and will cost City 31 million pounds (42 million U.S. dollars).
“Manchester City is delighted to announce the signing of Rayan Ait Nouri from Wolverhampton Wanderers. The 24-year-old left-back has penned a five-year deal at the Etihad Stadium, meaning he will remain at the club until the summer of 2030,” informs the Man City website.
“It was an easy decision. My choice was Manchester City in the beginning – what I said with my family, I want to play for this team – I like how they play. I am very happy to be here – it is a big pleasure for me,” said Ait Nouri.
The defender should give balance to a team that lacked a specialist left-back last season and he becomes the club’s first signing of the summer.
Ait Nouri’s deal has been finalized in time for him to take part in the FIFA Club World Cup, with City’s first match against Moroccan side Wydad AC in Philadelphia on June 18.
…..
Scaloni: Mastantuono’s Real Madrid move ‘huge’
Argentina manager Lionel Scaloni heaped praise on teenager Franco Mastantuono on Monday ahead of the River Plate midfielder’s expected move to Real Madrid.
The Spanish club has reportedly agreed to a deal worth 45 million U.S. dollars for the 17-year-old, who made his international debut in Argentina’s 1-0 win over Chile in Santiago last Thursday.
“Going to Real Madrid is a huge thing,” Scaloni told a news conference on the eve of Argentina’s home World Cup qualifier against Colombia.
“We’re talking about the best or one of the best clubs in the world. It’s a huge step for him and obviously he’s still only 17.”
…..
Zheng Qinwen refocusing on Wimbledon after French Open loss
China’s Olympic champion Zheng Qinwen says she is refocusing her efforts on the upcoming grass-court season after defeat in the quarterfinals at the French Open.
Zheng, 22, lost to world No.1 Aryna Sabalenka in straight sets at Roland Garros on Tuesday.
“I blew so many chances during the match,” recalled Zheng on Sunday, after having triumphed on the same clay court at the Paris Olympics last year. “I did learn a lesson from the defeat. I hope whenever I’m in the same situation again, I can keep calm and control my nerves.”