Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇွန် ၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပီအက်စ်ဂျီက အင်တာမီလန်ကို ဂိုးပြတ်အနိုင်ယူ၍ ချန်ပီယံလိဂ် ဆုဖလားကို ပထမဆုံးအကြိမ်ဆွတ်ခူး
မေ ၃၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီက အင်တာမီလန်ကို ၅-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ အသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ်ဆုဖလားကို ရယူနိုင်ခဲ့ပြီး ဥရောပအောင်မြင်မှုအား ကာလကြာမြင့်စွာ ရှာဖွေမှုကို အဆုံးသတ်နိုင်ခဲ့သည်။

ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအနေဖြင့် ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး အက်ခရက်ဖ် ဟာကီမီက ပွဲကစားချိန် ၁၂ မိနစ်မှာပင် ၎င်း၏အသင်းဟောင်းကို ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ခုနစ်မိနစ်အကြာတွင် ၁၉ နှစ်အရွယ် ဒီဆရဲဒူးက တည်တည်ငြိမ်ငြိမ် အဆုံးသတ်၍ ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သလို ဒုတိယပိုင်း ၆၃ မိနစ်တွင်လည်း ၎င်းက အနိုင်ဂိုးတစ်ဂိုး ထပ်မံသွင်းယူခဲ့သည်။ သို့ဖြစ်ရာ ၎င်းအနေဖြင့် ၁၉၆၂ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် ဘင်ဖီကာကစားသမား အူဆီဘီယိုနောက်ပိုင်း ထိုကဲ့သို့ စွမ်းဆောင်နိုင်သည့် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့သည်။

ပီအက်စ်ဂျီအသင်းက အင်ပြည့်အားပြည့် pressing ကစားဟန်၊ ပြေပြစ်ညက်ညောသည့် တိုက်စစ်ဆင် ကစားဟန်တို့ဖြင့် အင်တာမီလန်ကို စိုးမိုးထားနိုင်ခဲ့ရာ အင်တာမီလန်အနေဖြင့် တည်ကန်ဘောများမှတစ်ဆင့် ရံဖန်ရံဖန် ခြိမ်းခြောက်နိုင်ရုံမှလွဲ၍ အပိုင်အခွင့်အရေးများကို ဖန်တီးနိုင်ရန် ရုန်းကန်ခဲ့ရသည်။ ပီအက်စ်ဂျီဂိုးသမား ဂီယန်လူဂီ ဒွန်နာရမ်မာကလည်း ဂိုးပေါက်ကို ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရခြင်းမရှိဘဲ ပီအက်စ်ဂျီကသာ တစ်ပွဲလုံးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

ပွဲကစားချိန် ၇၃ မိနစ်တွင် သေသပ်လှပသည့် တန်ပြန်တိုက်စစ်မှတစ်ဆင့် ခဗီချာ ခဗာရာစခီလီယာက စတုတ္ထအနိုင်ဂိုး သွင်းယူခဲ့သလို လူစားဝင်ကစားသမား ဆန်နီ မာယူလူက ပုံမှန်ပွဲကစားချိန် ပြီးဆုံးရန် လေးမိနစ်အလိုတွင် ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။

သို့ဖြစ်ရာ ၂၀၁၅ ခုနှစ်တွင် ဘာစီလိုနာအသင်းနှင့်အတူ ဖလားသုံးလုံး ရယူခဲ့သည့် ပီအက်စ်ဂျီနည်းပြ လူးဝစ်စ် အန်နရီကေးအနေဖြင့် ပက်ပ် ဂွါဒီယိုလာနည်းတူ မတူညီသည့် ကလပ်အသင်းနှစ်သင်းနှင့် ဖလားသုံးလုံး ကိုင်မြှောက်နိုင်သည့် နည်းပြနှစ်ဦးထဲမှ တစ်ဦးအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။
…..
— အေဂျက်စ်အသင်းက ကစားသမားဟောင်းဖြစ်သူ ဟိုက်တင်ဂါအား နည်းပြသစ်အဖြစ် ခန့်အပ်
နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းက ကစားသမားဟောင်းတစ်ဦးဖြစ်သည့် အသက် ၄၁ နှစ်အရွယ် ဂျွန်ဟိုက်တင်ဂါအား နည်းပြချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း မေ ၃၁ ရက်က ကြေညာခဲ့ပြီး စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ် နှစ်လယ်ပိုင်းအထိဖြစ်ကြောင်း သိရသည်။

ဟိုက်တင်ဂါအနေဖြင့် အေဂျက်စ်အား တစ်ရာသီသာ ကိုင်တွယ်ပြီးနောက် မမျှော်လင့်ဘဲ အသင်းမှထွက်ခွာသွားသည့် ဖရန်ဆက်စကို ဖာရီအိုလီ၏နေရာကို ဆက်ခံမည်ဖြစ်သည်။ ဖာရီအိုလီလက်ထက်တွင် အေဂျက်စ်အသင်းမှာ ၂၀၂၃-၂၀၂၄ ရာသီ၏ စိတ်ပျက်ဖွယ် အခြေအနေမှ ရုန်းထနိုင်ခဲ့ကာ နယ်သာလန်ထိပ်တန်းလိဂ်၌ ထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီး ရာသီကုန်ရန် ငါးပွဲအလိုအထိ ပီအက်စ်ဗီအား ကိုးမှတ်အသာဖြင့် ဦးဆောင်ထားခဲ့သော်လည်း နောက်ပိုင်းတွင် ခြေချော်သွားခဲ့သဖြင့် ပီအက်စ်ဗီက အေဂျက်စ်ထက် တစ်မှတ်အသာဖြင့် ချန်ပီယံဖြစ်ခဲ့သည်။

ဟိုက်တင်ဂါမှာ လွန်ခဲ့သည့် ဘောလုံးရာသီနှစ်၌ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်း၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး လောလောလတ်လတ်အနေဖြင့် နည်းပြအာနယ်ဆလော့၏ လီဗာပူးလ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူခဲ့သူလည်းဖြစ်သည်။ ၎င်းအနေဖြင့် အင်္ဂလန်သို့ မရောက်ရှိမီ ၂၀၂၃ ခုနှစ်က အေဂျက်စ်အသင်းအား ယာယီနည်းပြအဖြစ် လအတန်ကြာ ကိုင်တွယ်ခဲ့သည်။
…..
— ဘာစီလိုနာအသင်း ဂိုးသမား တာစတီဂျန်အပေါ် ယုံကြည်မှုရှိကြောင်း နာဂယ်စ်မန်း ပြော
ယူအီးအက်ဖ်အေ နေးရှင်းလိဂ် နောက်ဆုံးအဆင့် ပွဲစဉ်များအတွက် ဂျာမနီလက်ရွေးစင်အသင်းတွင် ပြန်လည်ပါဝင်လာမည့် မာ့ခ်-အန်ဒရေ တာစတီဂျန်အနေဖြင့် ပရိသတ်များ၏ ဩဘာပေးမှုကိုရော နည်းပြဖြစ်သူ၏ ယုံကြည်မှုကို အချိန်ကိုက်ရရှိထားသည်။

အသက် ၃၃ နှစ်အရွယ် ဘာစီလိုနာဂိုးသမားမှာ Herzogenaurach မြို့၌ ပြုလုပ်သည့် လေ့ကျင့်ရေးအစီအစဉ်အတွက် ကွင်းထဲသို့ ရောက်ရှိလာချိန်တွင် ပွဲကြည့်စင်ပေါ်မှ ပရိသတ်များက နွေးထွေးလှိုက်လှဲစွာ လက်ခုပ်တီး၍ ကြိုဆိုခဲ့ရာ ဒဏ်ရာကြောင့် ရှစ်လကြာ အနားယူခဲ့ရပြီးနောက် ၎င်းဘောလုံးပြန်ကစားနိုင်မည့်အချိန်ကို ပရိသတ်များက မည်မျှမျှော်လင့်တောင့်တနေသည်ကို ပြသလျက်ရှိသည်။

ဂျာမနီလက်ရွေးစင်အသင်း နည်းပြဖြစ်သူ ဟူလီယန် နာဂယ်စ်မန်းက အသင်းအတွက် ၄၂ ပွဲ ပါဝင်ကစားထားသည့် စတီဂျန်မှာ အသင်းအတွက် အငြင်းပွားဖွယ်မရှိ နံပါတ်တစ်ဦးစားပေးဖြစ်သည်ဟု ပြောကြားခဲ့သည်။

တာစတီဂျန်မှာ မြူးနစ်မြို့တွင် ဇွန် ၄ ရက်၌ ပေါ်တူဂီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ဂျာမနီအသင်း၏ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ပြန်လည်ထူထောင်ရေး အစီအစဉ်များကို အပြင်းအထန် လုပ်ဆောင်ခဲ့ရသည်။
…..
— တရုတ်ထိပ်တန်း အပျော်တမ်း အမျိုးသမီးဂေါ့ဖ်ကစားသမား ကျိုးရှိယွမ် CLPG Tour ဆုဖလားကို တတိယအကြိမ်ဆွတ်ခူး
မေ ၃၁ ရက်က တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ရှမန်မြို့တွင် ကျင်းပခဲ့သည့် Zhu Chun Strait Cup အမျိုးသမီးအိုးပင်း ဂေါ့ဖ်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ထိပ်တန်း အပျော်တမ်း အမျိုးသမီးဂေါ့ဖ်ကစားသမား ကျိုးရှိယွမ်က သတ်မှတ်ရိုက်ချက် ၆၈ ချက်ထက် လေးချက်လျှော့ရိုက်နိုင်ခဲ့ကာ နှစ်ချက်အသာဖြင့် ၎င်းအတွက် တတိယမြောက် CLPG Tour ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ (Xinhua)

……………………………………(English Version)
PSG claims maiden Champions League title in emphatic fashion
Paris Saint-Germain ended its long quest for European glory with a commanding 5-0 triumph over Inter Milan in Munich on Saturday, capturing its first-ever Champions League title in record-breaking fashion.
The French champion started strong, securing an early lead when Achraf Hakimi scored in the 12th minute against his former club. Just seven minutes later, 19-year-old Desire Doue doubled the lead with a composed finish, before adding another goal midway through the second half. This feat made him the youngest player since Benfica’s Eusebio in 1962 to score twice in a Champions League final.
PSG’s high-intensity pressing and fluid attacking style overwhelmed Inter, who struggled to produce clear-cut chances despite occasional threats from set pieces. While Gianluigi Donnarumma remained largely untroubled in goal, PSG maintained control throughout the match.
Khvicha Kvaratskhelia contributed a fourth goal in the 73rd minute following a slick counterattack, and substitute Senny Mayulu completed the rout with four minutes to go.
Coach Luis Enrique, who won the treble with Barcelona in 2015, now joins Pep Guardiola as one of only two managers to achieve that feat with two different clubs.
…..
Ajax presents former player Heitinga as new coach
Ajax announced the appointment of John Heitinga as the new head coach on Saturday, with the 41-year-old former player signing a contract through mid-2027.
Heitinga succeeds Francesco Farioli at Ajax, who unexpectedly departed after just one season. Under Farioli, Ajax recovered from a disappointing 2023-2024 season to lead the Dutch top flight by nine points over PSV with five rounds remaining. However, Ajax faltered in the final phase of the season, allowing reigning champion PSV to finish first once more.
For the past two seasons, Heitinga served as an assistant coach at West Ham United and most recently at Liverpool, where he won the Premier League title under head coach Arne Slot. Prior to his time in England, he was interim head coach of Ajax for several months in 2023.
…..
Nagelsmann expresses confidence in Barca goalkeeper Ter Stegen
As Marc-Andre ter Stegen makes his return to the German national team for the UEFA Nations League Finals, the cheers of the fans and his coach’s vote of confidence may have come at the right time.
When the 33-year-old Barcelona goalkeeper stepped onto the field for a public training session in Herzogenaurach, a wave of warm applause erupted from the stands, showing fans’ great anticipation ahead of his return after an eight-month injury break.
German national team coach Julian Nagelsmann referred to the 42-time capped player as “our undisputed number one.”
Ahead of Germany’s semifinal against Portugal next Wednesday in Munich, Ter Stegen has undergone an energy-sapping rehabilitation.
…..
Top amateur golfer Zhou wins third CLPG Tour title in Xiamen
Zhou Shiyuan, China’s top female amateur, captured her third CLPG Tour title against a pro field on Saturday, when the Chongqing teenager carded a four-under 68 to win the Zhu Chun Strait Cup Women’s Open by two strokes in Fujian Province.