Connect with us

China

ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင် တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောများ လေ့ကျင့်မှုပြုလုပ်

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောနှစ်စင်းဖြစ်သည့် လျောင်နင်နှင့် ဆန်းတုန်းတို့ ပါဝင်သော ရေယာဉ်စုသည် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနှင့် အခြား ရေပြင်နယ်နိမိတ်တို့တွင် မကြာမီက လေ့ကျင့်မှုပြုလုပ်ခဲ့သည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေတပ်) ပြောရေးဆိုခွင့်ရှိသူက ဇွန် ၁၀ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်တင်သင်္ဘောနှစ်စင်း ပါဝင်သော ရေယာဉ်စု၏ လေ့ကျင့်မှုများမှာ အလှမ်းကွာဝေးသော ပင်လယ်ပြင်နယ်နိမိတ်အား ကာကွယ်ခြင်းနှင့် ပူးတွဲတိုက်ခိုက်ရေးစွမ်းရည်များကို စမ်းသပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ Wang Xuemeng က ဆိုသည်။
နှစ်စဉ်ပြုလုပ်မြဲ အစီအစဉ်အတိုင်း စီစဉ်ပြုလုပ်သည့် အဆိုပါ ပုံမှန်လုပ်ရိုးလုပ်စဉ် လေ့ကျင့်မှုအား သက်ဆိုင်ရာ နိုင်ငံတကာဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်ပစ်မှတ်ကိုမှ ဦးတည်ခြင်းမရှိကြောင်း Wang က ပြောကြားခဲ့သည်။ (Xinhua)


……………………
(English Version)
Chinese aircraft carriers conduct training in Western Pacific
BEIJING, June 10 (Xinhua) — A Chinese navy spokesperson on Tuesday said that two Chinese aircraft carrier formations, Liaoning and Shandong, recently conducted training in the Western Pacific and other waters.
The drills of the two aircraft carrier formations aimed to test far seas protection and joint combat capabilities, said Wang Xuemeng, the spokesperson.
This routine training, organized in accordance with the annual schedule, is in line with relevant international laws and practices, and it is not directed at any specific country or target, Wang said.