China
Ultra-high voltage စီမံကိန်းသစ်က တရုတ်နိုင်ငံ ရှင်းကျန်းဒေသမှ ချုံချင့်မြို့အထိ လျှပ်စစ်ဓာတ်အားပေးပို့မှု စတင်

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ လေအားနှင့် ဆိုလာစွမ်းအင် ကြွယ်ဝသော ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လျှပ်စစ်ဓာတ်အားကို ကီလိုမီတာ ၂,၂၆၀ အကွာရှိ စွမ်းအင်လိုအပ်ချက်ရှိသော ချုံချင့်မြို့သို့ မျက်စိတစ်မှိတ် လျှပ်တပြက် အချိန် ၀.၀၀၇ စက္ကန့်အတွင်း လျှပ်စစ်ဓာတ်အားများ ပေးပို့နိုင်ခဲ့သည်။
ရှင်းကျန်းဒေသ Hami မြို့အား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့နှင့် ချိတ်ဆက်ထားသော ±800 ကေဗီ ultra-high voltage (UHV) direct current (DC) လျှပ်စစ်ဓာတ်အားသွယ်တန်းရေးစီမံကိန်း လုပ်ငန်းလည်ပတ်မှုကို တရုတ်နိုင်ငံ မဟာဓာတ်အားလိုင်းကော်ပိုရေးရှင်းက ဇွန် ၁၀ ရက်၌ ကြေညာခဲ့သည်။
ယင်းမှာ စွမ်းအင်ကြွယ်ဝသော ရှင်းကျန်းဒေသမှ တရုတ်နိုင်ငံ၏ အခြားဒေသများဆီသို့ လျှပ်စစ်ဓာတ်အားသွယ်တန်းမှု၏ တတိယမြောက် အဓိကစီမံကိန်းတစ်ခုလည်း ဖြစ်သည်။
ရှင်းကျန်းဒေသသည် တရုတ်နိုင်ငံ အနောက်မှ အရှေ့သို့ လျှပ်စစ်ဓာတ်အားသွယ်တန်းရေး အစီအစဉ်၌ အဓိကကျသော ပေးပို့မှု အချက်အချာနေရာတစ်ခု ဖြစ်သည်။ အသစ်သွယ်တန်းလိုက်သော ဓာတ်အားလိုင်းသည် ချုံချင့်မြို့၏ လျှပ်စစ်ဓာတ်အားစင်တာသို့ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၃၆ ဘီလီယံကျော် ပေးပို့နိုင်မည်ဟု မျှော်မှန်းထားပြီး ယင်းအနက် ထက်ဝက်ကျော်မှာ စွမ်းအင်သစ်အရင်းအမြစ်များမှ ရရှိခြင်းဖြစ်သည်။ အဆိုပါ စွမ်းအင်သစ်များကို အသုံးပြုခြင်းသည် ကျောက်မီးသွေး တန်ချိန် ၆ သန်းခန့် ချွေတာခြင်းနှင့် ညီမျှသလို ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု တန်ချိန် ၁၆ သန်းခန့် လျှော့ချခြင်းနှင့် ညီမျှကြောင်း သိရသည်။
ထိုစီမံကိန်းသည် ရှင်းကျန်းဒေသနှင့် ချုံချင့်မြို့ နှစ်ခုလုံးရှိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြုမည်ဖြစ်ကာ ဒေသတွင်း ညှိနှိုင်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးပြီး ကျေးလက်ဒေသ ပြန်လည်သက်ဝင်ရှင်သန်ရေးအား အဆင်ပြေချောမွေ့စေကာ ပြည်သူများ၏ လူမှုဘဝဖူလုံရေး တိုးတက်ကောင်းမွန်ရန် အထောက်အကူဖြစ်စေမည်ဟု မျှော်မှန်းထားကြောင်း ကော်ပိုရေးရှင်းက ဆိုသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4hI

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Hami မြို့ရှိ Hami-ချုံချင့် ±800 ကေဗီ ultra-high voltage (UHV) direct current (DC) လျှပ်စစ်ဓာတ်အားသွယ်တန်းခြင်း စီမံကိန်း၏ အကူကိရိယာလိုင်းများကို ၂၀၂၅ ခုနှစ် မတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
New ultra-high voltage project begins operation to deliver power from Xinjiang to Chongqing
BEIJING, June 10 (Xinhua) — In a blink of eye — within a span of 0.007 seconds — electricity generated from China’s wind-and-solar-rich Xinjiang Uygur Autonomous Region was transmitted to the energy-hungry Chongqing Municipality, located 2,260 kilometers away.
The State Grid Corporation of China on Tuesday announced the operation of the ±800 kV ultra-high voltage (UHV) direct current transmission project linking Xinjiang’s Hami with southwest China’s Chongqing.
This marks China’s third major project to transmit electricity from energy-rich Xinjiang to other parts of the country.
Xinjiang is a key sending hub in China’s west-to-east power transmission program. The new transmission line is expected to deliver more than 36 billion kilowatt-hours of electricity annually to Chongqing’s power load center, more than half of which derives from new energy sources. The application of new energy equals saving approximately 6 million tonnes of coal and reducing about 16 million tonnes of CO2 emissions.
The project is expected to contribute to economic development in both Xinjiang and Chongqing, enhance regional coordinated development, facilitate rural revitalization, and help improve public welfare, the corporation said. xhtxs.cn/4hI
Photo 1: An aerial drone photo shows staff checking cables of the Hami-Chongqing ±800 kV ultra-high voltage direct current transmission project, in Hami, northwest China’s Xinjiang Uygur Autonomous Region, April 13, 2025. (Photo by Ma Yuan/Xinhua)
Photo 2: An aerial drone photo shows auxiliary lines of the Hami-Chongqing ±800 kV ultra-high voltage direct current transmission project, in Hami, northwest China’s Xinjiang Uygur Autonomous Region, March 21, 2025. (Xinhua/Ding Lei)