Connect with us

China

တရုတ်နိုင်ငံ ပြည်မကြီး၏ အကြီးဆုံး သင်္ဘောငှားရမ်းမှုစင်တာက သင်္ဘောငှားရမ်းမှု အစင်းရေ ၁,၀၀၀ အထိရောက်ရှိလာ

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းရှိ ကွန်တိန်နာဆိပ်တွင် ရပ်နားထားသော ကွန်တိန်နာတင်သင်္ဘောကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ တုန်းကျန်း လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းဇုန် (DFTP) မှတစ်ဆင့် အစင်းရေ ၁,၀၀၀ မြောက် သင်္ဘောငှားရမ်းမှု လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဇွန် ၁၁ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ပြည်မကြီးရှိ သင်္ဘောဆိုင်ရာ‌ ငွေကြေးပံ့ပိုးခြင်းနှင့် ငှားရမ်းခြင်း အကြီးဆုံးစင်တာဖြစ်သည့်အားလျော်စွာ DFTP သည် လက်ရှိတွင် ကမ္ဘာ့ သင်္ဘော အစင်းရေ ၁,၀၀၀ ငှားရမ်းရေးကလပ်နှင့်လည်း တရားဝင် ပါဝင်ချိတ်ဆက်လာပြီဖြစ်သည်။
အဆိုပါ အထင်ကရသင်္ဘောသည် စင်ကာပူနိုင်ငံတွင် တည်ဆောက်သော ရေပေါ် သဘာဝဓာတ်ငွေ့ရည် အဆောက်အအုံတစ်ခု ဖြစ်ပြီး ချေးငွေအခြေပြု ငွေကြေးပံ့ပိုးမှု အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံခန့် အပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံနီးပါးရှိကြောင်း သိရသည်။
ယင်းသဘောတူညီချက်သည် လက်ရှိအချိန်အထိ ငွေကြေးပံ့ပိုးမှုပမာဏနှင့် ပါဝင်သူအရေအတွက် နှစ်ခုလုံးတွင်ပါ တရုတ်ပြည်မကြီးရှိ တုန်းကျန်း၏ ကမ်းလွန်သင်္ဘောငှားရမ်းမှုနှင့် အကြီးဆုံး နယ်စပ်ဖြတ်ကျော်ငှားရမ်းမှုစီမံကိန်း၌ နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ကြောင်း DFTP ၏ တာဝန်ရှိသူ Shi Jinfeng ၏ အဆိုအရ သိရသည်။
သင်္ဘောငှားရမ်းမှုလုပ်ငန်း အဓိကလုပ်ကိုင်သော DFTP သည် ပြည်မကြီး၏ နယ်စပ်ဖြတ်ကျော် သင်္ဘောများ ငှားရမ်းမှုနှင့် ကမ်းလွန်အင်ဂျင်နီယားရင်းစက်ယန္တရားများ၏ ၉၀ ရာခိုင်နှုန်းကျော် ကိုင်တွယ်ဆောင်ရွက်လျက်ရှိကြောင် သိရသည်။ (Xinhua)
……………………………………..
(English Version)
Chinese mainland’s largest ship leasing center hits 1,000-vessel mark
TIANJIN, June 11 (Xinhua) — A signing ceremony was held Wednesday for the 1,000th vessel leased through the Dongjiang Free Trade Port Zone (DFTP) in the northern Chinese municipality of Tianjin.
As the Chinese mainland’s largest center for ship financing and leasing, the DFTP has now officially joined the world’s 1,000-vessel leasing club.
The landmark vessel is a floating liquefied natural gas facility built in Singapore, with a total investment of nearly 1.8 billion U.S. dollars, including approximately 1.2 billion U.S. dollars in leasing-based financing.
According to DFTP official Shi Jinfeng, the deal is another milestone in Dongjiang’s offshore ship leasing and the largest cross-border syndicated leasing project on the Chinese mainland to date, in terms of both financing scale and number of participants.
Specializing in the leasing industry, the DFTP handles over 90 percent of the mainland’s cross-border leasing of ships and offshore engineering equipment.
Photo: An aerial drone photo taken on Feb. 2, 2024 shows a container vessel berthing at a container terminal of Tianjin Port in north China’s Tianjin. (Xinhua/Zhao Zishuo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.