Connect with us

China

သမ္မတ ရှီက အိန္ဒိယနိုင်ငံ ခေါင်းဆောင်များထံ လေယာဉ်ပျက်ကျမှုအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာများ ပေးပို့

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Ahmedabad မြို့တွင် ပျက်ကျသွားသော Air India လေယာဉ်၏ အပျက်အစီးများအား ကြည့်ရှုနေသူများကို ၂၀၂၅ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - UNI/Handout via Xinhua)

ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အိန္ဒိယနိုင်ငံ သမ္မတ ဒရူပါဒီ မာမူနှင့် ဝန်ကြီးချုပ် နာရန်ဒြာမိုဒီတို့ထံ Air India လေယာဉ်ပျက်ကျမှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ခြင်းနှင့် စပ်လျဉ်း၍ ဝမ်းနည်းကြောင်း သဝဏ်လွှာများ ဇွန် ၁၃ ရက်က အသီးသီးပေးပို့ခဲ့ကြောင်း သိရသည်။
ရှီက လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည့် လေယာဉ်ပျက်ကျသောသတင်း ကြားသိရသည့်အတွက် ထိတ်လန့်မိကြောင်း သဝဏ်လွှာ၌ ဖော်ပြထားသည်။ လူ့အသက်ဆုံးရှုံးမှုများအတွက် လွန်စွာ ဝမ်းနည်းကြေကွဲရပါကြောင်း၊ ဒဏ်ရာရရှိသူများနှင့် အသက်သေဆုံးသူများ၏ ကျန်ရစ်သောမိသားစုဝင်များကိုလည်း စာနာနားလည်မိပါကြောင်း၊ ဒဏ်ရာရရှိသူများအနေဖြင့် အမြန်ဆုံး ပြန်လည်ကျန်းမာလာပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ကိုယ်စား သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ယင်းနေ့တွင်ပင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်ကလည်း မိုဒီထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Xi extends condolences to Indian leaders over plane crash
BEIJING, June 13 (Xinhua) — Chinese President Xi Jinping extended on Friday condolences to Indian President Droupadi Murmu and Prime Minister Narendra Modi respectively over the heavy casualties caused by the crash of an Air India flight.
In his message, Xi expressed shock upon learning that the crash had caused heavy casualties. On behalf of the Chinese government and people, he conveyed deep condolences over the loss of lives, extended sympathies to the injured and the bereaved families, and wished the injured a swift recovery.
On the same day, Chinese Premier Li Qiang also sent a message of condolence to Modi.
Photo: People look at the debris of an Air India plane crashed in Ahmedabad of India’s Gujarat state, June 12, 2025. (UNI/Handout via Xinhua)