Connect with us

China

တရုတ်-ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်မှုက အဘယ်ကြောင့် သိသိသာသာ အရေးပါလာရသနည်း

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ Tuanjiecun ဘူတာမှ ထွက်ခွာလာသော တရုတ်-ဗဟိုအာရှ ကုန်တင်ရထားတစ်စင်းကို ၂၀၂၅ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပထမဆုံးအကြိမ် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးကို တရုတ်ရှေးဟောင်းမြို့ဖြစ်သော ရှီးအန်းမြို့တွင် ၂၀၂၃ ခုနှစ်၌ ကျင်းပခဲ့ချိန်က ယင်းမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံနှင့် ယူရေးရှားတိုက်၏ ဗဟိုချက်ဒေသအကြား ဆက်ဆံရေး၌ အရေးပါသော အခိုက်အတန့်ဖြစ်သည်ဟူသော အထိမ်းအမှတ်ပင် ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန် စသည့် ငါးနိုင်ငံဖြင့် ဗဟိုအာရှဒေသ၏ ဗျူဟာမြောက်အရေးပါမှု မြင့်တက်လာခဲ့သလို ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအခင်းအကျင်း၌ ယူရေးရှား၏ တိုးတက်ပြောင်းလဲလာမှုက ပို၍အရေးပါသော အခန်းကဏ္ဍအသွင်ဆောင်လာခဲ့သည်။
ထိုသို့ပြောင်းလဲနေသော အခင်းအကျင်းကြားမှ ယူရေးရှားဒေသ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရာတွင် ကွန်ရက်ချိတ်ဆက်မှု၊ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဗျူဟာမြောက် ဆွေးနွေးမှု တည်ဆောက်လျက် တရုတ်နိုင်ငံက ယင်းဒေသ၏ ယုံကြည်စိတ်ချရသောမိတ်ဖက်အဖြစ် ပေါ်ထွက်လာခဲ့သည်။
အစိတ်စိတ်အမွှာမွှာ ကွဲပြားမှုနှင့် ပြိုင်ဆိုင်မှုများ ဖြစ်ပေါ်နေသော ကမ္ဘာကြီးတွင် တရုတ်နိုင်ငံနှင့် ဗဟိုအာရှဒေသကြား ဆက်ဆံရေးအားကောင်းခြင်းက အတားအဆီးမဟုတ်သော တံတားတစ်စင်းဖြစ်လာသည့် ပထဝီဝင်အနေအထား၊ ယှဉ်ပြိုင်မှုမဟုတ်သော အနာဂတ်ကို ပုံဖော်ပေးသည့် ပူးပေါင်းဆောင်ရွက်မှု ဟူ‌သော မတူညီသည့်ဇာတ်ကြောင်းကို ဖော်ပြပေးလျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/4oZ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ကျိန့်ကျိုးမြို့ရှိ BYD စက်ရုံတွင် တရုတ်နိုင်ငံ စွမ်းအင်သစ်မော်တော်ယာဉ် (NEV) ကဏ္ဍ ဦးဆောင်ထုတ်လုပ်သူ BYD ၏ NEV တပ်ဆင်ရေးလိုင်းကို ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တာဂျစ်ကစ္စတန်နိုင်ငံ ဒူရှန်ဘီမြို့ရှိ လူဘန်အလုပ်ရုံတွင် စွမ်းဆောင်ရည်လေ့လာနေသော ကျောင်းသား၊ ကျောင်းသူများကို ၂၀၂၅ ခုနှစ် မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Why is China-Central Asia cooperation becoming increasingly important?
BEIJING, June 15 (Xinhua) — When Chinese President Xi Jinping hosted the first China-Central Asia Summit in the ancient Chinese city of Xi’an in 2023, it marked a pivotal moment in relations between the world’s second-largest economy and the heartland of the Eurasian continent.
In recent years, the strategic significance of Central Asia has surged, with five nations — Kazakhstan, Kyrgyzstan, Tajikistan, Turkmenistan and Uzbekistan — assuming an increasingly important role in Eurasia’s evolving geopolitical and economic landscape.
Amid this changing landscape, China has emerged as the region’s reliable partner, building a web of connectivity, security cooperation and strategic dialogue that is promoting the development of Eurasia.
In a world defined by fragmentation and rivalry, the strengthening ties between China and Central Asia offer a different story — one where geography becomes a bridge rather than a barrier, and where cooperation, not competition, shapes the future. xhtxs.cn/4oZ
Photo 1: An aerial drone photo taken on April 20, 2025 shows a China-Central Asia freight train departing from the Tuanjiecun Station in southwest China’s Chongqing. (Xinhua/Tang Yi)
Photo 2: This photo taken on April 24, 2024 shows a new energy vehicle (NEV) assembly line of BYD, China’s leading NEV manufacturer, at the plant of BYD in Zhengzhou, central China’s Henan Province. (Xinhua/Li Jianan)
Photo 3: Students learn skills at the Luban Workshop in Dushanbe, Tajikistan, May 31, 2025. (Xinhua/Li Renzi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.