China
တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ အစည်းအဝေးကို ဇွန်လကုန်ပိုင်းတွင် ကျင်းပရန်လျာထား

ပေကျင်း၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ဖြစ်သော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီက ၁၆ ကြိမ်မြောက်အစည်းအဝေးကို ပေကျင်းမြို့တွင် ဇွန် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လဲ့ကျိက ဇွန် ၁၆ ရက်၌ ကြီးမှူးကျင်းပသော NPC အမြဲတမ်းကော်မတီ ဥက္ကဋ္ဌများကောင်စီ အစည်းအဝေးအတွင်း အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
China’s top legislature schedules session for late June
BEIJING, June 16 (Xinhua) — The Standing Committee of the 14th National People’s Congress (NPC), China’s top legislature, will hold its 16th session in Beijing from June 24 to 27.
This decision was made Monday during a meeting of the Council of Chairpersons of the NPC Standing Committee, which was presided over by Zhao Leji, chairman of the NPC Standing Committee.