International Organizations
ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ သုံးနှစ်တာသက်တမ်းအတွက် အဖွဲ့ဝင် ၁၈ နိုင်ငံအား ရွေးချယ်

ကုလသမဂ္ဂ၊ ဇွန် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အပါအဝင် နိုင်ငံ ၁၈ နိုင်ငံသည် ကုလသမဂ္ဂအေဂျင်စီများနှင့် ရန်ပုံငွေများဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းအတွက် ညှိနှိုင်းရေးအဖွဲ့ဖြစ်သော ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (ECOSOC) သုံးနှစ်တာသက်တမ်းအတွက် အဖွဲ့ဝင်နိုင်ငံများအဖြစ် ရွေးချယ်ခြင်းခံခဲ့ရကြောင်း သိရသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ၌ လျှို့ဝှက်ဆန္ဒမဲပေးခဲ့ကြပြီးနောက် အထွေထွေညီလာခံ ဥက္ကဋ္ဌ Philemon Yang က အဆိုပါ ရလဒ်များကို ကြေညာခဲ့ခြင်းဖြစ်သည်။
ရွေးချယ်ခံရသောနိုင်ငံများမှာ တောင်အမေရိကနိုင်ငံများမှ ဘူရွန်ဒီ၊ ချတ်၊ မိုဇမ်ဘစ်၊ ဆီရာလီယွန်၊ အာရှ-ပစိဖိတ်ဒေသနိုင်ငံများအနေဖြင့် တရုတ်၊ အိန္ဒိယ၊ လက်ဘနွန်၊ တာ့ခ်မင်နစ္စတန်၊ အရှေ့ဥရောပနိုင်ငံများမှ ခရိုအေးရှား၊ ရုရှား၊ ယူကရိန်း၊ လက်တင်အမေရိကန်နှင့် ကာရေဘီယံနိုင်ငံများမှ အီကွေဒေါ၊ ပီရူး၊ စိန့်ကစ်နှင့် နီးဗစ်၊ အနောက်ဥရောပနှင့် အခြားနိုင်ငံများမှ ဩစတြေးလျ၊ ဖင်လန်၊ နော်ဝေ၊ တူကီယဲ စသည်တို့ဖြစ်သည်။
ယင်းနိုင်ငံများသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်မည့် သုံးနှစ်သက်တမ်းအတွက် ရွေးချယ်ခံရခြင်း ဖြစ်သည်။
အနောက်ဥရောပနှင့် အခြားနိုင်ငံများအုပ်စုအတွင်း အလှည့်ကျ ကြားဖြတ်ရွေးချယ်ရာတွင် ဂျာမနီနိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်မည့် တစ်နှစ်သက်တမ်းအတွက် ရွေးချယ်ခြင်းခံခဲ့ရသည်။ ၎င်းက လစ်ချ်တင်စတိန်းနိုင်ငံ နေရာတွင် အစားထိုးနေရာယူမည်ဖြစ်သည်။ အမေရိကန်နိုင်ငံကမူ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်မည့် နှစ်နှစ်သက်တမ်းအတွက် ရွေးချယ်ခံခဲ့ရကာ အီတလီနိုင်ငံနေရာ၌ အစားထိုးနေရာယူမည်ဖြစ်သည်။
ECOSOC တွင် အဖွဲ့ဝင်နိုင်ငံ ၅၄ နိုင်ငံရှိပြီး သုံးနှစ်တာသက်တမ်းအတွက် အထွေထွေညီလာခံက နှစ်စဉ် ရွေးချယ်ခြင်းဖြစ်သည်။ အဆိုပါကောင်စီ နေရာများအား အာဖရိကနိုင်ငံများအား ၁၄ နေရာ၊ အာရှ-ပစိဖိတ်နိုင်ငံများအား ၁၁ နေရာ၊ အရှေ့ဥရောပနိုင်ငံများအား ၆ နေရာ၊ လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများအား ၁၀ နေရာနှင့် အနောက်ဥရောပနှင့် အခြားနိုင်ငံများအား ၁၃ နေရာ စသဖြင့် ပထဝီဝင်ဆိုင်ရာကိုယ်စားပြုမှုပေါ် အခြေခံ၍ ခွဲဝေသတ်မှတ်ခြင်းဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
18 states elected into UN Economic and Social Council for three-year term
UNITED NATIONS, June 4 (Xinhua) — Eighteen states, including China, were elected on Wednesday into the UN Economic and Social Council (ECOSOC), the coordinating body for the economic and social work of UN agencies and funds, for a three-year term.
Philemon Yang, president of the General Assembly, announced the results after voting by secret ballot in the assembly.
Elected were Burundi, Chad, Mozambique, Sierra Leone from African states; China, India, Lebanon, Turkmenistan from Asia-Pacific states; Croatia, Russia, Ukraine from Eastern European states; Ecuador, Peru, Saint Kitts and Nevis from Latin America and Caribbean states; Australia, Finland, Norway, Türkiye from Western European and other states.
They were elected for a three-year term beginning on Jan. 1, 2026.
In a by-election for rotation within the Western European and other states group, Germany was elected for a one-year term beginning on Jan. 1, 2026. It will replace Liechtenstein. The United States was elected for a two-year term beginning on Jan. 1, 2026. It will replace Italy.
ECOSOC has 54 members, which are elected each year by the General Assembly for overlapping three-year terms. Seats on the council are allocated on the basis of geographical representation with 14 seats to African states, 11 to Asia-Pacific states, six to Eastern European states, 10 to Latin American and Caribbean states, and 13 to Western Europe and other states.
Photo: Philemon Yang (L), president of the UN General Assembly, presides over a meeting to elect members of the UN Economic and Social Council at the UN headquarters in New York, on June 4, 2025. (Manuel Elias/UN Photo/Handout via Xinhua)