Connect with us

Africa & Middle East

အီရန်က အစ္စရေးထောက်လှမ်းရေး အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီး အစ္စရေးကလည်း အီရန်၏ ဒုံးပစ်လောင်ချာများကို တိုက်ခိုက်ဖျက်ဆီး

အီရန်က အစ္စရေးအား ဒုံးကျည်ဖြင့် တိုက်ခိုက်စဉ်အတွင်း အနောက်ဘက်ကမ်းဒေသ တောင်ပိုင်း ဟီဘရွန်မြို့မှ ဒုံးကျည်လမ်းကြောင်းများကို ၂၀၂၅ ခုနှစ် ဇွန် ၁၇ ရက်က မြင်တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်/ ဂျေရုဆလမ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က စစ်ထောက်လှမ်းရေးနှင့် မော့ဆက်အဖွဲ့၏ အ‌ဆောက်အအုံများ အပါအဝင် တဲလ်အဗစ်မြို့ရှိ အစ္စရေးထောက်လှမ်းရေး၏ အဓိကနေရာများကို ဇွန် ၁၇ ရက်က တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သလို အစ္စရေးလေတပ်ကလည်း အီရန်နိုင်ငံ အနောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု အများအပြား ထပ်မံလုပ်ဆောင်ခဲ့သည်ဟု ပြောကြားခဲ့သည်။
မိမိတို့၏ လေကြောင်းနှင့် အာကာသတပ်ဖွဲ့က ဇွန် ၁၇ ရက် အစောပိုင်းတွင် “ထိရောက်သော စစ်ဆင်ရေး” တစ်ရပ် ဆင်နွှဲခဲ့ပြီး အစ္စရေး၏ အလွန်အဆင့်မြင့်သော လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ထိုးဖောက်နိုင်ခဲ့သည်ဟု အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများမှာ အစ္စရေးစစ်တပ်၏ အာမန်စစ်ဌာနချုပ်နှင့် “မော့ဆက်အဖွဲ့က လုပ်ဆောင်သော လုပ်ကြံတိုက်ခိုက်မှုများ” ကို စီစဉ်ညွှန်ကြားရာ၌ အသုံးပြုခဲ့သည့် အဆောက်အအုံတစ်ခုကို အဓိကပစ်မှတ်ထား၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အီရန်အထူးတပ်ဖွဲ့ဖြစ်သည့် IRGC က ထုတ်ဖော်ပြောဆိုခဲ့သည်။
အီရန်အနေဖြင့် မော့ဆက်နှင့် စစ်ထောက်လှမ်းရေး ဗဟိုဌာနများကို တိုက်ခိုက်ခဲ့စဉ်အတွင်း အရာရှိနှင့် တပ်မှူး အများအပြား သေဆုံးခဲ့သည်ဟု အီရန်အစိုးရနှင့် တစ်စိတ်တစ်ပိုင်းဆက်နွှယ်သည့် Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။
တီဟီရန်မြို့လယ်ရှိ အမိန့်ပေးကွပ်ကဲရေးဌာနတစ်ခုအား ညအချိန် လေကြောင်းမှတိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်းတပ်မှူးဖြစ်သူ အလီ ရှက်ဒ်မာနီကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ကြေညာခဲ့ပြီးနောက် အဆိုပါ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှက်ဒ်မာနီမှာ အစ္စရေး၏ အစောပိုင်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ဂိုလမ် အလီရာရှစ်၏ နေရာကို လွန်ခဲ့သောလေးရက်က ဆက်ခံခဲ့ခြင်းဖြစ်သည်။
ထိုအတောအတွင်း အစ္စရေးလေတပ်က အီရန်နိုင်ငံ အနောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု အများအပြား ထပ်မံလုပ်ဆောင်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း မြေပြင်မှမြေပြင်ပစ် ဒုံးပစ်လောင်ချာ အများအပြားနှင့် နေရာအချို့ကို ထိမှန်ခဲ့သည်ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)
…………………
(English Version)
Iran strikes Israeli intelligence sites as Israel attacks Iran’s missile launchers
TEHRAN/JERUSALEM, June 17 (Xinhua) — Iran’s Islamic Revolution Guard Corps (IRGC) on Tuesday carried out strikes on “key Israeli intelligence sites” in Tel Aviv, including military intelligence and Mossad facilities, while the Israeli Air Force said it launched a new wave of airstrikes in western Iran.
The IRGC said its Aerospace Force conducted an “effective operation” in the early hours, penetrating Israel’s “highly advanced air defense systems,” according to Iranian state media.
The elite force claimed the strikes specifically targeted the Israeli army’s Aman headquarters and a facility used for planning “assassination operations attributed to the Mossad.”
Iran’s semi-official Tasnim news agency reported that Iran killed “a significant number” of officers and commanders in its strikes on Mossad and military intelligence centers.
The reported attacks followed an Israeli military announcement that it had eliminated Iran’s top military commander, Ali Shadmani, in an overnight airstrike on a command center in central Tehran. Shadmani had taken the role just four days earlier, succeeding Gholam Ali Rashid, who was killed in a previous Israeli strike.
Meanwhile, the Israeli military said in a statement that its Air Force carried out a new wave of airstrikes in western Iran.
As part of the strikes, a number of sites and dozens of surface-to-surface missile launchers were struck,” said the statement.
English Caption
Missile traces are seen from the city of Hebron in the southern West Bank, during Iran’s missile attack against Israel, on June 17, 2025. (Photo by Mamoun Wazwaz/Xinhua)