Connect with us

North America

ဆင်ဟွာ တတ်သိပညာရှင်အဖွဲ့၏ အစီရင်ခံစာက တရုတ်ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးဖြစ်ထွန်းသော ရလဒ်များကို မီးမောင်းထိုးဖော်ပြနေ

“တရုတ်-ဗဟိုအာရှ စိတ်ဓာတ်မြှင့်တင်ခြင်း - ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများ၊ အခွင့်အလမ်းများနှင့် အလားအလာများ” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ထားသော အစီရင်ခံစာကို ၂၀၂၅ ခုနှစ် ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အက်စ်တာနာ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ဗဟိုအာရှနိုင်ငံများသည် ကျယ်ပြန့်သောနယ်ပယ်တစ်ခွင် အောင်မြင်သောရလဒ်များ ရရှိလျက် ၎င်းတို့၏ ဘက်စုံပူးပေါင်းဆောင်ရွက်မှုမှာ နက်ရှိုင်းလျက်ရှိကြောင်း ဇွန် ၂၂ ရက်တွင် ထုတ်ပြန်သော ဆင်ဟွာ တတ်သိပညာရှင်အဖွဲ့ အစီရင်ခံစာ၌ ဖော်ပြထားသည်။
အဓိကကဏ္ဍ ၇ ခုဖြစ်သော စီးပွားရေးနှင့် ကုန်သွယ်ရေးဖလှယ်မှုများ၊ အခြေခံအဆောက်အအုံ ကွန်ရက်ချိတ်ဆက်မှု၊ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၊ ထွန်းသစ်စကဏ္ဍများ၊ ဖွံ့ဖြိုးတိုးတက်မှုစွမ်းဆောင်ရည် တည်ဆောက်မှု၊ ယဉ်ကျေးမှုအဖွဲ့အစည်းများကြား အပြန်အလှန်လေ့လာမှု၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး စသည့် ဆက်ဆံရေးများတွင် ကြီးမားကျယ်ပြန့်သော အောင်မြင်မှုရလဒ်များက သက်သေပြုလျက်ရှိကြောင်း ဆင်ဟွာသတင်းအေဂျင်စီ လက်အောက်ရှိ တတ်သိပညာရှင်အဖွဲ့ဖြစ်သည့် ဆင်ဟွာအင်စတီကျုက ထုတ်ပြန်သော “တရုတ်-ဗဟိုအာရှ စိတ်ဓာတ်မြှင့်တင်ခြင်း – ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများ၊ အခွင့်အလမ်းများနှင့် အလားအလာများ” အစီရင်ခံစာ၌ ဖော်ပြထားသည်။
ရထားလမ်းစင်္ကြံကဏ္ဍမှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအထိ၊ ပညာရေးကဏ္ဍမှ ယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍအထိ တရုတ်-ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်မှုသည် လက်တွေ့အခြေအနေတွင် စစ်မှန်သော အကျိုးကျေးဇူးများ ပေးစွမ်းလျက်ရှိသလို တိုးတက်မှုမျှဝေရေးအတွက်လည်း ပိုမိုခိုင်မာသော အခြေခံအုတ်မြစ် ချမှတ်လျက်ရှိသည်။
မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံနှင့် ဗဟိုအာရှနိုင်ငံများကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ပမာဏရော အရည်အသွေးပါ တိုးတက်လာခဲ့ပြီး တရုတ်နိုင်ငံက ဗဟိုအာရှ၏ အကြီးဆုံးကုန်သွယ်ရေးမိတ်ဖက်နှင့် အရေးပါသော ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်လည်း ဖြစ်လာခဲ့သည်ဟု အစီရင်ခံစာအရ သိရသည်။
စဉ်ဆက်မပြတ် တိုးတက်မှုကို တွန်းအားပေးလျက် တရုတ်နိုင်ငံနှင့် ဗဟိုအာရှနိုင်ငံများသည် သိပ္ပံ၊ နည်းပညာနှင့် ပညာရေး ကဏ္ဍများ၌ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့လျက်ရှိသည်။ လူပန်းအလုပ်ရုံကလည်း နိုင်ငံတကာ အသက်မွေးဝမ်းကျောင်းပညာရေးတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပလက်ဖောင်းအသစ်လည်း ဖြစ်လာခဲ့သည်။ ဒေသန္တရဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်များကို အံဝင်ခွင်ကျစီမံထားသော ဗဟိုအာရှဒေသရှိ လူပန်းအလုပ်ရုံသည် ဒေသဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချ‌ရေးနှင့် စက်မှုလုပ်ငန်းများအား ပံ့ပိုးပေးနိုင်မည့် ဈေးကွက်တောင်းဆိုမှုအလိုက် လေ့ကျင့်ရေးစံနမူနာများကိုလည်း ဖန်တီးခဲ့သည်။
ထို့ပြင် ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုများကလည်း ရှင်သန်တိုးတက်လျက်ရှိကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ ဗဟိုအာရှခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် အနုပညာပွဲတော်များကလည်း တရုတ်နိုင်ငံတွင် လူကြိုက်များလျက်ရှိသည်။ Min-Ning Town နှင့် To the Wonder စသည့် တရုတ်ရုပ်ရှင်ဇာတ်ကားများနှင့် ရုပ်သံဒရာမာဇာတ်ကားများကလည်း ဗဟိုအာရှဒေသတွင် အောင်မြင်မှုများ ရရှိနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xinhua think tank report highlights fruitful results of China-Central Asia cooperation
ASTANA, June 22 (Xinhua) — China and Central Asian countries have deepened their comprehensive cooperation, yielding successful outcomes across a broad spectrum, said a Xinhua think tank report released on Sunday.
Seven key areas have witnessed tremendous results in ties: economic and trade exchanges, infrastructure connectivity, energy collaboration, emerging sectors, development capacity building, mutual learning among civilizations, and peace and security, said the report titled “Championing the China-Central Asia Spirit: Achievements, Opportunities and Prospects for Regional Cooperation” released by Xinhua Institute, a think tank affiliated with Xinhua News Agency.
From rail corridors to renewable energy, from education to cultural exchange, China-Central Asia cooperation is delivering real benefits on the ground, laying a stronger foundation for shared growth.
Economic and trade cooperation between China and Central Asian countries has grown in volume and quality in recent years, and China has become Central Asia’s largest trading partner and a significant source of investment, according to the report.
To foster sustainable growth, China and Central Asian countries have expanded their cooperation in science, technology, and education. The Luban Workshop has become a new platform for collaboration in international vocational education. Tailored to local development needs, Luban Workshops in Central Asia have created demand-driven training models to support regional poverty alleviation and industrialization.
People-to-people exchanges are also flourishing, said the report. Central Asian tourism, culture and art festivals are witnessing growing popularity in China. Chinese films and TV dramas, such as Min-Ning Town and To the Wonder, have become hits in Central Asia.
Photo: This photo taken on June 21, 2025 shows a report titled “Championing the China-Central Asia Spirit: Achievements, Opportunities and Prospects for Regional Cooperation. (Xinhua/Zhang Yuwei)