Connect with us

Asia

တောင်ကိုရီးယားသမ္မတက အစိုးရဝန်ကြီး ၁၁ ဦးကို ရွေးချယ်အဆိုပြု

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ၌ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားအတွင်း လီဂျေမြောင် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၅ ခုနှစ် ဇွန် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
ဇွန်လအတွင်း ရာထူးတာဝန် စတင်ထမ်းဆောင်ခဲ့သည့် တောင်ကိုရီးယားသမ္မတ လီဂျေမြောင်သည် ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ပေါင်းစည်းရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီး ၁၁ ဦးအား ရွေးချယ်အဆိုပြုခဲ့ကြောင်း တောင်ကိုရီးယား သမ္မတရုံးက ဇွန် ၂၃ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
အန်ဂူဘတ်အား ကာကွယ်ရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ချိုဟွန်းအား နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ချုံဒုံယောင်းအား ပေါင်းစည်းရေးဝန်ကြီးအဖြစ်လည်းကောင်း အဆိုပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဝန်ကြီးအဖြစ် အဆိုပြုခံရသူအားလုံးကို အမျိုးသားလွှတ်တော် ကြားနာစစ်ဆေးမှု၌ အတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
South Korean president names 11 ministers
SEOUL, June 24 (Xinhua) — South Korean President Lee Jae-myung, who took office in June, named 11 ministers, including defense, foreign and unification ministers, the presidential office said Monday.
Ahn Gyu-back was named the defense chief. Former Vice Foreign Minister Cho Hyun was named to lead the foreign ministry, while Chung Dong-young was nominated as unification minister. All the minister nominees are subject to confirmation hearings in the National Assembly.
English Caption
Lee Jae-myung delivers a speech during his swearing-in ceremony in the National Assembly building in Seoul, South Korea, June 4, 2025. (Xinhua)