Connect with us

Africa & Middle East

အစ္စရေးနှင့် အီရန် အပစ်အခတ်ရပ်စဲကြောင်း ထရမ့် ကြေညာ

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ Marine One ရဟတ်ယာဉ်ပေါ်သို့တက်ရန် တောင်ဘက်မြက်ခင်းပြင်ဆီသို့ လမ်းလျှောက်လာသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၅ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
အစ္စရေးနှင့် အီရန်တို့အနေဖြင့် အလုံးစုံ အပစ်အခတ်ရပ်စဲမှုကို အပြည့်အဝ အကောင်အထည်ဖော်ရန် တရားဝင် သဘောတူညီမှုရရှိခဲ့ပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၃ ရက်၌ ကြေညာခဲ့ပြီး “၁၂ ရက် စစ်ပွဲ” ၏ အဆုံးသတ်ဟုလည်း သုံးနှုန်းပြောဆိုခဲ့သည်။
ဇွန် ၂၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂ မိနစ်က ၎င်း၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း Truth Social ၌ ပို့စ်တင်ရာတွင် ထရမ့်က ယင်းနှစ်နိုင်ငံစလုံးကို ဂုဏ်ပြုခဲ့ပြီး နှစ်ဖက်အနေဖြင့် လက်ရှိလုပ်ဆောင်နေသော စစ်ဆင်ရေးများကို အဆုံးသတ်ပြီးနောက် ခြောက်နာရီခန့်အတွင်း အပစ်အခတ်ရပ်စဲမှု စတင်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ ကနဦးအနေဖြင့် အပစ်အခတ်ရပ်စဲမှုမှာ ၁၂ နာရီကြာမြင့်မည်ဖြစ်ပြီး ထိုအတောအတွင်း တစ်ဖက်ကလည်း “ငြိမ်းချမ်းမှုနှင့် လေးစားမှု” ရှိသော သဘောထားကို ကိုင်စွဲထားမည်ဖြစ်ကြောင်း သိရသည်။
အီရန်က အပစ်အခတ်ရပ်စဲမှုကို စတင်ဖော်ဆောင်မည်ဖြစ်ကာ ၁၂ နာရီအကြာတွင် အစ္စရေးကလည်း အလားတူလုပ်ဆောင်မည်ဖြစ်ပြီး ၂၄ နာရီပြည့်ချိန်တွင် စစ်ပွဲပြီးဆုံးကြောင်း တရားဝင်ကြေညာမည်ဟု ထရမ့်၏ အဆိုအရ သိရသည်။
“အရာအားလုံးက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် အပစ်ရပ်စဲမှုက အကောင်အထည်ပေါ်လာပါလိမ့်မယ်။ ဇွဲရှိမှု၊ သတ္တိရှိမှုနဲ့ ‘၁၂ ရက် စစ်ပွဲ’ လို့ခေါ်တွင်ရမယ့် စစ်ပွဲကို အဆုံးသတ်ဖို့ ဆင်ခြင်ဉာဏ်ရှိတဲ့အတွက် နှစ်နိုင်ငံစလုံးကို ဂုဏ်ပြုချင်ပါတယ်” ဟု ထရမ့်က ရေးသားထားသည်။
ယင်းသဘောတူညီချက်မှာ အ‌ရှေ့အလယ်ပိုင်းဒေသကို နှစ်အတန်ကြာ ပျက်စီးစေမယ့် အခြေအနေကနေ ကယ်တင်‌ပေးနိုင်တဲ့ အရေးပါတဲ့ တိုးတက်မှုပါပဲ” ဟု ထရမ့်က ဆိုသည်။ စည်းလုံးညီညွတ်မှု သတင်းစကားနှင့်အတူ ထရမ့်၏ကြေညာချက် အဆုံးသတ်တွင်လည်း “ဘုရားသခင်က အစ္စရေးကို ကောင်းချီးပေးပါစေ။ ဘုရားသခင်က အီရန်ကို ကောင်းချီးပေးပါစေ။ ဘုရားသခင်က အရှေ့အလယ်ပိုင်းဒေသကို ကောင်းချီးပေးပါစေ။ ဘုရားသခင်က အမေရိကန်နဲ့ ကမ္ဘာကြီးကို ကောင်းချီးပေးပါစေ” ဟု ရေးသားထားသည်။
လတ်တလောတွင် အစ္စရေးတာဝန်ရှိသူများကရော အီရန်တာဝန်ရှိသူများကပါ ထိုကြေညာချက်နှင့် ပတ်သက်၍ အတည်ပြုခြင်းမရှိသေးသလို အိမ်ဖြူတော်နှင့် ပင်တဂွန်စစ်ဌာနချုပ်ကလည်း တရားဝင်ကြေညာချက်များ ထုတ်ပြန်ခြင်းမရှိသေးပေ။ (Xinhua)
…………………..
(English Version)
Trump announces ceasefire between Israel, Iran
NEW YORK, June 23 (Xinhua) — U.S. President Donald Trump announced Monday that Israel and Iran have reached a formal agreement to implement a complete and total ceasefire, marking what he called the end of the “12-Day War.”
In a post on his Truth Social platform at 6:02 p.m. Monday, Trump congratulated both nations and revealed that the ceasefire will begin in approximately six hours, following the completion of each side’s ongoing military operations. The ceasefire will initially last 12 hours, during which the opposing side will maintain a posture of “peace and respect.”
According to Trump, Iran will initiate the ceasefire, followed by Israel 12 hours later, culminating in an official declaration of the war’s end at the 24-hour mark.
“On the assumption that everything works as it should, which it will,” Trump wrote, “I would like to congratulate both countries… on having the stamina, courage, and intelligence to end what should be called ‘THE 12 DAY WAR.'”
Calling the agreement a breakthrough that “could have saved the Middle East from years of destruction,” Trump ended his announcement with a sweeping message of unity: “God bless Israel, God bless Iran, God bless the Middle East, God bless the United States of America, and GOD BLESS THE WORLD!”
There has been no immediate confirmation from Israeli or Iranian officials. White House and Pentagon sources have yet to issue official statements.
English Caption
U.S. President Donald Trump walks toward the South Lawn to board Marine One at the White House in Washington, D.C., the United States, on June 20, 2025. (Xinhua/Hu Yousong)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.