Connect with us

Africa & Middle East

အပစ်အခတ်ရပ်စဲရေးကို အစ္စရေးလက်ခံ၊ အီရန်အား တိုက်ခိုက်သည့် စစ်ပွဲပန်းတိုင်များ အောင်မြင်မှုရရှိဟု နေတန်ယာဟု ပြော

ဂျေရုဆလမ်မြို့ ကောင်းကင်ယံတွင် ဒုံးခွင်းဒုံးများ၏ မီးခိုးတန်းများကို ၂၀၂၅ ခုနှစ် ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်/တီဟီရန်/နယူးယောက်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
အစ္စရေးအနေဖြင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုသော အပစ်အခတ်ရပ်စဲရေးကို လက်ခံကြောင်းနှင့် အီရန်အား တိုက်ခိုက်သည့် ၎င်းတို့၏ စစ်ပွဲပန်းတိုင်များမှာ အောင်မြင်မှုရရှိခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဇွန် ၂၄ ရက်၌ ပြောကြားခဲ့သည်။
အီရန်နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်ခြိမ်းခြောက်မှု ဖယ်ရှားရေး အစ္စရေး၏ ပန်းတိုင်မှာ အောင်မြင်မှုရရှိခဲ့သည်ဟု နေတန်ယာဟုက ကြေညာခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အစ္စရေးအား အီရန်တိုက်ခိုက်မှုများစွာ လုပ်ဆောင်ပြီးနောက် အပစ်အခတ်ရပ်စဲရေး စတင်ပြီဖြစ်ကြောင်း အီရန်၏ Press TV က ဇွန် ၂၄ ရက် အစောပိုင်းက သတင်းဖော်ပြခဲ့သည်။
အစ္စရေးစစ်တပ်က တိုက်ခိုက်သည့် အချိန်တိတိကျကျဖော်ပြထားခြင်းမရှိဘဲ “အချိန်တိုအတွင်း” အီရန်ဒုံးကျည်များကို ကြားဖြတ်ပစ်ချခဲ့ရန် လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့ပြီးနောက် နှစ်ဘက်လုံးက ယခုလို အပစ်အခတ်ရပ်စဲရေးအား လက်ခံခဲ့ကြခြင်းဖြစ်သည်။
“အစ္စရေးဆီကို ဦးတည်ပြီး အီရန်ဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကို ခွဲခြားသိရှိပြီးနောက် အစ္စရေးနိုင်ငံတစ်ဝန်း နေရာများစွာမှာ အချက်ပေးဥဩသံတွေ တစ်ခဏအတွင်း ကြားခဲ့ရတယ်” ဟု ဒေသစံတော်ချိန် နံနက် ၅ နာရီခန့်က တယ်လီဂရန်ပေါ်၌ တင်ခဲ့သော ထုတ်ပြန်ချက်တွင် စစ်တပ်က ပြောခဲ့သည်။ အီရန်က အစ္စရေးအား ဒုံးကျည်အမြောက်အမြားပစ်လွှတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။
အီရန်က ၎င်းတို့၏ စစ်ဆင်ရေးများအား ဦးစွာရပ်တန့်မည်ဟု မျှော်မှန်းထားခြင်းနှင့်အတူ နှစ်ဘက်ကြား အပစ်အခတ်ရပ်စဲရေးမှာ ဂရင်းနစ်စံတော်ချိန် ၄ နာရီခန့်တွင် စတင်မည်ဖြစ်ကြောင်း ထရမ့်က အစောပိုင်း၌ ကြေညာခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီကလည်း အီရန်နှင့် အစ္စရေးကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ “သဘောတူညီမှု” မရှိကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။ သို့ရာတွင် အစ္စရေးအနေဖြင့် တီဟီရန်စံတော်ချိန် နံနက် ၄ နာရီမတိုင်မီ တိုက်ခိုက်မှုများ ရပ်တန့်မည်ဆိုပါက အီရန်က နောက်ထပ် လက်တုံ့ပြန်မှုကို ရပ်ဆိုင်းရန် ပြင်ဆင်မည်ဟု ၎င်းက အရိပ်အမြွက်ပြောခဲ့သည်။
“အစ္စရေးအနေနဲ့ အီရန်ပြည်သူတွေအပေါ် သူတို့ရဲ့ တရားမဝင် ကျူးကျော်မှုကို နံနက် ၄ နာရီထက်နောက်မကျစေဘဲ ရပ်တန့်မယ်ဆိုရင် အီရန်ဘက်က နောက်ထပ်တုံ့ပြန်မှုတွေ ဆက်လုပ်ဖို့ ရည်ရွယ်ချက် လုံးဝရှိမှာမဟုတ်ပါဘူး” ဟု အာရက်ဂ်ချီက လူမှုမီဒီယာ X ပလက်ဖောင်းပေါ်တွင် ရေးသားခဲ့သလို “မိမိစစ်ဆင်ရေးများ ရပ်နားရေး အပြီးသတ်ဆုံးဖြတ်ချက်ကို နောက်ပိုင်းမှာ ထုတ်ပြန်သွားပါမယ်” ဟု ဖြည့်စွက်ဖော်ပြထားသည်။
အစောပိုင်းနာရီများ၌မူ တီဟီရန်အနေဖြင့် အမေရိကန်ထံမှ တရားဝင် မည်သည့် အပစ်အခတ်ရပ်စဲရေး အဆိုပါပြုချက်ကိုမျှ လက်ခံရရှိခြင်း မရှိကြောင်းနှင့် စစ်မက်များရပ်တန့်ရေး အကြောင်းပြချက်ကိုလည်း မတွေ့ရကြောင်း အီရန် အဆင့်မြင့်အရာရှိတစ်ဦးက CNN သတင်းဌာနကို ပြောကြားခဲ့သည်။
“ရန်သူက အီရန်ကို ကျူးကျော်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ ဒီလိုအခြေအနေမျိုးမှာ အီရန်အနေနဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဖို့လမ်းပဲရှိပါတယ်။ ရန်သူတွေရဲ့ လိမ်ညာမှုတွေကို နားထောင်ဖို့ အချိန်မရှိပါဘူး” ဟု တာဝန်ရှိသူ၏ ပြောကြားချက်အား ကိုးကား၍ ဖော်ပြထားသည်။ အမေရိကန်နှင့် အစ္စရေး ခေါင်းဆောင်များ၏ မှတ်ချက်များအား အီရန်အပေါ် နောက်ထပ်တိုက်ခိုက်ရန် ရည်ရွယ်ထားသော “ပရိယာယ်” တစ်ခုအဖြစ် ရှုမြင်ထားကြောင်းလည်း ၎င်းက ဖြည့်စွက်ဖော်ပြထားသည်။
အစ္စရေးနှင့် အီရန်တို့အနေဖြင့် အပြည့်အဝ ပြီးပြည့်စုံသော အပစ်ရပ်ရေးကို အကောင်အထည်ဖော်ရန် တရားဝင် သဘောတူညီချက် ရရှိခဲ့ကြောင်း ထရမ့်က ဇွန် ၂၃ ရက် ညနေပိုင်းက ကြေညာခဲ့ပြီး ယင်းကို “၁၂ ရက်ကြာ စစ်ပွဲ” ၏ အဆုံးသတ်ဟု ၎င်းက ခေါ်ဆိုသုံးနှုန်းခဲ့ကြောင်း သိရသည်။
ဇွန် ၂၃ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီ ၂ မိနစ်က ၎င်း၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်း Truth Social ၌ ပို့စ်တင်ရာတွင် ထရမ့်က ကနဦးအနေဖြင့် အပစ်အခတ်ရပ်စဲမှုမှာ ၁၂ နာရီကြာမြင့်မည်ဖြစ်ပြီး ထိုအတောအတွင်း တစ်ဖက်ကလည်း “ငြိမ်းချမ်းမှုနှင့် လေးစားမှု” ရှိသော သဘောထားကို ထိန်းသိမ်းထားမည်ဖြစ်ကြောင်း သိရသည်။
“အရာအားလုံးက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် အပစ်ရပ်စဲမှုက အကောင်အထည်ပေါ်လာပါလိမ့်မယ်။ ဇွဲရှိမှု၊ သတ္တိရှိမှုနဲ့ ‘၁၂ ရက် စစ်ပွဲ’ လို့ ခေါ်တွင်ရမယ့် စစ်ပွဲကို အဆုံးသတ်ဖို့ ဆင်ခြင်ဉာဏ်ရှိတဲ့အတွက် နှစ်နိုင်ငံစလုံးကို ဂုဏ်ပြုချင်ပါတယ်” ဟု ထရမ့်က ရေးသားထားသည်။
ယင်းသဘောတူညီချက်မှာ အ‌ရှေ့အလယ်ပိုင်းဒေသကို နှစ်အတန်ကြာ ပျက်စီးစေမည့် အခြေအနေမှ ကယ်တင်‌ပေးနိုင်သည့် အရေးပါသော တိုးတက်မှုဖြစ်ကြောင်း ဟု ထရမ့်က ပြောကြားလျက် စည်းလုံးညီညွတ်မှု သတင်းစကားနှင့်အတူ ထရမ့်၏ကြေညာချက် အဆုံးသတ်တွင်လည်း “ဘုရားသခင်က အစ္စရေးကို ကောင်းချီးပေးပါစေ။ ဘုရားသခင်က အီရန်ကို ကောင်းချီးပေးပါစေ။ ဘုရားသခင်က အရှေ့အလယ်ပိုင်းဒေသကို ကောင်းချီးပေးပါစေ။ ဘုရားသခင်က အမေရိကန်နဲ့ ကမ္ဘာကြီးကို ကောင်းချီးပေးပါစေ” ဟု ရေးသားထားသည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ အိမ်ဖြူတော်သို့ ပြန်လာသော အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၅ ခုနှစ် မေ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Netanyahu says Israel accepts ceasefire, achieved war goals against Iran
JERUSALEM/TEHRAN/NEW YORK, June 24 (Xinhua) — Israeli Prime Minister Benjamin Netanyahu said Tuesday Israel accepts a ceasefire proposed by U.S. President Donald Trump and has achieved its war goals against Iran.
According to a statement by the office of Israeli prime minister, Netanyahu declared that Israel had achieved its goal of removing Iran’s nuclear and ballistic missile threat.
Iran’s Press TV said earlier Tuesday that ceasefire begins following waves of Iranian attacks on Israel.
The acceptance of the ceasefire by both sides came after Israel’s military said it was working to intercept Iranian missiles launched “a short while ago,” without specifying the exact time of the attack.
“A short while ago, sirens sounded in several areas across Israel following the identification of missiles launched from Iran toward the State of Israel,” the military said in a statement posted on Telegram around 5:00 a.m. local time (0200 GMT). Iran has since fired waves of missiles at Israel, according to Iranian state media.
Trump had earlier announced that a ceasefire between the two sides would begin around 0400 GMT, with Iran expected to halt its operations first.
Iranian Foreign Minister Abbas Araqchi said earlier that there was no “agreement” on a ceasefire between Iran and Israel. However, he suggested Iran would be prepared to halt further retaliation if Israeli attacks stopped by 4 a.m. Tehran time (0030 GMT).
“If Israel stops its illegal aggression against the Iranian people no later than 4 a.m., Iran has no intention of continuing its response afterwards,” Araqchi wrote in a post on X, adding that “the final decision on the cessation of our military operations will be made later.”
Hours earlier, a senior Iranian official told CNN that Tehran had not received any formal ceasefire proposal from the United States and saw no reason to halt hostilities.
“At this very moment, the enemy is committing aggression against Iran, and Iran is on the verge of intensifying its retaliatory strikes, with no ear to listen to the lies of its enemies,” the official was quoted as saying. He added that remarks from U.S. and Israeli leaders would be seen as a “deception” intended to justify further attacks on Iran.
Trump announced Monday evening that Israel and Iran have reached a formal agreement to implement a complete and total ceasefire, marking what he called the end of the “12-Day War.”
In a post on his Truth Social platform Monday, Trump said the ceasefire will initially last 12 hours, during which the opposing sides will maintain a posture of “peace and respect.”
“On the assumption that everything works as it should, which it will,” Trump wrote, “I would like to congratulate both countries … on having the stamina, courage, and intelligence to end what should be called ‘THE 12 DAY WAR.'”
Calling the agreement a breakthrough that “could have saved the Middle East from years of destruction,” Trump ended his announcement with a sweeping message of unity: “God bless Israel, God bless Iran, God bless the Middle East, God bless the United States of America, and GOD BLESS THE WORLD!”
Photo 1: The smoke trail of interceptor missiles is seen over the sky of Jerusalem on June 22, 2025. (Xinhua/Chen Junqing)
Photo 2: U.S. President Donald Trump walks upon his return to the White House in Washington, D.C., the United States, on May 25, 2025. (Xinhua/Hu Yousong)