Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇွန် ၂၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ပီအက်စ်ဂျီ၊ အင်တာမိုင်ယာမီ၊ ပါလ်မီးရက်စ်နှင့် ဘိုတာဖိုဂိုတို့ ကလပ်ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်သို့ တက်ရောက်
ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲစဉ်များကို ဇွန် ၂၃ ရက်က ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပီအက်စ်ဂျီ၊ ဘိုတာဖိုဂို၊ အင်တာမိုင်ယာမီနှင့် ပါလ်မီးရက်စ်အသင်းတို့ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး အက်သလက်တီကို မက်ဒရစ်မှာမူ ဂိုးကွာခြားချက်အရ ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီဖြစ်သည်။
ပါဆာဒီနာမြို့ရှိ Rose Bowl အားကစားကွင်း၌ ပြင်းထန်သော အပူရှိန်အောက်တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အက်သလက်တီကိုနှင့် ဘိုတာဖိုဂိုအသင်းတို့၏ ပွဲစဉ်တွင် ဘိုတာဖိုဂိုအနေဖြင့် ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ နောက်တစ်ဆင့်တက်နိုင်ရန်အတွက် အနည်းဆုံး သုံးဂိုးပြတ်အနိုင်ရရန် လိုအပ်နေသည့် အက်သလက်တီကိုမှာ အချိန်အများစုတွင် ပွဲကိုထိန်းချုပ်ထားသော်လည်း ဘိုတာဖိုဂို၏ low block ခံစစ်ဗျူဟာကို ကျော်လွှားနိုင်ရန် ရုန်းကန်ခဲ့ရသည်။
အုပ်စု-B တွင် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သည့် ဘိုတာဖိုဂိုအနေဖြင့် နောက်တစ်ဆင့်တွင် ပြည်တွင်းပြိုင်ဘက် ပါလ်မီးရက်စ်နှင့် ဖီလာဒဲလ်ဖီးယားမြို့ရှိ Lincoln Financial Field ဘောလုံးကွင်းတွင် ဇွန် ၂၈ ရက်၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဆီယက်တဲလ်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပီအက်စ်ဂျီနှင့် ဆီယက်တဲလ် ဆောင်းဒါးစ်အသင်းတို့၏ ပွဲစဉ်တွင် ပီအက်စ်ဂျီက ၂-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ပွဲကစားချိန် ၃၅ မိနစ်တွင် ဗီတင်ညာ၏ အဝေးကန်ချက်မှာ အသင်းဖော် ခဗစ်ချာ ကဗာရတ်စကီလီယာနှင့်ထိကာ လမ်းကြောင်းပြောင်း၍ ဂိုးဝင်သွားသဖြင့် ဥရောပချန်ပီယံ ပီအက်စ်ဂျီ အဖွင့်ဂိုးရရှိခဲ့သည်။
ထို့နောက် ပွဲကစားချိန် မိနစ် ၆၀ ကျော်လာချိန်တွင် အက်ချရတ်ဖ် ဟာကီမီက ဘရက်ဒလေ ဘာကိုလာ၏ ဖြတ်တင်ဘောပေးပို့မှုအား တစ်ချက်ထိန်းကာ ဆွစ်ဇာလန်ဂိုးသမား စတီဖန်ဖရိုင်းကိုကျော်၍ ကန်သွင်းခဲ့ပြီး ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ပီအက်စ်ဂျီမှာ ကွာတားဖိုင်နယ် တက်ရောက်နိုင်ရေးအတွက် အတ္တလန်တာမြို့တွင် ဇွန် ၂၉ ရက်၌ အင်တာမိုင်ယာမီနှင့် ရင်ဆိုင်ကစားရမည်ဖြစ်သည်။
မိုင်ယာမီမြို့တွင် ဘရာဇီးကလပ် ပါလ်မီးရက်စ်နှင့် အင်တာမိုင်ယာမီတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ပါလ်မီးရက်စ်က နှစ်ဂိုးအသွင်းခံထားရသော်လည်း ချေပဂိုးများ ပြန်လည်သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။ တာဒီယို အယ်လန်က တန်ပြန်တိုက်စစ်မှတစ်ဆင့် ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်၍ အဖွင့်ဂိုးသွင်းယူခဲ့သလို လူးဝစ်စ်ဆွာရက်ဇ်က ပါလ်မီးရက်စ်နောက်ခံလူ ဘရူနိုဖုချ်ကို ကျော်ဖြတ်ကာ ဂိုးသမား ဝီဗာတန်နှင့် ရင်ဆိုင်အတွေ့တွင် ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည်။
သို့သော် ဆော်ပေါ်လိုအခြေစိုက် ပါလ်မီးရက်စ်က ကစားအားမြှင့်ခဲ့ပြီးနောက် ပေါ်လင်ဟိုက ၁၀ ကိုက်အကွာမှ ချေပဂိုးတစ်ဂိုး သွင်းယူခဲ့သည်။ ထို့နောက် သုံးမိနစ်အကြာတွင် မော်ရီစီယိုက လျှံထွက်လာသော ဘောလုံးကို ထပ်ဆင့်ပိတ်သွင်းခဲ့ရာ ဂိုးသမား အော်စကာ အူစတာရီ မကာကွယ်နိုင်ခဲ့သဖြင့် ပါလ်မီးရက်စ်အသင်း ချေပဂိုးထပ်မံရရှိခဲ့သည်။
…..
— IOC ဥက္ကဋ္ဌအဖြစ် ကာစတီ ကိုဗင်ထရီ လွှဲပြောင်းတာဝန်ယူ
ဆွစ်ဇာလန်နိုင်ငံ လူဆန်းမြို့ရှိ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ရုံးချုပ်တွင် ဇွန် ၂၃ ရက်က ပြုလုပ်သည့် ရာထူးတာဝန်လွှဲပြောင်းခြင်း အခမ်းအနား၌ ဇင်ဘာဘွေနိုင်ငံသူ ကာစတီ ကိုဗင်ထရီက သောမတ်စ်ဘတ်ချ်ထံမှ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းရယူခဲ့သည်။
အသက် ၄၁ နှစ်အရွယ် အိုလံပစ်ရေကူးချန်ပီယံဟောင်းဖြစ်သူ ကိုဗင်ထရီမှာ နှစ်ပေါင်း ၁၃၁ နှစ် သက်တမ်းရှိသော နိုင်ငံတကာ အားကစားအဖွဲ့အစည်းကို ဦးဆောင်မည့် ပထမဆုံးအမျိုးသမီး၊ ပထမဆုံး အာဖရိကတိုက်သားအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။ ၎င်း၏ ဥက္ကဋ္ဌရာထူးသက်တမ်းမှာ ရှစ်နှစ်ဖြစ်ပြီး လေးနှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် အခွင့်အရေးရှိကြောင်း သိရသည်။
IOC ဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားစဉ်အတွင်း ကိုဗင်ထရီက အိုလံပစ်လှုပ်ရှားမှုအား “စိတ်အားတက်ကြွစေသော စင်မြင့်တစ်ခု၊ ဘဝများကို ပြောင်းလဲပေးသော စင်မြင့်တစ်ခု၊ မျှော်လင့်ချက်များကို ဆောင်ကြဉ်းပေးသော စင်မြင့်တစ်ခု” အဖြစ် ချီးကျူးပြောဆိုခဲ့သည်။
မတ် ၂၀ ရက်က ပြုလုပ်သည့် ၁၄၄ ကြိမ်မြောက် IOC အစည်းအဝေး၌ ပထမအကျော့ အဆုံးအဖြတ် မဲပေးရွေးချယ်မှုတွင် ကိုဗင်ထရီမှာ လျှို့ဝှက်မဲအရေအတွက် ၉၇ မဲအနက် ၄၉ မဲ ရရှိခဲ့ပြီး အခြားကိုယ်စားလှယ်လောင်း ခြောက်ဦးကို အနိုင်ရရှိကာ ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံခဲ့ရခြင်းဖြစ်သည်။
ဇင်ဘာဘွေနိုင်ငံအတွက် ရွှေတံဆိပ်နှစ်ခု အပါအဝင် အိုလံပစ်ဆုတံဆိပ် ခုနစ်ခု ဆွတ်ခူးနိုင်ခဲ့သည့် ကိုဗင်ထရီမှာ အာဖရိက၏ အကျော်ကြားဆုံး အားကစားသမားများထဲမှ တစ်ဦးဖြစ်သည်။ ၎င်းအနေဖြင့် ၂၀၁၃ ခုနှစ်၌ IOC အဖွဲ့ဝင်ဖြစ်လာခဲ့ပြိး IOC ပြေးခုန်ပစ်အားကစားကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးပြီး အားကစားသမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားအတွက် ရပ်တည်ထောက်ခံရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
…..
— ဥရောပအသင်းတစ်သင်းထက် ဆော်ပေါ်လိုကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်ဟု ခရက်စပို ပြော
ဥရောပကလပ်အသင်း တစ်သင်းအား ကိုင်တွယ်ရမည့် အခွင့်အရေးကို စွန့်လွှတ်၍ ဆော်ပေါ်လိုအသင်းထံ တစ်ကျော့ပြန် ရောက်ရှိလာခြင်းဖြစ်ကြောင်း နည်းပြ ဟာနန် ခရက်စပိုက ဇွန် ၂၃ ရက်၌ ပြောကြားခဲ့သည်။
အသက် ၄၉ နှစ်အရွယ် ခရက်စပိုက ၎င်းအနေဖြင့် လွန်ခဲ့သောသီတင်းပတ်က ဘရာဇီး စီးရီးအေကလပ် ဆော်ပေါ်လိုအသင်းနှင့် ၁၈ လသက်တမ်းရှိ စာချုပ်ချုပ်ဆိုရန် သဘောတူညီခဲ့ပြီးနောက် အသင်းအား စတင်တာဝန်ယူရန် စိတ်အားတက်ကြွလျက်ရှိသည်ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျွန်တော် ဒီကိုပြန်လာပြီး စောစောစီးစီး အဆုံးသတ်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဆက်ပြီးပုံဖော်ရမှာမို့လို့ ပျော်ရွှင်မိပါတယ်” ဟု အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူးဟောင်းက ဘရာဇီးသို့ ရောက်ရှိလာချိန်တွင် ပြောကြားခဲ့သည်။
“ကျွန်တော် ဥရောပကိုသွားဖို့ အခွင့်အရေးရခဲ့ပေမဲ့ ဆော်ပေါ်လိုက ကျွန်တော့်ကို ဆက်သွယ်လာတော့ ရွေးချယ်စရာတစ်ခုပဲ ရှိတော့တာပေ့ါ” ဟု ၎င်းက ဆိုသည်။
…..
— ဘီဘာအိုက တိုက်စစ်မှူး ရောဘတ် နာဗာရိုကို ခေါ်ယူ
လာမည့် လာလီဂါပြိုင်ပွဲ မစတင်မီ ပထမဆုံးကစားသမား ခေါ်ယူမှုအဖြစ် တိုက်စစ်မှူး ရောဘတ် နာဗာရိုအား ခေါ်ယူလိုက်ကြောင်း အက်သလက်တစ် ဘီဘာအိုအသင်းက ဇွန် ၂၃ ရက်၌ အတည်ပြုခဲ့သည်။
အသက် ၂၃ နှစ်အရွယ် နာဗာရိုမှာ မာယော့ကာအသင်းနှင့် တစ်ရာသီ ဖြတ်သန်းခဲ့ပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ‌ရောက်ရှိလာခြင်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် ဇွန်လကုန်အထိ ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဘီဘာအိုအနေဖြင့် ပြီးခဲ့သည့်ဘောလုံးရာသီ၌ လာလီဂါတွင် အဆင့်-၄ နေရာ၌ ရပ်တည်နိုင်ခဲ့သဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားသည့်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။ (Xinhua)


…………………..
(English Version)
Club World Cup: PSG, Miami, Palmeiras, Botafogo advance
Paris Saint-Germain, Botafogo, Inter Miami and Palmeiras reached the FIFA Club World Cup round of 16 on Monday while Atletico Madrid was eliminated on goal difference.
In Pasadena, Botafogo progressed despite a 1-0 loss to Atletico Madrid in sweltering heat at the Rose Bowl. Needing to win by at least a three-goal margin to advance, the Spanish club dominated for long periods but struggled to find a way past the Brazilian side’s low defensive block.
Botafogo, which finished second in Group B, will meet Brazilian rivals Palmeiras in the next round at Philadelphia’s Lincoln Financial Field on Saturday.
In Seattle, Paris Saint-Germain comfortably secured its passage to the next stage with a 2-0 victory over Seattle Sounders.
The European champions opened the scoring in the 35th minute when Vitinha’s long-range effort deflected in off teammate Khvicha Kvaratskhelia.
Achraf Hakimi doubled the lead just after the hour, controlling Bradley Barcola’s cross before rifling a shot past Swiss goalkeeper Stefan Frei. PSG will vie for a place in the quarterfinals against Inter Miami in Atlanta on Sunday.
In Miami, Brazil’s Palmeiras recovered from two goals down to earn a 2-2 draw with Inter Miami.
Tadeo Allende handed Inter Miami the lead with a clinical finish following a counterattack before Luis Suarez made it 2-0 by dancing around Bruno Fuchs and firing a shot past goalkeeper Weverton.
But the Sao Paulo-based club lifted its intensity and Paulinho pulled a goal back by slotting home from 10 yards. The equalizer came three minutes from time when Mauricio pounced on a loose ball and smashed a rising effort beyond Oscar Ustari.
…..
Kirsty Coventry takes over IOC presidency
Zimbabwe’s Kirsty Coventry took over the presidency of the International Olympic Committee (IOC) from Thomas Bach on Monday during a handover ceremony at the IOC headquarters in Lausanne, Switzerland.
The 41-year-old former Olympic swimming champion made history by becoming the first woman and the first African to lead the 131-year-old global sports body. Her presidential term is eight years, with the possibility of seeking a four-year extension.
During her first speech as IOC President, Coventry praised the Olympic Movement as “a platform to inspire, a platform to change lives, and a platform to bring hope.”
Coventry secured the presidency in a decisive first-round vote during the 144th IOC Session on March 20, receiving 49 votes out of 97 ballots cast to defeat six other candidates.
A seven-time Olympic medalist for Zimbabwe, including two golds, Coventry is one of Africa’s most decorated athletes. She has been an IOC member since 2013 and previously chaired the IOC Athletes’ Commission, playing a key role in advocating for athletes’ rights and welfare.
…..
Crespo says he chose Sao Paulo over Europe
Hernan Crespo said Monday he gave up the possibility of managing a European club to return to Sao Paulo.
The 49-year-old told reporters he is motivated to take charge of the Brazilian Serie A club for a second time after agreeing to an 18-month contract last week.
“I’m happy to be back and to continue a story that ended too soon,” the former Argentina international striker said upon his arrival in Brazil.
“There was a chance that I could go to Europe but when Sao Paulo called, there was only one option.”
…..
Athletic Club Bilbao signs Robert Navarro
Athletic Club Bilbao on Monday confirmed its first arrival ahead of the next La Liga campaign with the signing of forward Robert Navarro.
The 23-year-old arrives on a free transfer after spending a season with Mallorca and has signed a five-year contract until the end of June 2030 as Athletic prepares to return to the Champions League after finishing fourth in La Liga last season.