Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇွန် ၂၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ကလပ်ကမ္ဘာ့ဖလားတွင် အော့ကလန်စီးတီးနှင့် ဘိုကာဂျူနီယာ သရေကျခဲ့ပြီး ချဲလ်ဆီး ၁၆ သင်းအဆင့်သို့ တက်ရောက်
ဇွန် ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား အုပ်စု-C ပွဲစဉ်တွင် ဘင်ဖီကာက ဘိုင်ယန်မြူးနစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ယူကာ အုပ်စုဗိုလ်နေရာကို ရယူနိုင်ခဲ့ပြီး အော့ကလန်စီးတီးကလည်း ဘိုကာဂျူနီယာကို ၁-၁ ဂိုးစီ သရေကစားနိုင်ခဲ့ဿည်။ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်နိုင်ပြီးဖြစ်သည့် ဖလာမင်ဂိုမှာ လော့စ်အိန်ဂျလိစ်အက်ဖ်စီနှင့် အော်လန်ဒိုမြို့၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုးစီသရေကျခဲ့သည်။
ဘိုင်ယန်မြူးနစ်နှင့် ဘင်ဖီကာအသင်းတို့ ရှားလော့မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၌ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး အန်ဒ‌ရေစ် ရှဲလ်ဒရက်ပ်က တစ်လုံးတည်း‌သော အနိုင်ဂိုးကို ပွဲချိန်အစောပိုင်းတွင် သွင်းယူခဲ့ပြီး ဘိုင်ယန်မြူးနစ်အဖို့ ယခုပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ရှုံးပွဲကြုံခဲ့ခြင်းဖြစ်သည်။
ယခုရလဒ်ကြောင့် လစ္စဘွန်းအခြေစိုက် ဘင်ဖီကာမှာ အုပ်စု-C တွင် ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်ထက် တစ်မှတ်အသာဖြင့် အုပ်စုထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ပြီး နှစ်သင်းစလုံး နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ဘင်ဖီကာမှာ ရှားလော့မြို့တွင် ဇွန် ၂၈ ရက်၌ ချဲလ်ဆီးနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်မှာမူ မိုင်ယာမီမြို့တွင် ဇွန် ၂၉ ရက်၌ ဖလာမင်ဂိုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
နက်ရှ်ဗေးလ်မြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အော့ကလန်စီးတီးနှင့် ဘိုကာဂျူနီယာအသင်း၏ ပွဲစဉ်၌ ခရစ်ရှန် ဂရေးက ဒုတိယပိုင်းတွင် ချေပဂိုးသွင်းယူနိုင်ခဲ့သဖြင့် အော့ကလန်စီးတီးမှာ ယခုပြိုင်ပွဲ၌ ပထမဆုံးအကြိမ် ရမှတ်ရယူနိုင်ခဲ့သည်။ အုပ်စု-C တွင် ဘိုကာဂျူနီယာနှင့် အော့ကလန်စီးတီးတို့မှာ အဆင့်-၃ နှင့် အဆင့်-၄ တွင် အသီးသီးရပ်တည်နေသဖြင့် ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
အုပ်စု-D ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းနှင့် တူနီးရှားကလပ် အက်စ်ပရန့်စ်တို့ ဖီလာဒဲလ်ဖီးယားမြို့တွင် ယှဉ်ပြိုင်ကစားခဲ့ရာ ချဲလ်ဆီးက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။ ယခုအနိုင်ရလဒ်ကြောင့် ချဲလ်ဆီးအသင်းမှာ အုပ်စု-D ၌ ရမှတ်ခြောက်မှတ် ရရှိထားပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရသည့် အက်စ်ပရန့်စ်ထက် သုံးမှတ်အသာ အုပ်စုဒုတိယနေရာဖြင့် အဆုံးသတ်ခဲ့သည်။
…..
— ဇာဘီအလွန်ဆိုနှင့် ဖုန်းပြောဆိုမှုက ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရာတွင် အလွန်အရေးပါခဲ့ဟု မာစတန်တူနို ပြော
ရေးဗားပလိတ်အသင်း၏ ဆယ်ကျော်သက် တိုက်စစ်ကစားသမား ဖရန်ကို မာစတန်တူနိုက ၎င်းအနေဖြင့် ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ရာတွင် နည်းပြသစ် ဇာဗီအလွန်ဆိုက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု ဇွန် ၂၄ ရက်၌ ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်အသင်းက မာစတန်တူနိုအား စာချုပ်ဖျက်သိမ်းကြေး ယူရို ၆၃ သန်း (ဒေါ်လာ ၇၂ သန်းဝန်းကျင်) ဖြင့် ခေါ်ယူခွင့်ရှိသည့်အချက်ကို အသက်သွင်းခဲ့သည့်အတွက် မာစတန်တူနိုမှာ ဩဂုတ်လအတွင်း ဘာနေဗျူးသို့ ပြောင်းရွှေ့လာမည်ဖြစ်သည်။
ပြီးခဲ့သည့်လက နည်းပြ ကာလိုအန်ဆယ်လော့တီ၏ နေရာတွင် အစားထိုးတာဝန်ယူခဲ့သည့် အလွန်ဆိုနှင့် ဖုန်းပြောဆိုစဉ်အတွင်း ၎င်းအနေဖြင့် မှန်ကန်သော အပြောင်းအရွှေ့ဖြစ်မည်ဟု ချက်ချင်း ယုံကြည်လက်ခံသွားခဲ့ကြောင်း အသက် ၁၇ နှစ်အရွယ် မာစတန်တူနိုက ဖွင့်ဟပြောဆိုခဲ့သည်။
“ဇာဗီ ကျွန်တော်နဲ့ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ပုံက မယုံနိုင်စရာပါပဲ။ ကျွန်တော် တကယ့်ကိုကျေးဇူးတင်ပါတယ်” ဟု DAZN ရုပ်သံနှင့် အင်တာဗျူး၌ မာစတန်တူနိုက ပြောကြားခဲ့သည်။
လူငယ်ကြယ်ပွင့်ကစားသမားဖြစ်သူ မာစတန်တူနိုမှာ ပြီးခဲ့သည့်ရာသီတွင် ရေးဗားပလိတ်အသင်း၌ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားခဲ့ရာတွင် ၇ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။
…..
— ဆန်းတို့စ်အသင်းနှင့် နေမာ စာချုပ်သက်တမ်းတိုး
နေမာအနေဖြင့် ဘရာဇီး စီးရီးအေကလပ် ဆန်းတို့စ်အသင်းနှင့် ဒီဇင်ဘာလအထိ စာချုပ်သက်တမ်းတိုးခဲ့ကြောင်း ကလပ်အသင်းက ဇွန် ၂၄ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဘာစီလိုနာနှင့် ပီအက်စ်ဂျီ တိုက်စစ်မှူးဟောင်းဖြစ်သူ အသက် ၃၃ နှစ်အရွယ် နေမာမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်-ဟီလာနှင့် လမ်းခွဲခဲ့ပြီးနောက် ငယ်ဘဝကလပ်အသင်းဖြစ်သည့် ဆန်းတို့စ်အသင်းထံ ‌‌ခြောက်လစာချုပ်ဖြင့် ဇန်နဝါရီလအတွင်းက ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။
ဘရာဇီးအသင်း၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သည့် နေမာမှာ မေဂျာလိဂ်သို့ ပြောင်းရွှေ့ရန် သို့မဟုတ် ဥရောပ၌ ပြန်လည်အခြေချရန် ချိတ်ဆက်မှုများ ရှိနေသည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဘောလုံးရာသီ ပြီးဆုံးသည်အထိ ဆန်းတို့အသင်း၌ ဆက်ရှိနေရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
“ကျွန်တော့်နှလုံးသားရဲ့ အသံကို နားထောင်ပြီး ဆုံးဖြတ်ချက်ချခဲ့တာပါ။ ဆန်းတို့စ်အသင်းက ကျွန်တော့်ရဲ့အသင်း ဖြစ်ရုံတင်မကဘဲ ကျွန်တော့်ရဲ့အိမ်၊ ကျွန်တော်ရဲ့ ရေသောက်မြစ်၊ ကျွန်တော့်ရဲ့ သမိုင်းကြောင်းနဲ့ ကျွန်တော့်ရဲ့ဘဝပါပဲ” ဟု နေမာက အသင်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ရေးသားခဲ့သည်။
နေမာမှာ ၂၀၀၉ ခုနှစ်တွင် ဆန်းတို့စ်အသင်းနှင့်အတူ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့ကာ အသင်းအတွက် ၂၄၃ ပွဲ ကစားခဲ့ပြီး ၁၄၁ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆၉ ကြိမ် ပြုလုပ်နိုင်ခဲ့သည်။ သို့သော် ၎င်းအနေဖြင့် ဘရာဇီး စီးရီးအေချန်ပီယံဆု ရှစ်ကြိမ်ရရှိထားသည့် ဆန်းတို့စ်အသင်းထံ ယခုနှစ်၌ တစ်ကျော့ပြန် ပြောင်းရွှေ့လာရာတွင် ဒဏ်ရာပြဿနာကြောင့် ၁၂ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။
…..
— ဘတ်စကက်ဘောပြိုင်ပွဲတွင် စည်းကမ်းချိုးဖောက်သူ နှစ်ဦးကို တွေ့ရှိပြီးနောက် တားမြစ်ဆေးသုံးစွဲမှုအပေါ် လုံးဝသည်းခံမည်မဟုတ်ဟု တရုတ်ဘတ်စကက်ဘောအဖွဲ့ချုပ် အလေးအနက်ပြောကြား
ယခုနှစ် ဧပြီလ၌ တရုတ်ဘတ်စကက်ဘောပြိုင်ပွဲအတွင်း စစ်ဆေးမှုလုပ်ဆောင်ရာတွင် တားမြစ်ဆေး စည်းကမ်းချက်များကို ချိုးဖောက်ထားသည့် နိုင်ငံခြားသား ကစားသမားနှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တားမြစ်ဆေးဆိုင်ရာ စည်းကမ်းချိုးဖောက်မှုများကို လုံးဝလက်သင့်ခံမည်မဟုတ်ကြောင်း တရုတ်ဘတ်စကက်ဘောအဖွဲ့ချုပ် (CBA) က အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)

…………….
(English Version)
Auckland stuns Boca, Chelsea progresses at Club World Cup
Benfica secured top spot in Group C at the FIFA Club World Cup with a 1-0 win over Bayern Munich on Tuesday, as Chelsea advanced from Group D and Auckland City stunned Boca Juniors with a 1-1 draw. Flamengo, already assured of a place in the last 16, drew 1-1 with Los Angeles FC in Orlando.
In Charlotte, an early goal from Norway international forward Andreas Schjelderup inflicted Bayern’s first blemish of the tournament.
The result left the Lisbon-based club a point ahead of the Bundesliga champions, who also advanced to the tournament’s next stage.
Benfica will meet Chelsea in Charlotte on Saturday while Bayern Munich faces Flamengo in Miami the next day.
In Nashville, Christian Gray struck a second-half equalizer as Auckland City clinched its first point of the tournament against Boca Juniors. Boca finished third in Group C, joining fourth-placed Auckland City in exiting the competition.
In Philadelphia, Chelsea secured its passage to the knockout phase with a 3-0 victory over Tunisia’s Esperance in Group D. The result meant Chelsea finished second in Group D with six points, three ahead of the eliminated Esperance.
…..
Mastantuono: Xabi Alonso call crucial to Real Madrid move
Teenage River Plate forward Franco Mastantuono said Tuesday that new Real Madrid manager Xabi Alonso had played a major role in his decision to sign with the Spanish club.
Mastantuono is set to arrive at the Bernabeu in August after Madrid triggered his buyout clause of 63 million euros (around 72 million US dollars).
The 17-year-old revealed that a phone call with Alonso, who replaced Carlo Ancelotti as Real Madrid’s manager last month, had immediately convinced him it was the right move.
“The way Xabi handled things with me was incredible. I’m really grateful,” Mastantuono said in an interview with DAZN.
Mastantuono has enjoyed a breakout season for River Plate with seven goals and four assists in 21 games across all competitions.
…..
Neymar renews Santos contract
Neymar has extended his contract with Santos until December, the Brazilian Serie A club said on Tuesday.
The 33-year-old former Barcelona and Paris Saint-Germain forward returned to his boyhood club on a six-month deal in January after parting ways with Saudi Pro League side Al-Hilal.
Brazil’s all-time leading scorer had been linked with a move to Major League Soccer or a possible return to Europe before agreeing to remain at Santos until the end of the 2025 season.
“I made a decision and I listened to my heart,” Neymar said in a statement on the club’s website. “Santos is not just my team, it is my home, my roots, my history and my life.
Neymar made his professional debut for Santos in 2009 and has made 243 appearances for the club, scoring 141 goals and providing 69 assists. Injuries have limited him to just 12 appearances this year for the eight-time Brazilian Serie A champions.
…..
China’s basketball governing body stresses zero tolerance on doping after two violations in CBA
The Chinese Basketball Association (CBA) has emphasized its zero tolerance on anti-doping efforts after two overseas players were found guilty of anti-doping rule violations during an in-competition test in the CBA league in April.