Connect with us

Asia

သမ္မတဟောင်း ယွန်းဆက်ယိုအား ဖမ်းဝရမ်းထုတ်ပြန်ရန် တောင်းဆိုမှုကို တောင်ကိုရီးယား တရားရုံး ပယ်ချ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ပုန်ကန်မှုစွဲချက်များအတွက် ဒုတိယအကြိမ် ပြစ်မှုဆိုင်ရာ ကြားနာစစ်ဆေးမှုခံယူရန် ရောက်ရှိနေသည့် ဖြုတ်ချခံ သမ္မတဟောင်း ယွန်းဆက်ယိုအား ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Newsis via Xinhua)

ဆိုးလ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆက်ယို၏ အချိန်ခဏသာ ကြာမြင့်သော စစ်အုပ်ချုပ်ရေး ကြေညာမှုအား စုံစမ်းစစ်‌ဆေးနေသည့် အထူးအစိုးရရှေ့နေ တစ်ဦးက လွန်ခဲ့သောရက်၌ ယွန်းအား ဖမ်းဝရမ်းထုတ်ပြန်ရန် တောင်းဆိုမှုအပေါ် တောင်ကိုရီးယား တရားရုံးက ဇွန် ၂၅ ရက်၌ ပယ်ချခဲ့သည်ဟု သတင်းဌာန အများအပြား၏ ဖော်ပြချက်အရ သိရသည်။
အထူးရှေ့နေက တောင်းဆိုမည်ဆိုလျှင် ယွန်းအနေဖြင့် လာရောက်အစစ်ဆေးခံမည်ဖြစ်ကြောင်း ၎င်း၏ ဥပဒေအကျိုးဆောင်ဘက်က ပြောကြားခဲ့သည့်အတွက် ဆိုးလ်ဗဟိုခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်မှုကို ပယ်ချလိုက်ခြင်းဖြစ်ကြောင်း ယွန်း၏ ပုန်ကန်မှုနှင့် အခြားစွဲချက်များအပေါ် စုံစမ်းစစ်ဆေးမှုများကို ဦးဆောင်သည့် ချိုအွန်ဆော့၏ သီးခြားလွတ်လပ်သော ရှေ့နေအဖွဲ့က သတင်းထောက်များကို ပြောကြားခဲ့သည်။
အထူးအစိုးရရှေ့နေက ဇွန် ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ၌ လာရောက်အစစ်ဆေးခံရန် ယွန်းနှင့် ၎င်း၏ ဥပဒေအကျိုးဆောင်အား အကြောင်းကြားထားသည်ဟု သိရသည်။
ယွန်းအနေဖြင့် ဇန်နဝါရီလအတွင်းက ၎င်းအား ဖမ်းဆီးရန် ကြိုးပမ်းမှုကို ဟန့်တားရန်၊ စစ်တပ်မှ တပ်မှူးသုံးဦးအား ပေးထားသည့် လုံခြုံရေးအစီအမံများ လုပ်ဆောင်ထားသော ဖုန်းများနှင့် ပတ်သက်သည့် အချက်အလက်များကို ဖျောက်ဖျက်ရန် သမ္မတသက်တော်စောင့်အဖွဲ့အား ညွှန်ကြားခဲ့သည့် စွဲချက်များအတွက် လာရောက်အစစ်ဆေးခံရန် ဇွန် ၁၉ ရက်၌ ရဲတပ်ဖွဲ့၏ တတိယအကြိမ် ဆင့်ခေါ်မှုကို ငြင်းဆန်ခဲ့သည်။
ပုန်ကန်မှုအား ဦးဆောင်သူအဖြစ် သံသယရှိမှုဖြင့် ယွန်းအား သမ္မတရုံးတွင် ဇန်နဝါရီ ၁၅ ရက်က လာရောက်ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်၌ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။ သို့သော် တရားရုံးက ၎င်းအား ပြန်လွှတ်ပေးရန် အတည်ပြုဆုံးဖြတ်မှုအပေါ် အယူခံမဝင်ရန် အစိုးရရှေ့နေများက ဆုံးဖြတ်ခဲ့ပြီးနောက် ယွန်းမှာ မတ် ၈ ရက်၌ ပြန်လွတ်မြောက်လာခဲ့သည်။
တောင်ကိုရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ယမန်နှစ် ဒီဇင်ဘာလ၌ ယွန်း၏ စစ်အုပ်ချုပ်ရေးကြေညာမှုနှင့် ပတ်သက်၍ ၎င်းအား စွပ်စွဲပြစ်တင်သည့် အဆိုကို ဧပြီ ၄ ရက်၌ အတည်ပြုခဲ့ပြီး ၎င်းအား ရာထူးမှ တရားဝင်ဖယ်ရှားခဲ့သည်။ (Xinhua)
……………….
(English Version)
S. Korea’s court dismisses warrant to arrest ex-President Yoon
SEOUL, June 25 (Xinhua) — South Korea’s court on Wednesday dismissed a warrant to arrest former President Yoon Suk-yeol, sought a day earlier by a special counsel investigating Yoon’s short-lived martial law imposition, according to multiple media outlets.
The independent counsel team of Cho Eun-suk leading the investigation into Yoon’s insurrection and other charges told reporters that the Seoul Central District Court rejected the warrant issuance as the Yoon side said he will appear for questioning if the special counsel demands it.
The special prosecutor notified Yoon and his lawyer to appear for questioning at 9:00 a.m. local time on Saturday.
Yoon rejected the third police call on June 19 to appear for questioning over his charges of ordering the presidential security service to block the attempt in January to arrest him and to delete information on security phones offered to three military commanders.
Yoon was apprehended in presidential office on Jan. 15 and was indicted under detention on Jan. 26 as a suspected ringleader of insurrection, but he was released on March 8 as prosecutors decided not to appeal against the court’s release approval.
The constitutional court upheld a motion to impeach Yoon on April 4 over his botched martial law bid last December, officially removing him from office.
English Caption
South Korea’s ousted President Yoon Suk-yeol attends the second hearing of his criminal trial over insurrection charges in Seoul, South Korea, April 21, 2025. (Newsis via Xinhua)