Connect with us

International Organizations

ကလပ်ကမ္ဘာ့ဖလားတွင် မန်ချက်စတာစီးတီးနှင့် ရီးရဲလ်မက်ဒရစ်တို့ ဂိုးပြတ်အနိုင်ရလဒ်ဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်

နယူးယောက်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
ဇွန် ၂၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပွဲစဉ်များတွင် မန်ချက်စတာစီးတီးနှင့် ရီးရဲလ်မက်ဒရစ်တို့က ပြိုင်ဘက်များကို ဂိုးပြတ်အနိုင်ယူ၍ အုပ်စုပထမအဖြစ် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး အယ်လ်-ဟီလာကလည်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ဆဲလ်ဘတ်မှာမူ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
အုပ်စု-G နောက်ဆုံးပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးနှင့် ဂျူဗင်တပ်စ်တို့ အော်လန်ဒိုမြို့တွင် ယှဉ်ပြိုင်ကစားခဲ့ရာ စီးတီးက ဒုတိယပိုင်းသွင်းဂိုး သုံးဂိုး အပါအဝင် ၅-၂ ဂိုးဖြင့် အနိုင်ရရှိကာ အုပ်စုပထမနေရာကို ရယူနိုင်ခဲ့သည်။
ရာယန် အေ့ထ်နူရီ မျှောထိုးပေးလိုက်သည့် ဘောလုံးကို ဂျယ်ရမီ ဒိုကူက ဂျူဗင်တပ်စ်ဂိုးသမား မစ်ခယ်လ် ဒီဂရီဂိုရီယိုကိုကျော်၍ တည်တည်ငြိမ်ငြိမ် အဆုံးသတ်ကာ အဖွင့်ဂိုးသွင်းယူခဲ့သည်။
သို့သော် ဒတ်ချ်ကွင်းလယ်လူ Teun Koopmeiners က စီးတီးဂိုးသမား အီဒါဆန်၏ ဘောလုံးပေးပို့မှုအား ကြားဖြတ်လုယူ၍ ဂိုးဧရိယာထဲသို့ ဆွဲပြေးကာ အနီးတိုင်ဆီသို့ အနိမ့်ကန်ချက်ဖြင့် ချေပဂိုးသွင်းယူခဲ့သည်။
ထို့နောက် မက်သီးယက်စ် နူနက်စ်၏ ဖြတ်တင်ဘောပေးပို့မှုကို ဂျူဗင်တပ်စ်ကစားသမား ပီရဲယ် ကာလူလူ ရှင်းထုတ်ရာ၌ ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် စီးတီးက ပြန်လည်ဦးဆောင်နိုင်ခဲ့သည်။
အာလင်ဟာလန်းက နူနက်စ် ညာခြမ်းမှပေးပို့လိုက်သည့် ဖြတ်တင်ဘောကို ပိတ်သွင်း၍ စီးတီးအတွက် တတိယဂိုး သွင်းယူခဲ့သလို ဖီးလ်ဖိုဒန်ကလည်း ဆယ်ဗင်ညိုနှင့် တွဲလုံးမှတစ်ဆင့် စတုတ္ထဂိုးသွင်းယူခဲ့သည်။
ထို့ပြင် ဂျူဗင်တပ်စ်ကစားသမား ဒီဂရီဂိုရီယို အလောတကြီး ရှင်းထုတ်ရာမှ ဂိုးတိုင်နှင့်ထိ၍ ပြန်ထွက်လာစဉ် ဘရာဇီးတောင်ပံကစားသမား ဆယ်ဗင်ညိုက အဝေးကန်ချက်ဖြင့် ပဥ္စမဂိုးသွင်းယူခဲ့သည်။
ဒူဆန် ဗလာဟိုဗစ်က ကီနန် ယီလ်ဒစ်၏ ပေးပို့မှုအား အသာအယာထိန်း၍ လှိမ့်ဘောကန်သွင်းခဲ့ရာ အီဒါဆန် မကာကွယ်နိုင်ခဲ့သဖြင့် ဂျူဗင်တပ်စ်အသင်း နောက်ကျချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။
မန်ချက်စတာစီးတီးအနေဖြင့် ဇွန် ၃၀ ရက်၌ အယ်လ်-ဟီလာနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ အုပ်စုဒုတိယ ရရှိခဲ့သည့် ဂျူဗင်တပ်စ်မှာမူ ဇူလိုင် ၁ ရက်၌ မိုင်ယာမီတွင် ရီးရဲလ်မက်ဒရစ်နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဖီလာဒဲလ်ဖီးယားတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် ဆဲလ်ဘတ်အသင်း၏ ပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်က ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗင်နီစီယက်စ် ဂျူနီယာက တစ်ဂိုးသွင်းယူကာ နောက်ထပ်သွင်းဂိုးတစ်ဂိုးကိုလည်း ဖန်တီးပေးခဲ့သည်။ ယခုရလဒ်ကြောင့် ဇာဘီအလွန်ဆို၏ အသင်းမှာ အုပ်စု-H တွင် အုပ်စုပထမနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ဩစတြီးယားကလပ် ဆဲလ်ဘတ်မှာမူ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီဖြစ်သည်။ ရီးရဲလ်အသင်းမှာ တတိယနေရာမှ ဆဲလ်ဘတ်ထက် သုံးမှတ်အသာ ရမှတ်ခုနစ်မှတ် ရရှိခဲ့ပြီး အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ (Xinhua)


…………………….
(English Version)
City hits five, Madrid cruises through at Club World Cup
NEW YORK, June 26 (Xinhua) — Manchester City and Real Madrid clinched top spot in their groups with commanding wins at the FIFA Club World Cup on Thursday, as Al-Hilal advanced and Salzburg bowed out.
Manchester City struck three second-half goals to beat Juventus 5-2 in Orlando and clinch top spot in Group G.
Jeremy Doku opened the scoring for the Premier League side, showing composure after Rayan Ait Nouri’s through ball to slot past goalkeeper Michele Di Gregorio.
Dutch midfielder Teun Koopmeiners equalized by intercepting Ederson’s pass out from the back, driving into the box and firing a low shot that beat the Brazilian goalkeeper at his near post.
Pierre Kalulu then put the ball in his own net while attempting to clear Matheus Nunes’ cross, restoring City’s lead.
Erling Haaland made it 3-1 by bundling home a Nunes cross from the right and Phil Foden added a fourth with a tap-in after combining with Savinho.
The Brazilian winger added to the Turin club’s misery with a long-range strike that bounced in off the underside of the bar after Di Gregorio’s rushed clearance.
Juventus pulled one back late through Dusan Vlahovic, who held off his marker after Kenan Yildiz’s slide-rule pass and rifled low past Ederson.
Manchester City will meet Al-Hilal in Orlando on Monday while Juventus, which finished second in the group, will face Real Madrid in Miami on Tuesday.
In Philadelphia, Vinicius Junior scored one goal and set up another as Real Madrid cruised to a 3-0 win over Salzburg. The result guaranteed top spot in Group H for Xabi Alonso’s men while the Austrian club was eliminated. Real Madrid finished the group stage with seven points, three ahead of third-placed Salzburg.