Connect with us

International Organizations

အချိန်ပိုသွင်းဂိုးများဖြင့် ဒရာမာဆန်ဆန် အနိုင်ရခဲ့သည့် ချဲလ်ဆီးနှင့် ပါလ်မီးရက်စ်တို့ ကလပ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တွင် ထိပ်တိုက်တွေ့ဆုံ

နယူးယောက်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ဇွန် ၂၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ပွဲစဉ်များတွင် ချဲလ်ဆီးက ဘင်ဖီကာအား အချိန်ပိုတွင် သုံးဂိုးသွင်းယူကာ ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို ပါလ်မီးရက်စ်ကလည်း ဘိုတာဖိုဂိုအား ပွဲကစားချိန် မိနစ် ၁၀၀ တွင် သွင်းယူခဲ့သည့် ပေါ်လင်ဟို၏ အနိုင်ဂိုးကြောင့် ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ကွာတားဖိုင်နယ်တွင် ချဲလ်ဆီးနှင့် ပါလ်မီးရက်စ်တို့ ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။ရှားလော့ထ်မြို့တွင် မုန်တိုင်းကျရောက်မှုကြောင့် ပွဲချိန်နှစ်နာရီနီးပါး နောက်ဆုတ်ခဲ့ရသည့် အဆိုပါပွဲစဉ်၌ ချဲလ်ဆီးအသင်းမှာ နောက်ကျချေပဂိုး အသွင်းခံခဲ့ရသော်လည်း အချိန်ပို မိနစ် ၃၀ တွင် အနိုင်ဂိုးများ ဆက်တိုက်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
ချဲလ်ဆီးအသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ်က ပွဲချိန် ၆၄ မိနစ်တွင် ဖရီးကစ်မှတစ်ဆင့် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း နာကျင်အချိန်ပိုတွင် ချဲလ်ဆီးကစားသမား မာလို ဂူစတို လက်ထိခဲ့သဖြင့် ဘင်ဖီကာအသင်း ပင်နယ်တီရရှိခဲ့ရာ အိန်ဂျယ် ဒီမာရီယာက ကန်သွင်း၍ ပြန်လည်ချေပခဲ့သည်။

အချိန်ပို အစောပိုင်းတွင် ဂီယန်လူကာ ပရက်စတီယန်နီ နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရသည့်အတွက် ဘင်ဖီကာအသင်း တစ်ယောက်လျော့ဖြင့် ယှဉ်ပြိုင်ခဲ့ရသည်။ ချဲလ်ဆီးအနေဖြင့် ကစားသမားတစ်ဦး အသာရရှိထားမှုကို အသုံးချနိုင်ခဲ့ပြီး ခရစ်စ်တိုဖာ အန်ကွန်ကူ၊ ပက်ဒရို နက်တိုနှင့် ကီယာနန် ဒူးစ်ဘရီဟောလ်တို့က အသီးသီး အနိုင်ဂိုးများသွင်းယူခဲ့သည်။“ဒီလို အံ့မခန်းပြိုင်ပွဲတစ်ခုမှာ ကွာတားဖိုင်နယ်ကို တက်ရောက်ခွင့်ရတဲ့အတွက် ကျွန်တော် သိပ်ပျော်ပါတယ်” ဟု ချဲလ်ဆီးနည်းပြ အန်ဇို မာရက်စကာက အချိန်လေးနာရီကျော် ကြာမြင့်ခဲ့သည့် အဆိုပါ ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။

“ပွဲချိန် ၈၅ မိနစ်လုံးလုံး ကျွန်တော်တို့ အခွင့်အရေးလုံးဝမပေးခဲ့ရသလို အနိုင်ရနိုင်မယ့် အခွင့်အရေးတွေလည်း အလုံအလောက်ရခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း ဒါမှမဟုတ် ပြီးခဲ့တဲ့လအတွင်း ကျွန်တော်တို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တစ်ခု ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ ၎င်း၏ကစားသမားများအနေဖြင့် ရာသီဥတုဒဏ်ကို ရင်ဆိုင်ရန် ရုန်းကန်ခဲ့ရသည်ဟုလည်း အဆိုပါ အီတလီသားနည်းပြက ဝန်ခံခဲ့သည်။အစောပိုင်းက ၁၆ သင်းအဆင့် ပွဲစဉ်တစ်ပွဲအဖြစ် ဘရာဇီးကလပ်နှစ်သင်းဖြစ်သည့် ပါလ်မီးရက်စ်နှင့် ဘိုတာဖိုဂိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပါလ်မီးရက်စ်က ပွဲကစားချိန် မိနစ် ၁၀၀ တွင် သွင်းယူခဲ့သော ပေါ်လင်ဟို၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မိနစ် ၉၀ ပြီးဆုံးသည်အထိ အခွင့်အရေးအနည်းငယ်သာ ရရှိခဲ့သော်လည်း ပွဲချိန် ၆၄ မိနစ်တွင် ဗစ်တာ ‌ရော့ကေးအစား လူစားဝင်လာသည့် ပေါ်လင်ဟိုက အချိန်ပိုတွင် အဝေးထောင့်ဆီသို့ အနိမ့်ဘောကန်သွင်း၍ အနိုင်ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။

ဘိုတာဖိုဂိုက ပွဲချိန်နှောင်းပိုင်းတွင် ကစားကွက်စိုးမိုးထားခဲ့ပြီး ချေပဂိုးရလုနီးပါး ဖြစ်ခဲ့သော်လည်း ယိုအာကင်း ကော်ရဲယား၏ ပေးပို့မှုအား ဗီတင်ဟို ပိတ်သွင်းခဲ့သော်လည်း ဂိုးပေါက်နှင့်လွဲချော်ခဲ့သည်။ ပါလ်မီးရက်စ်အသင်းမှာ အနိုင်ရလဒ်ကို ထိန်းထားနိုင်ခဲ့ပြီး ပြိုင်ပွဲ၏ ကွာတားဖိုင်နယ်အဆင့်သို့ ပထမဆုံး တက်ရောက်နိုင်သည့်အသင်း ဖြစ်လာခဲ့သည်။ (Xinhua)
………………………………………………………..
(English Version)
Chelsea, Palmeiras to meet in Club World Cup quarters after extra-time drama
NEW YORK, June 28 (Xinhua) — Chelsea scored three goals in extra time on Saturday to beat Benfica 4-1 and set up a Club World Cup quarterfinal with Palmeiras, which edged past Botafogo 1-0 courtesy of a 100th-minute strike from Paulinho.
The Premier League side overcame a late equalizer and a near two-hour storm delay in Charlotte to pull away in the added 30 minutes.
Chelsea captain Reece James struck with a 64th-minute free kick before Angel Di Maria equalized with a stoppage-time penalty following a Malo Gusto handball.
Benfica was reduced to 10 men early in extra time when Gianluca Prestianni was sent off for a second booking. Chelsea made the advantage count as Christopher Nkunku, Pedro Neto and Kiernan Dewsbury-Hall sealed the progression.
“I’m very happy because we are in the last eight teams of this fantastic competition,” Chelsea manager Enzo Maresca said after the match, which took more than four hours to complete.
“For 85 minutes, we didn’t concede anything and had enough chances to win the game. It was probably one of our best performances in the last two weeks or the last month.”
The Italian admitted his players had struggled to deal with the weather interruption.
Earlier in Philadelphia, a 100th-minute strike from substitute Paulinho gave Palmeiras a 1-0 victory over Botafogo in their all-Brazilian round-of-16 duel.
Following 90 minutes with few chances, Paulinho – a 64th-minute replacement for Vitor Roque – broke the deadlock in extra time with a low finish into the far corner.
Botafogo dominated the closing stages and almost found an equalizer when Joaquin Correa’s delivery to the back post was met by Vitinho, who could only drill it into the side netting.
Palmeiras survived to become the first team to progress to the competition’s last eight.