Africa & Middle East
ဂါဇာကမ်းမြောင်ဒေသ၌ မြေပြင်စစ်ဆင်ရေး တိုးချဲ့လုပ်ဆောင်နေဟု အစ္စရေးစစ်တပ် ပြော

ဂျေရုဆလမ်၊ ဇွန် ၃ ရက် (ဆင်ဟွာ)
အစ္စရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြီးခဲ့သည့်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ မြေပြင်စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း အစ္စရေးကာကွယ်ရေးတပ် (IDF) က ဇွန် ၂ ရက်၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဂါဇာဒေသ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ အခြားနေရာများသို့ မြေပြင်စစ်ဆင်ရေး တိုးချဲ့ရန် အစ္စရေးစစ်တပ် အကြီးအကဲ အိုင်ယာ ဇာမီယာက ဇွန် ၁ ရက်၌ ညွှန်ကြားခဲ့ပြီးနောက် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အစ္စရေးတပ်ဖွဲ့ဝင်များက စစ်သွေးကြွများကို သုတ်သင်ခဲ့ပြီး လက်နက်သိုလှောင်ရုံများ၊ မြေပေါ်မြေအောက်ရှိ အခြေခံအဆောက်အအုံများကို ဖြိုချခဲ့သည်ဟု IDF ၏ အဆိုအရ သိရသည်။
ထို့အတူ အစ္စရေးလေတပ်ကလည်း အကြမ်းဖက်များ ခိုအောင်းရာနေရာများ၊ ဂါဇာဒေသရှိ အကြမ်းဖက်အဖွဲ့အစည်းများ ပိုင်ဆိုင်သော စစ်ဘက်အဆောက်အအုံများ၊ မြေအောက်ဥမင်လမ်းများ၊ လက်နက်သိုလှောင်ရုံများနှင့် အခြား အကြမ်းဖက်အဆောက်အအုံနေရာများ အပါအဝင် ဂါဇာဒေသအနှံ့ရှိ ပစ်မှတ်အများအပြားကို ဇွန် ၁ ရက်မှစ၍ တိုက်ခိုက်ခဲ့သည်ဟု IDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
အပစ်အခတ်ရပ်စဲရေး၊ ဂါဇာ၌ ဖမ်းဆီးခံထားရသော အစ္စရေးဓားစာခံများကို ပြန်လွှတ်ပေးရေးအတွက် အမေရိကန်၏ အဆိုပြုချက်နှင့် စပ်လျဉ်း၍ အစ္စရေးနှင့် ဟားမက်စ်အကြား တစ်ဆင့်ခံ ဆွေးနွေးမှုများအတွင်း သဘောတူညီမှု မရရှိခဲ့ပြီးနောက် တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာခြင်းဖြစ်သည်။ (Xinhua)

ဂါဇာစီးတီး၌ အစ္စရေးက လေကြောင်းမှတိုက်ခိုက်ခဲ့ပြီးနောက် နေအိမ်အပျက်အစီးများကြားမှ ပါလက်စတိုင်းသားများကို ၂၀၂၅ ခုနှစ် မေ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………
(English Version)
Israeli army says expanded ground operations in Gaza Strip
JERUSALEM, June 2 (Xinhua) — The Israel Defense Forces (IDF) said in a statement on Monday that its troops had expanded ground operations in the Gaza Strip over the past day.
The move follows an order issued on Sunday by Israeli army chief Eyal Zamir to extend the ground offensive into additional areas in both the northern and southern parts of the strip.
According to the IDF, its troops killed militants and dismantled weapons storage facilities and infrastructure sites above and below ground.
In addition, the Israeli Air Force struck dozens of targets across the Gaza Strip since Sunday, “including terrorist cells, military structures belonging to the terror organizations in the Gaza Strip, tunnel routes, weapons storage facilities, and additional terrorist infrastructure sites,” according to the statement.
The expansion of the fighting follows disagreements in indirect negotiations between Israel and Hamas over the U.S. proposal for a ceasefire and the release of Israeli hostages held in Gaza.
English Caption 1
This photo released by Israel Defense Forces on June 1, 2025 shows Israeli troops operating in the Gaza Strip. (Israel Defense Forces/Handout via Xinhua)
English Caption 2
Palestinians are seen among the rubble of destroyed houses after an Israeli airstrike in Gaza City, on May 31, 2025. (Photo by Rizek Abdeljawad/Xinhua)