Connect with us

International Organizations

၂၀၂၅ ခုနှစ် ဇွန် ၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဝုဗ်တိုက်စစ်ကစားသမား ကွန်ညာကို ခေါ်ယူရန် သဘောတူညီမှုရရှိဟု မန်ချက်စတာယူနိုက်တက် ကြေညာ
ဝူလ်ဗာဟမ်တန်အသင်းမှ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား မက်သီးယက်စ် ကွန်ညာကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ‌မန်ချက်စတာယူနိုက်တက်အသင်းက ဇွန် ၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ပြီးခဲ့သည့် ဘောလုံးရာသီ၌ ၃၈ ပွဲ ကစားခဲ့ရာတွင် ၄၂ မှတ်သာ ရရှိခဲ့ပြီး အဆင့်-၁၅ ဖြင့် အဆုံးသတ်ခဲ့သည့် စိတ်ပျက်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် အသင်းကို အင်အားဖြည့်တင်းရန် ပထမဆုံး လုပ်ဆောင်မှုအဖြစ် အသက် ၂၆ နှစ်အရွယ် အဆိုပါ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်ကစားသမားဟောင်းကို ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ယူနိုက်တက်၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရလဒ်မှာ ၁၉၇၄ ခုနှစ်တွင် ဒုတိယတန်းသို့ တစ်ရာသီကြာ တန်းဆင်းခဲ့ရခြင်းဖြစ်သည်။
“မန်ချက်စတာယူနိုက်တက်အသင်းဟာ မက်သီးယက်စ် ကွန်ညာကို ခေါ်ယူဖို့ ဝူလ်ဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိသွားပါပြီ” ဟု ကလပ်အသင်း ဝက်ဘ်ဆိုက်မှ အတည်ပြုခဲ့ပြီး အဆိုပါ ဘရာဇီးသားအတွက် ဗီဇာရရှိရန်နှင့် မှတ်ပုံတင်ရန်သာ ကျန်ရှိတော့သည်ဟု ဖော်ပြထားသည်။
ယူနိုက်တက်အနေဖြင့် ကွန်ညာအတွက် ပေါင် ၆၇ သန်းဝန်းကျင် (အမေရိကန်ဒေါ်လာ ၈၅ သန်းခန့်) ပေးချေရမည်ဟု သိရသည်။ ကွန်ညာမှာ ဝုဗ်အတွက် စုစုပေါင်း ၉၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၃ ဂိုး သွင်းယူခဲ့ကာ ပြီးခဲ့သည့် ရာသီ၌ ဝုဗ်အတွက် ၃၃ ပွဲ ကစားခဲ့ရာတွင် ၁၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းအား တန်းဆင်းဇုန်မှ လွတ်မြောက်ကာ ယူနိုက်တက်နှင့် ရမှတ်တူ အနေအထားတွင် ရပ်တည်နိုင်စေရန် အဓိကနေရာမှ စွမ်းဆောင်ပေးခဲ့သည်။ ၎င်းမှာ ဘရာဇီးအသင်းအတွက်လည်း ၁၃ ပွဲ ပါဝင်ကစားထားသူဖြစ်သည်။
“မန်ချက်စတာယူနိုက်တက်မှာ ရှိနေတဲ့သူအားလုံးက မက်သီးယက်စ်ကို အိုးထရက်ဖို့ဒ်ကွင်းကြီးထဲကနေ ကြိုဆိုဖို့ စောင့်မျှော်လျက်ရှိပါတယ်” ဟု အသင်း၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
…..
— မိမိအနေဖြင့် ပျော်ရွှင်လျက်ရှိပြီး အနာဂတ်အတွက် အလျင်စလို ဆုံးဖြတ်မည်မဟုတ်ဟု လီဝန်ဒေါစကီး ပြော
ဘာစီလိုနာအသင်း တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးက ၎င်းအနေဖြင့် ထိပ်တန်းအဆင့်၌ ဆက်လက်ကစားနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး အသင်း၌ ၎င်း၏ကစားသမားဘဝကို မည်သည့်အချိန်တွင် အဆုံးသတ်မည်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
အသက် ၃၆ နှစ်အရွယ် လီဝန်ဒေါစကီးမှာ ဘာစီလိုနာအသင်း လာလီဂါဆုဖလားနှင့် စပိန်ဘုရင့်ဖလားတို့ကို ဆွတ်ခူးခဲ့စဉ်က အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ကြွက်သားဒဏ်ရာကြောင့် ရာသီနှောင်းပိုင်းတွင် ပါဝင်ကစားနိုင်ခြင်း မရှိသော်လည်း ပြိုင်ပွဲစုံ၌ ၄၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သည်။
လက်ကျန်စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ထပ်မံသက်တမ်းတိုးရန် စဉ်းစားထားခြင်းရှိမရှိနှင့် ၎င်း၏အနာဂတ်အတွက် မည်သို့စဉ်းစားထားသနည်းဟု ဘာစီလိုနာအခြေစိုက် အယ်လ်မွန်ဒို ဒီပေါ့တီဗို သတင်းစာက လီဝန်ဒေါစကီးအား မေးမြန်းခဲ့သည်။
“နောက်ရာသီပြီးရင် ဘာလုပ်ချင်သလဲဆိုတာကို ဆုံးဖြတ်ဖို့ ကျွန်တော့်အတွက် အချိန်အလုံအလောက် ရသေးတယ်လို့ ထင်ပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ရာသီက ခြေစွမ်းအတိုင်း ကစားနိုင်ပါသေးတယ်” ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။ “နောင်တစ်ချိန်မှာ ကျွန်တော့်စိတ်ကို ပြောင်းလဲစေနိုင်တဲ့ ဘောလုံးအားကစားပြင်ပက တခြားအရာတစ်ခုခုလည်း အချိန်မရွေး ရှိလာနိုင်ပါတယ်” ဟု လီဝန်ဒေါစကီးက အလေးအနက်ပြောကြားခဲ့သည်။
…..
— ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် ကျိန့်ချင်းဝန် ကွာတားဖိုင်နယ်တက်ရောက်
တရုတ်တင်းနစ်အကျော်အမော် ကျိန့်ချင်းဝန်မှာ ပဲရစ်ရှိ မြေစေးကွင်း၌ အိုလံပစ် ရွှေတံဆိပ်ဆုကို သမိုင်းဝင် ဆွတ်ခူးခဲ့ပြီး တစ်နှစ်နီးပါးအကြာတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင်လည်း အကောင်းဆုံး ရလဒ်များကို ပိုင်ဆိုင်ထားကာ ဇွန် ၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်၌ ရုရှားတင်းနစ်မယ် လျူဒီမီလာ ဆမ်ဆိုနိုဗာကို ၇-၆ (၅)၊ ၁-၆၊ ၆-၃ ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ကျိန့်အနေဖြင့် ဆမ်ဆိုနိုဗာနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည့် မှတ်တမ်း၌ ၂ ပွဲနိုင် ၃ ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ရာ ၂၀၂၁ ခုနှစ်တွင် ပါလာမိုမြို့ရှိ မြေစေးကွင်း၌ ပြိုင်ဘက်အား အလွယ်တကူအနိုင်ရရှိထားသည်။ ယခုတစ်ကြိမ်တွင်မူ ဩစတြေးလျအိုးပင်း၌ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့သည့် ကျိန့်မှာ ဆမ်ဆိုနိုဗာကို အနိုင်ယူရန် သုံးနာရီနီးပါး အကြိတ်အနယ် ကစားခဲ့ရသည်။
လာမည့်ပွဲစဉ်တွင် ကျိန့်အနေဖြင့် ကမ္ဘာ့အဆင့်-၁ ဘီလာရုစ်တင်းနစ်မယ် အရီနာ ဆာဘလန်ကာနှင့် အမေရိကန်တင်းနစ်မယ် အာမန်ဒါ အနစ်ဆီမိုဗာတို့ ပွဲစဉ်မှ အနိုင်ရရှိသူနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
…..
— Singapore Badminton Open ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းက ချန်ပီယံဆုနှစ်ဆု ဆွတ်ခူး
ဇွန် ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် Singapore Badminton Open ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ထိုင်းအသင်းက ချန်ပီယံဆုနှစ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီး Kunlavut Vitidsarn က အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ၌လည်းကောင်း၊ Dechapol Puavaranukroh နှင့် Supissara Paewsampran တို့က ကျား၊မ နှစ်ယောက်တွဲပြိုင်ပွဲ၌လည်းကောင်း အသီးသီး ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် Kunlavut (ဆီဒင်-၂) က အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့ပြီး တရုတ်ကြက်တောင်ကစားသမား Lu Guangzu အား ပွဲကစားချိန် ၃၇ မိနစ်အတွင်း ၂၁-၆၊ ၂၁-၁၀ မှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ယခုရာသီ၌ လေးကြိမ်မြောက် ချန်ပီယံဆု ရရှိခဲ့သည့် Kunlavut မှာ လာမည့်တစ်ပတ်တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က အသစ်ထုတ်ပြန်မည့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ အဆင့်-၁ နေရာသို့ ရောက်ရှိလာမည်ဖြစ်သည်။ ၎င်းမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်၌ ထိပ်ဆုံးသို့ရောက်ရှိလာမည့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း မွေးဖွားခဲ့သည့် ပထမဆုံး အမျိုးသားတစ်ဦးချင်း ကြက်တောင်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်သွားမည်ဖြစ်သည်။ (Xinhua)

 


……………………………………………………………………………………………
(English Version)
Manchester United announces agreement to sign Wolves’ striker Cunha
Manchester United announced an agreement on Sunday to sign Brazilian international striker Matheus Cunha from Wolverhampton Wanderers.
The signing of the 26-year-old former Atletico Madrid forward is the club’s first move to improve its squad after disappointing last season after finishing 15th in the classification with just 42 points from 38 matches – the club’s worst showing in the English top-flight since it was relegated for a season in the second division in 1974.
“Manchester United has reached agreement with Wolverhampton Wanderers for the signing of Matheus Cunha,” confirmed the club website, explaining the Brazilian’s arrival was “subject to visa and registration.”
United will pay around 67 million pounds (about 85 million U.S. dollars) for a player who has represented his country 13 times, scoring 33 goals in 92 appearances, for Wolves, with 15 of those coming in 33 Premier League appearances last season as he helped the club escape the relegation zone and finish level on points with United.
“Everyone at Manchester United looks forward to welcoming Matheus to Old Trafford,” added the United website.
…..
Lewandowski feeling good but in no hurry to decide future
FC Barcelona striker Robert Lewandowski expressed confidence in his ability to continue performing at a high level but declined to set a specific end date for his career at the club.
The 36-year-old played a key role in Barcelona’s La Liga and Copa del Rey double-winning season, scoring 42 goals across all competitions despite being sidelined late in the campaign with a muscle injury.
Speaking to the Barcelona-based El Mundo Deportivo newspaper, Lewandowski was asked about his future and whether he has considered extending his stay beyond the remaining year on his contract.
“I think I have enough time to decide what I want to do after next season. I can play at the same level as last season,” said Lewandowski, who noted that there could always be “something else outside of football that can ultimately change what’s on my mind.”
…..
Zheng reaches French Open last eight
Less than a year after her historic Olympic triumph on the Paris clay, Chinese sensation Zheng Qinwen recorded her best result at the French Open, reaching the quarterfinals with a 7-6 (5), 1-6, 6-3 victory over Russia’s Liudmila Samsonova on Sunday.
Although Zheng trailed Samsonova 2-3 in their head-to-head record entering the match, one of her two wins came easily on clay in Palermo in 2021. This time, the Australian Open finalist had to battle for nearly three hours to secure the win.
Zheng will next face the winner of the match between top seed Aryna Sabalenka of Belarus and Amanda Anisimova of the United States.
…..
Thailand claims two titles at Singapore Badminton Open
Thailand secured two championships on Sunday at the Singapore Badminton Open, with Kunlavut Vitidsarn winning the men’s singles crown and the mixed doubles pair of Dechapol Puavaranukroh and Supissara Paewsampran also triumphing.
Second-seeded Kunlavut dominated the men’s singles final, defeating China’s Lu Guangzu 21-6, 21-10 in just 37 minutes. The victory marked Kunlavut’s fourth title of the season and is set to propel him to the world No. 1 ranking in the men’s singles when the Badminton World Federation (BWF) releases its latest standings next week. He will also become the first men’s singles player born after 2000 to achieve the top ranking.