Connect with us

Economy

တွမ်းဝူပွဲတော်အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်းခရီးစဉ်များ ၅.၇ ရာခိုင်နှုန်းမြင့်တက်

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် တွမ်းဝူပွဲတော်အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် ပုံမှန် တိုးတက်မှုရှိခဲ့ပြီး ပြည်တွင်းခရီးစဉ်အရေအတွက်မှာ ၁၁၉ သန်းရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၅.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ဇွန် ၃ ရက်၌ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ယခုခရီးသွားလုပ်ငန်းဝင်ငွေမှာ ယွမ် ၄၂.၇၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅.၉၅ ဘီလီယံ) ရှိခဲ့ပြီး ယခင်နှစ် အလားတူအားလပ်ရက်ကာလနှင့် နှိုင်းယှဉ်ပါက ၅.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ထန်ဆန်းမြို့ရှိ Hetou ရှေးဟောင်းလမ်းရှုမျှော်ခင်းနေရာကို လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များအား ၂၀၂၅ ခုနှစ် ဇွန် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နဂါးလှေလှော်ပွဲတော်ဟုလည်း လူသိများသော အဆိုပါ အားလပ်ရက်သည် ယဉ်ကျေးမှုဆိုင်ရာ အစဉ်အလာဓလေ့များနှင့် အပန်းဖြေလှုပ်ရှားမှုအစီအစဉ်များ၊ နဂါးလှေလှော်ပြိုင်ပွဲများ၊ ကောက်ညှင်းထုပ်စားသုံးခြင်း၊ ရိုးရာသီချင်းများ သီဆိုခြင်းနှင့် ဂန္ထဝင်အနုပညာ တင်ဆက်ဖျော်ဖြေမှုများ စသည်တို့ကို ပေါင်းစပ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတစ်ဝန်းရှိ ပြတိုက်များ၊ ပန်းချီပြခန်းများနှင့် ယဉ်ကျေးမှုဆိုင်ရာနေရာများတွင်လည်း ဒြပ်မဲ့နှင့် ရိုးရာဓလေ့ထုံးတမ်းများကို ၂၀၂၅ ခုနှစ်အတွက် တင်ဆက်မှုများအဖြစ် ပေါင်းစပ်ထည့်သွင်းထားကာ ယင်းနေရာများသို့ လာရောက်လေ့လာသူများအား အတွေ့အကြုံမြှင့်တင်ပေးလျက်ရှိသည်။

ဇွန် ၁ ရက်တွင် ကျရောက်သော ကလေးများနေ့နှင့် တိုက်ဆိုင်လျက် ယခုနှစ် အားလပ်ရက်ကာလအတွင်း မိသားစုခရီးစဉ်များလည်း ရှိသလို လေ့လာရေးခရီးစဉ်များကလည်း လူကြိုက်များလျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
China’s domestic trips rise 5.7 pct during annual Duanwu holiday
BEIJING, June 3 (Xinhua) — China’s tourism sector saw steady growth during the 2025 Duanwu Festival holiday, with domestic trips increasing by 5.7 percent year on year to 119 million, according to data released by the Ministry of Culture and Tourism on Tuesday.
Tourism revenue reached 42.73 billion yuan (5.95 billion U.S. dollars), up 5.9 percent compared with the same holiday last year.
Also known as Dragon Boat Festival, this holiday combines cultural traditions and leisure activities — featuring dragon boat races, the consumption of zongzi, which are sticky rice dumplings, folk singing and classical performances.
Museums, art galleries and cultural venues nationwide incorporated intangible heritage and folk customs into their 2025 offerings, thereby enhancing visitor experiences.
Coinciding with Children’s Day on June 1, this year’s holiday saw family trips and study tours grow in popularity.
Photo 1: Tourists visit the Mingsha Mountain and Crescent Spring scenic spot in Dunhuang City, northwest China’s Gansu Province, May 31, 2025. (Photo by Zhang Xiaoliang/Xinhua)
Photo 2: Tourists visit the Hetou ancient street scenic area in Tangshan, north China’s Hebei Province, June 2, 2025. (Photo by Liu Mancang/Xinhua)