Economy
တရုတ်နိုင်ငံတွင် စက်ပစ္စည်းကိရိယာများ အသစ်လဲခြင်းအစီအစဉ်က ပြည်တွင်းဝယ်လိုအားကို ထိရောက်စွာ မောင်းနှင်

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)
ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ Jiangsu Tengsheng Textile Technology Group Co., Ltd. သည် လုပ်ငန်းကဏ္ဍတွင် အစဉ်အမြဲ အဓိကတက်ကြွသူဖြစ်ခဲ့သည်။ နိုင်ငံတော်အဆင့်စီမံကိန်းများတွင် ပါဝင်ခြင်းက ယင်းအထည်အလိပ်ထုတ်လုပ်သည့်လုပ်ငန်း၏ အနာဂတ်တိုးတက်ရေး ဦးတည်ချက်ကို ရှင်းလင်းစွာ လမ်းညွှန်ပြသခဲ့သည်။“စက်ပစ္စည်းအသစ်လဲ အဆင့်မြှင့်တင်ပြီးတော့ ကျွန်တော်တို့ရဲ့ စက်ပစ္စည်းကိရိယာတွေက ပြည်တွင်းလုပ်ငန်းတူတွေထဲမှာ ရှေ့တန်းကပြေးနေတယ်” ဟု တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်ရှိ ယင်းကုမ္ပဏီ ဒုတိယအထွေထွေမန်နေဂျာ ချန်ကွေ့ချွမ်းက ပြောကြားခဲ့သည်။
“ဒီတစ်ခါ အဆင့်မြှင့်တင်မှုက ထိရောက်မှုနှုန်းကို ၅ ရာခိုင်နှုန်းနဲ့အထက် တိုးမြှင့်ပေးမယ်၊ တစ်ယူနစ် ထုတ်လုပ်မှုပမာဏက ၂၀ ရာခိုင်နှုန်းဝန်းကျင် တိုးမြှင့်ပေးမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကုမ္ပဏီ၏ အစီအမံသည် တရုတ်နိုင်ငံ၏ ပမာဏအများအပြား စက်ပစ္စည်းကိရိယာအသစ်လဲခြင်းနှင့် ၂၀၂၄ ခုနှစ် မတ်လတွင် စတင်သော လူသုံးကုန်ပစ္စည်းများ အဟောင်းကို အသစ်နှင့်လဲလှယ်ခြင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
အဆိုပါအစီအစဉ်သည် ရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှုကို လှုံ့ဆော်ရန် အစိုးရဌာနအသီးသီးကို အလွန်ကာလကြာရှည်သော အစိုးရအထူးချေးငွေစာချုပ်များဖြင့် သက်ဆိုင်ရာအစီအမံများအား အရှိန်မြှင့် ဖော်ဆောင်ရန် တောင်းဆိုထားခြင်း ဖြစ်သည်။
နည်းပညာဆန်းသစ်ဖန်တီးမှုနှင့် နည်းပညာဖန်တီးတည်ဆောက်မှုတွင် အသုံးပြုမည့် ထပ်မံချေးငွေကို တရုတ်ယွမ်ငွေ ၅၀၀ ဘီလီယံ (ကန်ဒေါ်လာ ၆၉.၆ ဘီလီယံခန့်) မှ တရုတ်ယွမ်ငွေ ၈၀၀ ဘီလီယံအထိ တိုးမြှင့်ကြောင်း တရုတ်နိုင်ငံ ဗဟိုဘဏ် ဖြစ်သော တရုတ်ပြည်သူ့ဘဏ်သည် လွန်ခဲ့သည့်လက ကြေညာခဲ့သည်။ ထို့အပြင် ထပ်မံချေးငွေ၏အတိုးနှုန်းကို ၁.၇၅ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ ဗဟိုဘဏ် သုတေသနဌာန အကြီးအကဲ တင်းကျစ်ကျယ်က ယခုအကြိမ်ချေးငွေမြှင့်တင်လိုက်ခြင်းသည် ဖွဲ့စည်းတည်ဆောက်ပုံ ငွေကြေးဆိုင်ရာကိရိယာဖြင့် ပြည်တွင်းဝယ်လိုအားကို တိုးချဲ့မှု၏တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒါက စက်ပစ္စည်းကိရိယာအသစ်လဲခြင်းနဲ့ လူသုံးကုန် ပစ္စည်းများ အဟောင်းကို အသစ်နဲ့လဲခြင်း အစီအစဉ်ဖော်ဆောင်မှုအတွက် အခိုင်အမာပံ့ပိုးမှု ဖြစ်စေမယ်” ဟု တင်းကျစ်ကျယ်က ဆင်ဟွာသတင်းဌာနက ထုတ်လွှင့်သည့် “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီးတွင် ပြောကြားခဲ့သည်။
“လျှောက်ထားမှုကနေ အစိုးရထောက်ပံ့မှုရရှိတဲ့အထိ အချိန်လေးလသာကြာမြင့်မှာဖြစ်လို့ ထိရောက်မှုအလွန်မြင့်မားပါတယ်” ဟု တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ပါဝါဘတ်ထရီထုတ်လုပ်ရေးကုမ္ပဏီခွဲ Chilwee Group Co., Ltd. ဒုတိယမန်နေဂျာ ရွှီကော်ချန်က ပြောကြားခဲ့သည်။
အဆိုပါကုမ္ပဏီ၏ စက်ပစ္စည်းကိရိယာအသစ်လဲခြင်းကဏ္ဍတွင် စုစုပေါင်း ယွမ် သန်း ၆၀ ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ရာ ၎င်းအနက် အစိုးရထောက်ပံ့ကြေးငွေမှာ ယွမ် ၈ သန်းကျော် ရှိကြောင်း ရွှီ၏မိတ်ဆက်ပြောကြားချက်များအရ သိရသည်။
အလားတူပင် နိုင်ငံတစ်ဝန်း အဓိက စက်မှုလုပ်ငန်းကဏ္ဍရှိ ကုမ္ပဏီလုပ်ငန်းအများအပြားသည် စက်ပစ္စည်းကိရိယာအသစ်လဲလှယ်မှုများ အသီးသီးလုပ်ဆောင်ခဲ့ပြီး အကျိုးအမြတ်များ ရရှိခဲ့သည်။ ဧပြီလတွင် တရုတ်နိုင်ငံ၏ အဓိက အဆင့်မြင့်နည်းပညာ ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဒစ်ဂျစ်တယ်ထုတ်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ၏ ထပ်တိုးတန်ဖိုးသည် ယမန်နှစ်ကာလတူထက် ၁၀ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရို၏ ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။
ဤအမျိုးသားအဆင့်မူဝါဒဖော်ဆောင်သည့် တစ်နှစ်ကျော်ကာလတွင် တရုတ်နိုင်ငံ ပြည်တွင်းဈေးကွက်၏ ကြီးမားလှသော အလားအလာကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်။ ယခုနှစ် ပထမလေးလတာကာလတွင် စက်ပစ္စည်းကိရိယာရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ်ကာလတူထက် ၁၈.၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းထပ်တိုးပမာဏသည် ကာလတူရင်းနှီးမြှုပ်နှံမှုအားလုံး ထပ်တိုးပမာဏ စုစုပေါင်း၏ ၆၄.၅ ရာခိုင်နှုန်း ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရို၏ စာရင်းများအရ သိရသည်။
လူဦးရေ သန်းပေါင်း ၁.၄ ဘီလီယံကျော်ရှိသည့် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအား တိုးချဲ့မှုကဏ္ဍတွင် ကြီးမားသော အလားအလာများရှိကြောင်း “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” တွင် တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) အရာရှိ တင်းလျင်က ပြောကြားခဲ့သည်။
ထို့အတွက် နိုင်ငံအနေဖြင့် ပြည်သူ့ဝင်ငွေတိုးရေး၊ စားသုံးနိုင်စွမ်းမြှင့်တင်ရေး နည်းလမ်းများကို ပိုမိုရှာဖွေသင့်သည့်တစ်ချိန်တည်းတွင်ပင် စားသုံးမှုမူဝါဒမြှင့်တင်ရေးကို တစ်ဆင့်တိုးကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း တင်းလျင်က ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်ပစ္စည်းကိရိယာများကို အသစ်လဲခြင်းအပြင် တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးအစီအစဉ်ရေးဆွဲသူ တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) အနေဖြင့် ယွမ် ၈၀၀ ဘီလီယံရှိသော အလွန်ကာလကြာရှည်သည့် အစိုးရအထူးချေးငွေစာချုပ်များကို စီစဉ်ကာ နိုင်ငံ၏အဓိကမဟာဗျူဟာကို အားပေးခြင်းနှင့် အဓိကကဏ္ဍ အာမခံနိုင်စွမ်းတည်ဆောက်မှုကို မြှင့်တင်ခြင်းတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း တင်းက ပြောကြားခဲ့သည်။ ယင်းရန်ပုံငွေသည် ထိရောက်သော ရင်းနှီးမြှုပ်နှံမှုအား လှုံ့ဆော်သည့် “တက်ကြွသည့် အစီအမံ” ဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ စီမံကိန်းတည်ဆောက်မှုနဲ့ ရန်ပုံငွေချပေးခြင်းကို အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး လက်တွေ့ကျတဲ့ရလဒ်တွေ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမယ်” ဟု တင်းလျင်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
———————————
(Chinese Version)
(China Economic Roundtable) Economic Watch: China’s equipment renewal program effectively drives domestic demand
BEIJING, June 5 (Xinhua) — Since the beginning of the year, Jiangsu Tengsheng Textile Technology Group Co., Ltd. has been a hub of activity. Their participation in a national initiative has set the textile manufacturer on a promising path for a brighter future.
“Upon completion of the renewal, our equipment will achieve a leading standard within the domestic industry,” said Chen Guichun, deputy general manager of the company located in east China’s Jiangsu Province. “We expect this upgrade to boost our efficiency by over 5 percent and increase output per unit by around 20 percent.”
The company’s efforts are part of the China’s large-scale equipment renewal and consumer goods trade-in program, which was launched in March 2024. The program entails various government departments utilizing ultra-long special treasury bonds to accelerate the implementation of related measures, with the aim of stimulating investment and consumption.
The People’s Bank of China, China’s central bank, announced last month an increase in its relending for technological innovation and technical transformation from 500 billion yuan (about 69.6 billion U.S. dollars) to 800 billion yuan. Additionally, it has lowered the relending rate from 1.75 percent to 1.5 percent.
This increase is part of the central bank’s structural monetary tools aimed at expanding domestic demand, said Ding Zhijie, head of a research institute at the central bank. “It will provide unwavering support for the implementation of the equipment renewal and consumer goods trade-in program,” Ding said during the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency. ”
It took only four months from application to receiving government support, which is highly efficient for us,” said Xu Guoqiang, assistant manager of a power battery production subsidiary of Chilwee Group Co., Ltd., located in east China’s Zhejiang Province.
According to Xu, the company invested a total of 60 million yuan in equipment renewal, with over 8 million yuan of the investment being government-funded.
Similarly, numerous companies across the country’s key industrial sectors have undertaken equipment renewal and are reaping the benefits. In April, the added value of China’s major high-tech manufacturing and digital product manufacturing sectors both saw a year-on-year increase of 10 percent, data from the National Bureau of Statistics showed.
Over a year since its launch, this national program has successfully tapped into the vast potential of China’s domestic market. In the first four months of this year, investment in equipment and instruments surged by 18.2 percent compared to the previous year. This increase accounted for 64.5 percent of the overall investment growth during this period, according to the bureau.
Ding Lin, an official with the National Development and Reform Commission (NDRC), said at China Economic Roundtable that China, as the world’s second-largest economy with a population exceeding 1.4 billion, has enormous potential to unlock in order to expand domestic demand.
To this end, the country should explore more approaches to increase people’s income and boost consumer capacity, while further optimizing its pro-consumption policies, Ding said.
In addition to advancing equipment renewal nationwide, Ding said that the NDRC, China’s top economic planner, will allocate 800 billion yuan of ultra-long special treasury bonds to support the country’s major national strategies and bolster security capacity in key areas. Ding described the fund as a “proactive move” to stimulate effective investment.
“We will accelerate project construction and fund allocation to achieve tangible outcomes as soon as possible,” Ding added. Enditem
1. A technician makes adjustments on an in-house developed machine at a company in Keqiao District of Shaoxing, east China’s Zhejiang Province, March 14, 2024. (Xinhua/Weng Xinyang)