Connect with us

China

တရုတ်နိုင်ငံ ချုံချင့်မြို့တွင် SCO ရုပ်ရှင်ပွဲတော် ကျင်းပ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ ကျားလျင်မြစ်နံဘေးမှ ဟုန်ရာတုန့် ရှုခင်းသာနေရာ ညဘက်မြင်ကွင်းအား ကြည့်ရှုခံစားနေသော ခရီးသွားဧည့်သည်များကို ၂၀၂၅ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဇွန် ၉ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ရုပ်ရှင်ပွဲတော်ကို အဖွဲ့ဝင်နိုင်ငံများအကြား ရုပ်ရှင်နည်းပညာနှင့် ထုတ်လုပ်မှုလုပ်ငန်း၌ နောက်ဆုံးပေါ် အောင်မြင်မှုများကို အလေးထားလျက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ ယုံချွန်းခရိုင်တွင် ဇူလိုင် ၃ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဇွန် ၉ ရက်၌ ကြေညာခဲ့သည်။
မကြာမီကျင်းပမည့် ရုပ်ရှင်ပွဲတော်သည် SCO အဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ချုံချင့်မြို့ အစိုးရက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ ရုပ်ရှင်ပွဲတော်တွင် ရုပ်ရှင်ဇာတ်ကား ပြသခြင်းများ၊ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်များ၊ ရုပ်ရှင်နည်းပညာပြပွဲနှင့် ဧည့်ခံဖျော်ဖြေပွဲ စသည်တို့ အပါအဝင် အဓိကအစီအစဉ် ၁၁ မျိုး ပါဝင်မည်ဖြစ်သည်။ ယင်းပွဲတော်၌ “အကောင်းဆုံးရုပ်ရှင်ဆု” ၊ “အကောင်းဆုံး ဒါရိုက်တာဆု” အပါအဝင် ဆု ၁၀ ဆု ပေးအပ်ချီးမြှင့်မည်ဟု တရုတ်နိုင်ငံ ရုပ်ရှင်စီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး ချင်ကျန်ကွေ့က ဆိုသည်။
ရုပ်ရှင်ပွဲတော် ဖြစ်မြောက်ရေးကော်မတီအနေဖြင့် SCO အဖွဲ့ဝင်နိုင်ငံများမှ တင်သွင်းသော ရုပ်ရှင် ၂၇ ကား လက်ခံရရှိခဲ့ပြီး ပွဲတော်ကာလအတွင်း ထိုရုပ်ရှင်ဇာတ်ကားများကို ရွေးချယ်ပြသသွားမည်ဖြစ်သည်။
ချုံချင့်မြို့ အနောက်ပိုင်းတွင် တည်ရှိသော ယုံချွန်းခရိုင်သည် မကြာသေးမီနှစ်များအတွင်း ရုပ်ရှင်လုပ်ငန်း နည်းပညာဆန်းသစ်မှုအတွက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှု အချက်အချာအဖြစ် ထွက်ပေါ်လာခဲ့သည်။ ယခုအခါ အဆိုပါ ခရိုင်တွင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား လုပ်ငန်း ၁၀၀ ကျော် ရှိလာပြီဖြစ်ကာ စတုရန်းမီတာ ၃,၀၀၀ ရှိသော အွန်လိုင်းထုတ်လုပ်ရေးစင်မြင့်တစ်ခုနှင့် စတုရန်းမီတာ ၅,၀၀၀ ရှိသော စံချိန်မီအသံသွင်းနေရာတစ်ခု အပါအဝင် နောက်ဆုံးပေါ် ထုတ်လုပ်ရေးအဆောက်အအုံများ အားဖြည့်ထားကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
SCO film festival to kick off in China’s Chongqing
CHONGQING, June 9 (Xinhua) — The 2025 SCO (the Shanghai Cooperation Organization) Film Festival will take place from July 3 to 7 in Yongchuan District, southwest China’s Chongqing Municipality, highlighting the latest advancements in film technology and production across member states, local authorities announced Monday.
The upcoming film festival aims to promote people-to-people exchanges and cooperation between SCO member states, the municipal government said at a press conference.
The event will feature 11 major activities, including film screenings, cooperation forums, a film technology exhibition, and a gala concert. Ten awards will be presented at the event, including “best film” and “best director,” according to Qin Zhengui, deputy director of the China Film Administration.
The organizing committee has received 27 film submissions from SCO member states, with a curated selection to be screened during the event.
Yongchuan, located in the western part of Chongqing, has emerged as a burgeoning hub for film technology innovation in recent years. The district is now home to over 100 film and TV enterprises and boasts cutting-edge production facilities, including a 3,000-square-meter virtual production stage and a 5,000-square-meter standardized soundstage.
Photo: Tourists enjoy the night view of the Hongyadong scenic area by the Jialing River in southwest China’s Chongqing, May 28, 2025. (Xinhua/Wang Quanchao)