International Organizations
ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဂျိုကိုဗစ်နှင့် ဆင်နာ ထိပ်တိုက်တွေ့ဆုံ

လန်ဒန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
ဇူလိုင် ၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဝင်ဘယ်ဒန်ဆုဖလား ခုနစ်ကြိမ်ရရှိထားသည့် နိုဗက် ဂျိုကိုဗစ်က အီတလီမှ ဖလာဗီယို ကိုဘိုလီအား အကြိတ်အနယ် ယှဉ်ပြိုင်ကစားကာ အနိုင်ယူခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။ ဆီမီးဖိုင်နယ်တွင် ဂျိုကိုဗစ်နှင့် ဂျန်းနစ်ခ် ဆင်နာတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိရာ ပရိသတ်များ အထူးမျှော်လင့်စောင့်စားနေသော အကြိတ်အနယ် ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။၂၅ ကြိမ်မြောက် ဂရင်းစလင်းဆုဖလားကို စံချိန်တင်ဆွတ်ခူးနိုင်ရန် ကြိုးပမ်းနေသည့် ဆားဘီးယား တင်းနစ်အကျော်အမော် ဂျိုကိုဗစ်မှာ တစ်ပွဲရှုံးနေရာမှ အကြိတ်အနယ်ကစားကာ ကိုဘိုလီအား ၆-၇ (၆)၊ ၆-၂၊ ၇-၅၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။
ဂျိုကိုဗစ်မှာ break point ၁၂ ကြိမ်တွင် ၆ မှတ်ယူနိုင်ခဲ့သလို ကိုဘိုလီအနေဖြင့် ဂျိုကိုဗစ် ကျူးလွန်ခဲ့သည့် unforced error ၂၂ ကြိမ်ထက် နှစ်ဆပို၍ ၄၄ ကြိမ် ကျူးလွန်ခဲ့သည့်အတွက်လည်း ပြန်လည်ပေးဆပ်ခဲ့ရခြင်းဖြစ်သည်။
ဆီဒင်-၁ ကစားသမား ဆင်နာကလည်း တံတောင်ဆစ်ဒဏ်ရာကြောင့် စိတ်မသက်မသာဖြစ်မှုကို ကျော်လွှားကာ အမေရိကန်နိုင်ငံသား ဘန်ရှယ်လ်တန်ကို ၇-၆ (၂)၊ ၆-၄၊ ၆-၄ ဖြင့် အနိုင်ယူခဲ့သည်။
အသက် ၂၃ နှစ်အရွယ် အီတလီနိုင်ငံသားအနေဖြင့် ဇူလိုင် ၇ ရက်က ဂရီဂေါ် ဒီမီထရော့ဗ်နှင့် ယှဉ်ပြိုင်ခဲ့သည့် စတုတ္ထအဆင့် ပွဲစဉ်၌ ခြေချော်လဲပြီးနောက် ညာဘက်တံတောင်ဆစ်၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ အကာအကွယ် ဝတ်ဆင်ကစားခဲ့သည့် ဆင်နာမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပုံရသော်လည်း ရှယ်လ်တန်နှင့် ပွဲစဉ်၌ စိတ်ကြိုက်ထိန်းချုပ်နိုင်ခဲ့သည်။

ဇူလိုင် ၁၁ ရက် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆင်နာအနေဖြင့် ၂၀၂၃ ခုနှစ်၌ ဂျိုကိုဗစ်အား သုံးပွဲပြတ် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အတွက် မကျေပွဲဖြစ်လာမည်ဖြစ်သည်။ အမျိုးသားတစ်ဦးချင်း ပြိုင်ပွဲ၏ နောက်ထပ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ကမ္ဘာ့အဆင့်-၂ ကားလို့စ် အယ်လ်ကာရက်ဇ်က တေလာ ဖရစ်ဇ် (ဆီဒင်-၅) နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲတွင်မူ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လက်စွမ်းပြနေသည့် အသက် ၁၈ နှစ်အရွယ် ရုရှားတင်းနစ်မယ် မီရာ အန်ဒရေဗာက ဆွစ်ဇာလန်နိုင်ငံသူ ဘယ်လင်ဒါ ဘန်ဆစ်အား ၇-၆ (၃)၊ ၇-၆ (၂) ဖြင့် ရှုံးနိမ့်ခဲ့သည်။
သို့ဖြစ်၍ အိုလံပစ်ချန်ပီယံဟောင်းဖြစ်သူ အဆင့်-၃၅ ဆွစ်တင်းနစ်မယ်မှာ ရုရှားနိုင်ငံသူ လျူဒီမီလာ ဆမ်ဆိုနိုဗာအား ၆-၂၊ ၇-၅ ဖြင့် အနိုင်ယူကာ ဆီမီးဖိုင်နယ် တက်လာသည့် အီဂါ ဆဝိုင်ယာတက်ခ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အခြား ဆီမီးဖိုင်နယ်ပွဲစဉ်၌ ကမ္ဘာ့အဆင့်-၁ အရီနာ ဆာဘလန်ကာနှင့် အမေရိကန်တင်းနစ်မယ် အာမန်ဒါ အန်နီဆီမိုဗာ (ဆီဒင်-၁၃) နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ (Xinhua)
…………………………………………………………
(English Version)
Djokovic sets up semifinal clash with Sinner at Wimbledon
LONDON, July 9 (Xinhua) — Seven-time champion Novak Djokovic battled past Italy’s Flavio Cobolli in a hard-fought match on Wednesday, securing his place in the Wimbledon semifinals, where he will face Jannik Sinner in a highly anticipated showdown.
The Serbian star, chasing a record 25th Grand Slam title, rallied from a set down to defeat Cobolli 6-7 (6), 6-2, 7-5, 6-4.
Djokovic converted six of his 12 break points, while Cobolli’s 44 unforced errors – double Djokovic’s 22 – proved costly.
Top seed Sinner overcame lingering discomfort from an elbow injury to defeat American Ben Shelton 7-6 (2), 6-4, 6-4.
The 23-year-old Italian had injured his right elbow after slipping during his fourth-round match against Grigor Dimitrov on Monday. Wearing a protective sleeve, Sinner showed little sign of trouble as he controlled the match against Shelton.
Friday’s semifinal will be a rematch of their 2023 encounter, which Djokovic won in straight sets.
The other men’s semifinal will feature world No. 2 Carlos Alcaraz against fifth seed Taylor Fritz.
In the women’s draw, 18-year-old Russian Mirra Andreeva’s impressive run came to an end with a 7-6 (3), 7-6 (2) loss to Switzerland’s Belinda Bencic.
The 35th-ranked Swiss, a former Olympic champion, will now face eighth seed Iga Swiatek, who booked her semifinal place with a 6-2, 7-5 win over Russia’s Liudmila Samsonova.
The other semifinal will see world No. 1 Aryna Sabalenka take on American 13th seed Amanda Anisimova.