Connect with us

Science & Technology

တရုတ်ဆေးဘက်ဆိုင်ရာပစ္စည်းများ နိုင်ငံနှင့် ဒေသပေါင်း ၁၉၀ ကျော်သို့ တင်ပို့ရောင်းချ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ချုံချင့်မြို့ရှိ ချုံချင့် အပြည်ပြည်ဆိုင်ရာပြပွဲစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည့် တရုတ်ဆေးဘက်ဆိုင်ရာပစ္စည်းညီလာခံနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းပြပွဲ၌ ဧည့်သည်များက ဓာတ်ရောင်ခြည်ခွဲစိတ်ကုသမှုစက်ရုပ်ကို ကြည့်ရှုနေကြပုံကို ၂၀၂၅ ခုနှစ်၊ မတ် ၁၄ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ရှန်ဟိုင်းမြို့တွင် ကျင်းပခဲ့သော ဆေးဘက်ဆိုင်ရာပစ္စည်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တရုတ် နိုင်ငံတကာညီလာခံ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံက ဆေးဘက်ဆိုင်ရာပစ္စည်းများကို ပြီးခဲ့သည့်နှစ်က နိုင်ငံနှင့်ဒေသပေါင်း ၁၉၀ ကျော်ရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းပေါင်း ၉,၀၀၀ ကျော်ထံသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၏ ဆေးဘက်ဆိုင်ရာပစ္စည်း ထုတ်ကုန်သွင်းကုန်ကဏ္ဍသည် နှစ်စဉ် ပျမ်းမျှ ၉.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ရာ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းနှင့် ကုန်အမှတ်တံဆိပ်ဩဇာ တည်ငြိမ်စွာမြင့်တက်လာမှုအပြင် ပိုမိုနက်ရှိုင်းသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို ပြသနေကြောင်း ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်အထိ အဆိုပါညီလာခံကို ဦးစီးကျင်းပခဲ့သည့် တရုတ်ဆေးဘက်ဆိုင်ရာပစ္စည်းအသင်း ဥက္ကဋ္ဌ Hou Yan က ပြောကြားခဲ့သည်။

ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အဆင့်မြင့်၊ ကျယ်ပြန့်ပြီး ဘက်စုံပါဝင်သည့် ပလက်ဖောင်းတစ်ခု ဖန်တီးရန်နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းကဏ္ဍတွင် တရုတ်နိုင်ငံ၏ တီထွင်ဆန်းသစ်မှုများနှင့် အတွေ့အကြုံများကို မျှဝေရန်ဖြစ်ကြောင်း Hou Yan က ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါညီလာခံသို့ ကျန်းမာရေးဝန်ထမ်းများ၊ ကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာလုပ်ငန်း ကိုယ်စားလှယ်များအပါအဝင် နိုင်ငံနှင့်ဒေသပေါင်း ၁၇ ခုမှ သက်ဆိုင်သူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

—————————-
English Version
China’s medical equipment exports reach over 190 countries, regions
SHANGHAI, July 12 (Xinhua) — China’s medical equipment exports reached over 9,000 medical institutions in more than 190 countries and regions last year, according to the China International Conference on Medical Equipment Cooperation held in Shanghai.
Over the past five years, China’s medical equipment import and export trade has seen a compound annual growth rate of 9.4 percent, indicating a steady rise in international competitiveness and brand influence, as well as deeper international cooperation, said Hou Yan, chairperson of the China Association of Medical Equipment, which hosted the conference from Friday to Saturday.
The purpose of hosting the conference was to build a high-level, wide-ranging and multi-dimensional platform for international exchange and cooperation, and to share China’s innovations and experience in the medical equipment sector, Hou added.
Participants from 17 countries and regions, including health officials, experts and representatives from medical enterprises, attended the conference.

English Caption
Visitors view a radiosurgical robot during the 2025 China Medical Equipment Conference & Medical Equipment Exhibition held at Chongqing International Expo Center in southwest China’s Chongqing Municipality, March 14, 2025. (Xinhua/Wang Quanchao)