International Organizations
ဆဝိုင်ယာတက်ခ်က အန်နီဆီမိုဗာအား အပြတ်အသတ်အနိုင်ယူကာ ဝင်ဘယ်ဒန်ဆုဖလားကို ဆွတ်ခူး

လန်ဒန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
ဇူလိုင် ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲတွင် အီဂါ ဆဝိုင်ယာတက်ခ်က အာမန်ဒါ အန်နီဆီမိုဗာအား ၆-၀၊ ၆-၀ ဖြင့် အပြတ်အသတ် အနိုင်ယူကာ ၎င်းအတွက် ပထမဆုံး ဝင်ဘယ်ဒန်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။အဆိုပါ ဆီဒင်-၈ ပိုလန်တင်းနစ်မယ်မှာ Open Era ၌ ၆-၀၊ ၆-၀ ရလဒ်ဖြင့် ဝင်ဘယ်ဒန်ဆုဖလားကို ဆွတ်ခူးနိုင်သည့် ပထမဆုံး တင်းနစ်မယ်ဖြစ်လာခဲ့ပြီး ယခင်က ဂရင်းစလင်း ပြိုင်ပွဲ၌ အလားတူ ရလဒ်ဖြင့် ချန်ပီယံဖြစ်ခဲ့သူမှာ ၁၉၈၈ ခုနှစ် ပြင်သစ်အိုးပင်း၌ ပြိုင်ဘက်ဖြစ်သူ နာတာရှာ ဇဗီရက်ဗာအား အနိုင်ရရှိခဲ့သည့် စတက်ဖီ ဂရက်ဖ်တစ်ဦးတည်းသာ ရှိခဲ့သည်။
ပွဲချိန် ၅၇ မိနစ် ကြာမြင့်သည့် အဆိုပါပွဲစဉ်၌ ဆဝိုင်ယာတက်ခ်က break point ရရှိနိုင်သည့် ကိုးကြိမ်တွင် ခြောက်မှတ်ရယူနိုင်ခဲ့သလို unforced error ၁၁ ကြိမ်သာ ရှိခဲ့ပြီး အန်နီဆီမိုဗာမှာမူ unforced error ၂၄ ကြိမ် ရှိခဲ့သည်။
“ဒါက သိပ်ကိုအိပ်မက်ဆန်နေသလိုပါပဲ” ဟု ဆုပေးပွဲအခမ်းအနား၌ ဆဝိုင်ယာတက်ခ်က ပြောကြားခဲ့သည်။”ဝင်ဘယ်ဒန်ဆုဖလား ဆွတ်ခူးနိုင်ဖို့က သိပ်ကိုအလှမ်းဝေးလွန်းတာမို့ အိပ်မက်တောင် မမက်ခဲ့ပါဘူး။ ဂရင်းစလင်း ဆုဖလားတွေ ဆွတ်ခူးပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားတစ်ယောက်လို့ ခံစားမိခဲ့ပေမဲ့ ဒီဆုဖလားကိုတော့ ကျွန်မ လုံးဝမျှော်လင့်မထားခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။ပွဲအစမှ အဆုံးအထိ စပေးဘောများတွင် ရုန်းကန်ခဲ့ရသည့် အန်နီဆီမိုဗာက ၎င်းအနေဖြင့် နောက်ဆုံးစပေးဘောအလှည့် အပါအဝင် double faults ငါးကြိမ် ကျူးလွန်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………………………………..
(English Version)
Swiatek routs Anisimova to win Wimbledon title
LONDON, July 12 (Xinhua) — Iga Swiatek ruthlessly thrashed Amanda Anisimova 6-0, 6-0 to win her maiden Wimbledon title on Saturday.
The eighth-seeded Pole became the first female player to win the Wimbledon trophy with a double bagel in the Open Era, while the only other instance at a Grand Slam came in the French Open in 1988 when Steffi Graf beat Natasha Zvereva.
Swiatek converted six of the nine break points she created throughout the 57-minute match, making only 11 unforced errors against Anisimova’s 24.
“It seems super surreal,” Swiatek said during the trophy presentation.
“I didn’t even dream (about winning Wimbledon) because it was way too far, I feel like I’m already an experienced player after winning the Slams before but I never really expected this one,” she said.
Anisimova, who struggled with her serve from the very beginning to the end, committed five double faults, including one in her final service game.
English Caption 1
Iga Swiatek poses with the trophy during the award ceremony at the Wimbledon Tennis Championships in London, Britain, July 12, 2025. (Xinhua/Zhao Dingzhe)
English Caption 2
Iga Swiatek celebrates her victory during the women’s singles final against Amanda Anisimova of the United States at the Wimbledon Tennis Championships in London, Britain, July 12, 2025. (Xinhua/Zhao Dingzhe)