Connect with us

Africa & Middle East

ဂီနီဘစ်ဆောနိုင်ငံ သမ္မတက တရုတ်နိုင်ငံအား “လက်တွေ့ကျပြီး ရိုးသားသော” ဖွံ့ဖြိုးရေးမိတ်ဖက်ဟု ချီးကျူး

ဘစ်ဆော၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ဂီနီဘစ်ဆောနိုင်ငံ သမ္မတ Umaro Sissoco Embalo က ၎င်းတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုများကို ဇူလိုင် ၁၁ ရက်တွင် ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။သမ္မတအိမ်တော်တွင် မကြာသေးမီက အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်ကို ပြန်လည်သုံးသပ်စဉ် Embalo က “တရုတ်နိုင်ငံဟာ သူ့ရဲ့အကူအညီပေးမှုမှာ လက်တွေ့ကျပြီး ရိုးသားတဲ့ မိတ်ဖက်တစ်ဦးပါ” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘယ်သူမှ ကျွန်တော်တို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဝင်ရောက်လွှမ်းမိုးလို့ မရပါဘူး” ဟု သမ္မတ Embalo က ပြောကြားခဲ့ပြီး ဂီနီဘစ်ဆောသည် ဘက်မလိုက်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ အဖြစ် ဆက်လက်တည်ရှိနေကြောင်း အလေးပေးပြောကြားခဲ့သည်။

“တရုတ်နိုင်ငံဟာ အစကတည်းက ကျွန်တော်တို့ရဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး ဂီနီဘစ်ဆောကို ဘယ်တော့မှ စွန့်ပစ်ခဲ့တာ မရှိပါဘူး။ တရုတ်နိုင်ငံဟာ အလွန်ကောင်းမွန်တဲ့ မိတ်ဖက်ဖြစ်ပြီး ကျွန်တော်တို့ ၂ နိုင်ငံ ဆက်ဆံရေးဟာလည်း အလွန်ကောင်းမွန်ပါတယ်” ဟု ၎င်းက ဆိုသည်။

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များအကြောင်းကိုလည်း ပြန်လည်ပြောကြားပြီး သမ္မတ Embalo က တရုတ်နိုင်ငံနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို အထူးတန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

—————————
English Version
Guinea-Bissau president hails China as “pragmatic and sincere” development partner
BISSAU, July 12 (Xinhua) — President of Guinea-Bissau Umaro Sissoco Embalo on Friday praised China’s contribution to the nation’s development.
Speaking at the Presidential Palace while reviewing his recent visit to the United States, Embalo said that “China is a pragmatic and sincere partner in its assistance.”
“No one can dictate our cooperation with China,” the president said, emphasizing that Guinea-Bissau remains a sovereign and non-aligned country.
“China has been our friend since the beginning and has never abandoned Guinea-Bissau. It is an excellent partner, and our relations are excellent,” he said.
Recalling his visits to China in 2024, Embalo said he appreciates the longstanding cooperation with China.

English Caption
Chinese President Xi Jinping meets with Guinea-Bissau President Umaro Sissoco Embalo, who is here for the 2024 Summit of the Forum on China-Africa Cooperation (FOCAC), at the Great Hall of the People in Beijing, capital of China, Sept. 5, 2024. (Xinhua/Yao Dawei)