Connect with us

International Organizations

လေဗာကူဆင်က ပီအက်စ်ဗီ ကစားသမား တေးလ်မန်းအား ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ

ဘာလင်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းက အမေရိကန်လက်ရွေးစင် ကစားသမား မာလစ်ခ် တေးလ်မန်းအား ဒတ်ချ်အမှတ်ပေးချန်ပီယံ ပီအက်စ်ဗီအသင်းထံမှ ခေါ်ယူခဲ့ကြောင်း၊ အဆိုပါ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမားအား ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် အတည်ပြုကြေညာခဲ့သည်။နုရင်ဘတ်မြို့၌ မွေးဖွားခဲ့သည့် တေးလ်မန်းမှာ ဘိုင်ယန်မြူးနစ်အသင်း၏ လူငယ်စီမံကိန်းမှ ထွက်ပေါ်လာခဲ့သူဖြစ်ကာ လေဗာကူဆင်အသင်းထံ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“ပြိုင်ဘက်ဂိုးပေါက်ရှေ့မှာ ကြောက်စရာကောင်းပြီး ကျွန်တော်တို့အသင်းရဲ့ ကစားဟန်နဲ့လည်း လုံးဝကို လိုက်ဖက်ညီတဲ့ နည်းစနစ်ပိုင်းအရ ပါရမီရှင် ကစားသမားတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့ပါပြီ” ဟု လေဗာကူဆင်အသင်း အားကစားဒါရိုက်တာ ဆီမွန် ရိုင်းဖက်စ်က ပြောကြားခဲ့သည်။ “မာလစ်ခ်ဟာ ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည်ကို အဆင့်သစ်တစ်ခုဆီ ရောက်ရှိစေမှာပါ။ ဒါက ကျွန်တော်တို့အတွက် ထိပ်တန်းအဆင့် ကစားသမားခေါ်ယူမှုပါပဲ” ဟု ၎င်းက ဆိုသည်။

တေးလ်မန်းအနေဖြင့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သွင်းဂိုးသုံးဂိုး၊ ဂိုးဖန်တီးမှုနှစ်ကြိမ် အပါအဝင် ပြီးခဲ့သည့် ဘောလုံးရာသီ၌ ပီအက်စ်ဗီအသင်းအတွက် စုစုပေါင်း ၃၄ ပွဲ ကစားခဲ့ရာ သွင်းဂိုး ၁၆ ဂိုး၊ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ခဲ့ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သည်။ ပီအက်စ်ဗီအသင်း ပြည်တွင်းအမှတ်ပေးဖလားအား နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်စေရန်လည်း ၎င်း၏စွမ်းဆောင်ရည်များဖြင့် ကူညီပံ့ပိုးပေးခဲ့သည်။

စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းနှင့် ပီအက်စ်ဗီအသင်းတို့တွင် အငှားဖြင့် သွားရောက်ကစားခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် နွေရာသီတွင် တေးလ်မန်းအား ပီအက်စ်ဗီက အပြီးသတ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်မြူးနစ်အနေဖြင့် ၎င်းအား ရောင်းချခဲ့စဉ်က ပြန်လည်ခေါ်ယူခွင့်ရှိသည့် အချက်ကို စာချုပ်၌ ထည့်သွင်းခဲ့သော်လည်း ယင်းအား အသက်သွင်းခဲ့ခြင်း မရှိသဖြင့် လေဗာကူဆင်က ယခုကဲ့သို့ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဂျာမနီသို့ တစ်ကျော့ပြန် ရောက်ရှိလာခြင်းမှာ ၎င်း၏ကစားသမားဘဝအတွက် အရေးပါသော နောက်ထပ်ခြေလှမ်း ဖြစ်သည်ဟု တေးလ်မန်းက ဆိုသည်။ “လေဗာကူဆင်အသင်းရဲ့ ကစားဟန်က အမြဲတမ်း ဆွဲဆောင်မှုရှိပေမဲ့ သူတို့ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဥရောပတစ်လွှားက ရည်မှန်းချက်ကြီးတဲ့ ကစားသမားတွေ အလေးအနက်ထားတဲ့ ကလပ်အသင်းတစ်သင်း ဖြစ်လာခဲ့ပါတယ်။ ကျွန်တော် ဂလက်စ်ဂိုးနှင့် အိန်းဒ်ဟိုဗန်တို့မှာ ဆုဖလားတွေ ရယူခဲ့ပြီးပြီမို့ ဒီမှာလည်း ဆုဖလားရယူချင်ပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

တေးလ်မန်းအနေဖြင့် လာမည့်တစ်ပတ် ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်များတွင် ပူးပေါင်းပါဝင်ဖွယ်ရှိပြီး ဩဂုတ်လအတွင်း ယှဉ်ပြိုင်ကစားမည့် လေဗာကူဆင်အသင်း၏ ဘွန်ဒက်စ်လီဂါ အဖွင့်ပွဲစဉ်၌ ပွဲဦးထွက် ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။ (Xinhua)
…………………………………………………….
(English Version)
Leverkusen signs Tillman from PSV in club record deal
BERLIN, July 12 (Xinhua) — Bayer Leverkusen has announced the signing of U.S. international Malik Tillman from Dutch champion PSV Eindhoven, securing the 23-year-old attacking midfielder on a five-year deal, the Bundesliga outfit confirmed on Saturday.
Born in Nuremberg, Tillman came through Bayern Munich’s youth system and arrives for a club record 35 million euros.
“We have signed a technically gifted player who is dangerous in front of goal and who fits our style of football perfectly,” said Leverkusen’s sporting director Simon Rolfes. “Malik brings a new level of dynamism to our attack. This is a top-level signing for us.”
Tillman impressed at PSV, scoring 16 goals and providing five assists in 34 games last season, including three goals and two assists in the UEFA Champions League. His performances helped the Dutch club secure its second successive league title.
Following loan spells at Rangers in Scotland and then PSV, Tillman was signed permanently by the Dutch side in the summer of 2024. Although Bayern Munich retained a buy-back clause, the club chose not to activate it, allowing Leverkusen to swoop instead.
Tillman said his return to Germany represented the next major step in his career. “Leverkusen have always played attractive football, but in the past few years they have become a club that ambitious players across Europe are taking seriously,” he said. “I have won titles in Glasgow and Eindhoven. I want to win something here too.”
Tillman is expected to join pre-season training next week, potentially making his debut in Leverkusen’s opening Bundesliga fixture in August.