Connect with us

International Organizations

ပါလ်မာ၏ ခြေစွမ်းပြမှုဖြင့် ချဲလ်ဆီးက ပီအက်စ်ဂျီကို အနိုင်ယူကာ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ဆွတ်ခူး

အမေရိကန်နိုင်ငံ၊ အတ္တလန်တာမြို့တွင် ကျင်းပခဲ့သော ၂၀၂၅ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ၊ အုပ်စု (ဃ)၊ ချဲလ်ဆီး (အင်္ဂလန်) နှင့် လော့စ်အိန်ဂျလိစ် FC (အမေရိကန်) တို့၏ ပွဲစဉ်မတိုင်မီ ချဲလ်ဆီးအသင်းကို အားပေးနေသည့် လူငယ်ပရိသတ်တစ်ဦးကို ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
ပွဲပထမပိုင်း၌ ကိုးလ် ပါလ်မာ (Cole Palmer) က နှစ်ဂိုးသွင်းယူကာ တစ်ဂိုးဖန်တီးပေးခဲ့ပြီး ချဲလ်ဆီးအသင်းက ၁၀ ဦးတည်းကျန် ပီအက်စ်ဂျီ (Paris Saint-Germain, PSG) အသင်းကို ဇူလိုင် ၁၃ ရက်တွင် ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ပြန်လည်ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည်။
အင်္ဂလန် ကွင်းလယ်လူ ပါလ်မာသည် ၂၂ မိနစ်နှင့် ၃၀ မိနစ်တို့တွင် ဘယ်ခြေဖြင့် ၂ ဂိုး အပြင်းကန်သွင်းယူပြီး ပထမပိုင်း မပြီးမီတွင်ပင် ဂျိုအာအို ပေဒရို (Joao Pedro) ကိုလည်း အသင်းအတွက် တတိယဂိုးသွင်းယူရန် ဖန်တီးပေးခဲ့သည်။
လက်ရှိဥရောပချန်ပီယံဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် ရီးရဲလ်မက်ဒရစ်ကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သော ပီအက်စ်ဂျီ အသင်းသည် ဗိုလ်စွဲရန် ရေပန်းစားခဲ့သော်လည်း ချဲလ်ဆီးအသင်းက စံချိန်တင် ပရိသတ် ၈၁,၁၁၈ ဦးရှေ့တွင် ပွဲအစပိုင်းကတည်းက ပီအက်စ်ဂျီ ကို ထိန်းချုပ်ကစားနိုင်ခဲ့သည်။
ပါလ်မာသည် မာလို ဂူစတို (Malo Gusto) ၏ ဂိုးသွင်းယူရန်ကြိုးပမ်းမှု ပျက်ခဲ့ပြီးနောက် ပြန်ထွက်လာသော ဘောလုံးကို ဂိုးဧရိယာအပြင်ဘက်မှ ဂိုးအောက်ထောင့်သို့ ကန်သွင်းကာ ချဲလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးစတင်သွင်းယူခဲ့သည်။ ရှစ်မိနစ်အကြာတွင် လီဗိုင်း ကိုးလ်ဝဲလ် (Levi Colwill) က ပါလ်မာကို ဘောလုံးချပေးခဲ့ပြီး ပါလ်မာက အတွင်းသို့ဖြတ်ဝင်ကာ ဂိုးအောက်ထောင့်ဆီသို့ ပဲ ထပ်မံကန်သွင်းကာ ဒုတိယဂိုး သွင်းယူခဲ့သည်။
ပါလ်မာက ပထမပိုင်း ၄၃ မိနစ်တွင် ကွင်းလယ်တစ်လျှောက် ဘောလုံးကိုဆွဲလာပြီး နောက်ခံလူများကိုကျော်၍ ပေဒရိုအတွက် တိကျသော ပေးပို့မှုတစ်ခုကို ဖန်တီးပေးခဲ့သည်။ ပေဒရိုကလည်း အေးဆေးတည်ငြိမ်စွာဖြင့် ချဲလ်ဆီးအသင်းအတွက် သုံးဂိုးမြောက် ဂိုးကို သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် ပီအက်စ်ဂျီက ချေပဂိုးများရရှိရန် ကြိုးပမ်းခဲ့သော်လည်း ချဲလ်ဆီး ဂိုးသမား ရောဘတ် ဆန်းချက်ဇ် (Robert Sanchez) က ၅၃ မိနစ်တွင် အူစမန် ဒမ်ဘီလီ (Ousmane Dembele) ၏ အနီးကပ် ဂိုးသွင်းယူရန် ကြိုးပမ်းမှုအပါအဝင် ဂိုးကန်သွင်းမှုပေါင်းများစွာကို ကာကွယ်နိုင်ခဲ့သည်။
၈၄ မိနစ်တွင် ဂျိုအာအို နီဗက်စ် (Joao Neves) က မာ့ခ် ကူကူရယ်လာ (Marc Cucurella) ၏ ဆံပင်ကို ဆွဲခဲ့သဖြင့် ထုတ်ပယ်ခံခဲ့ရပြီး ပီအက်စ်ဂျီ၏ မျှော်လင့်ချက် လုံးဝပျက်စီးခဲ့သည်။
၂၃ နှစ်အရွယ် ချဲလ်ဆီး ကစားသမား ပါလ်မာသည် ပွဲစဉ်အကောင်းဆုံးကစားသမား (Man of the Match) နှင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမား (Best Player of the Tournament) အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ ဆန်းချက်ဇ်ကမူ အကောင်းဆုံးဂိုးသမား (Best Goalkeeper) ဆု ကို ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)


……………..
(English Version)
Palmer shines as Chelsea crushes PSG to win FIFA Club World Cup
NEW YORK, July 13 (Xinhua) — Cole Palmer scored twice and provided an assist in the first half to lead Chelsea to a 3-0 victory over 10-man Paris Saint-Germain on Sunday, clinching the title in the inaugural edition of the revamped FIFA Club World Cup.
The English midfielder struck two precise left-footed curlers in the 22nd and 30th minutes, then set up Joao Pedro to add a third just before halftime.
PSG, the reigning European champion and 4-0 winner over Real Madrid in the semifinal, entered as the favorite. But Chelsea seized control early, in front of a tournament-record crowd of 81,118 spectators.
Palmer opened the scoring with a curling shot into the bottom corner from just outside the box, capitalizing on a loose ball after Malo Gusto’s initial effort was blocked. Eight minutes later, Levi Colwill fed Palmer, who cut inside and found the same corner again.
Palmer capped his brilliant half in the 43rd minute, carrying the ball through midfield before threading a pinpoint pass behind the defense for Pedro, who calmly finished to make it 3-0.
PSG pushed for a response in the second half, but Chelsea goalkeeper Robert Sanchez denied several attempts, including a close-range effort from Ousmane Dembele in the 53rd minute.
Any hopes of a comeback were dashed in the 84th minute when Joao Neves was sent off for pulling Marc Cucurella’s hair.
Palmer, 23, was named both Man of the Match and Best Player of the Tournament. Sanchez took home Best Goalkeeper honors.
English Caption
Photo 1 – A young spectator cheers for Chelsea before the Group D match between Chelsea of England and Los Angeles FC of the United States at the FIFA Club World Cup 2025 in Atlanta, the United States, June 16, 2025. (Xinhua/Xu Chang)
Photo 2 – Cole Palmer (L) of Chelsea competes during the quarterfinals between Palmeiras of Brazil and Chelsea of England at the FIFA Club World Cup 2025 in Philadelphia, the United States, July 4, 2025. (Xinhua/Wu Xiaoling)