Connect with us

International Organizations

ကလပ်ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ပြီးနောက် ချဲလ်ဆီးကစားသမားများကို နည်းပြမာရက်စကာ ချီးကျူး

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ မက်ထ်လိုက်ဖ် အားကစားကွင်း၌ အင်္ဂလန်ကလပ် ချဲလ်ဆီးအသင်းနှင့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားပြီးနောက် ဆုပေးပွဲအခမ်းအနားတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် (အရှေ့-ယာ) က ချဲလ်ဆီးကစားသမား ကိုးလ်ပါလ်မာ (အရှေ့-ဝဲ) အား ရွှေဘောလုံးဆု ချီးမြှင့်နေပုံကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
ဇူလိုင် ၁၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီအား ၃ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအသင်းနည်းပြ အန်ဇို မာရက်စကာက ၎င်း၏ကစားသမားများကို ချီးကျူးခဲ့ပြီး ကစားသမားများ၏ စွမ်းဆောင်ရည်အတွက် “ဘာမျှပြောစရာမရှိ” ဟု ပြောကြားခဲ့သည်။
“ကျွန်တော့်အနေနဲ့ ကစားသမားတွေကို ဘာမှပြောစရာမရှိပါဘူး။ သူတို့အားလုံး ဒီရလဒ်နဲ့ထိုက်တန်ပါတယ်။ ဒါက အခိုက်အတန့်ကောင်းတစ်ခုပါ” ဟု မာရက်စကာက ဆိုသည်။ ပီအက်စ်ဂျီအသင်း၏ စွမ်းဆောင်ရည်ကို တန်ပြန်ချေဖျက်နိုင်ရန်အတွက် အင်ပြည့်အားပြည့် pressing ကစားရန် လိုအပ်သည်ဟု အဆိုပါ အီတလီသားနည်းပြက အလေးအနက်ပြောဆိုခဲ့သည်။
“ကျွန်တော့်အမြင်အရဆိုရင် သူတို့က သိပ်ကောင်းတဲ့အသင်းမို့ သူတို့ကို တုံ့ပြန်ဖို့ဆိုရင် အပြင်းအထန် ဖိအားပေးကစားရမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
“ပွဲစစချင်း ၁၀ မိနစ်မှာ ကျွန်တော်တို့ အဲဒီလိုမျိုး အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မိနစ် ၉၀ လုံးလုံး အဲဒီလိုကစားနိုင်ဖို့လိုပေမဲ့ ဒီလိုရာသီဥတုအခြေအနေမှာ အဲဒီလိုမျိုး အချိန်အကြာကြီး ကစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အစွမ်းကုန် ဖိအားပေးကစားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ချဲလ်ဆီးကစားသမား ကိုးလ် ပါလ်မာကလည်း အရေးကြီးပွဲစဉ်တွင် ပွဲရလဒ်အား အဆုံးအဖြတ်ပေးနိုင်စွမ်းရှိကြောင်း ထပ်မံပြသနိုင်ခဲ့သည်။ အသက် ၂၂ နှစ်အရွယ် ပါလ်မာမှာ အရေးပါသော သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
မာရက်စကာ၏ နည်းစနစ်ပိုင်း အခင်းအကျင်းကြောင့် ပါလ်မာမှာ ညာခြမ်းမှ အတွင်းသို့တိုးဝင်ကစားနိုင်ခဲ့ပြီး ပီအက်စ်ဂျီ ခံစစ်ကြောင်း၏ အနောက်ဘက်တွင် နေရာလွတ်ရှာဖွေနိုင်ခဲ့ကာ လူးဝစ်စ် အန်နရီကေး၏ ခံစစ်ကို ဖရိုဖရဲဖြစ်စေခဲ့သည်။
“နည်းပြက သိပ်ကောင်းတဲ့ ကစားကွက်တစ်ခုကို ချမှတ်နိုင်ခဲ့ပါတယ်။ ဘယ်နေရာမှာ နေရာလွတ်ပေါ်လာမလဲ ဆိုတာကိုလည်း သူသိပါတယ်။ သူ ကျွန်တော့်ကို တတ်နိုင်သမျှ နေရာလွတ်များများရအောင် လုပ်ပေးဖို့ ကြိုးစားခဲ့တာပါ။ ကျွန်တော့်ကို အခွင့်အရေးပေးရကျိုးနပ်အောင် ကြိုးစားခဲ့ပြီး သွင်းဂိုးတချို့ သွင်းယူနိုင်ခဲ့ပါတယ်” ဟု ပါလ်မာက ဆိုသည်။
ထို့ပြင် ပါလ်မာက မာရက်စကာ၏ လွှမ်းမိုးနိုင်စွမ်းကို ချီးကျူးခဲ့ပြီး ချဲလ်ဆီးအသင်းမှာ လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းနေသည်ဟု ပြောကြားခဲ့သည်။ “သူဟာ ထူးခြားကောင်းမွန်တဲ့ အရာတစ်ခု၊ အရေးပါတဲ့ အရာတစ်ခုကို တည်ဆောက်နေတာပါ။ အားလုံးက ကျွန်တော်တို့အသင်းနဲ့ပတ်သက်တဲ့ အရာတော်တော်များများကို တစ်ရာသီလုံး အတိုင်းအတာနဲ့ချီပြီး ပြောနေကြပေမဲ့ ကျွန်တော်တို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပီအက်စ်ဂျီနည်းပြ လူးဝစ်စ် အန်နရီကေးကမူ ယခုပွဲရလဒ်အပေါ် စိတ်ပျက်မိကြောင်း၊ သို့သော် အရှုံးရလဒ်ကို ရှောင်လွှဲ၍မရနိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)


……………………..
(English Version)
Chelsea coach Maresca “no words for the players” after winning Club world cup
NEW YORK, July 13 (Xinhua) — Chelsea head coach Enzo Maresca praised his players after their commanding 3-0 victory over Paris Saint-Germain in Sunday’s FIFA Club World Cup final, saying he “had no words” for their performance.
“I have no words for the players, they all deserve this and it’s a good moment,” Maresca said.
The Italian coach emphasized the need for aggressive pressing against a team of PSG’s caliber.
“I think they are so good that if you give them back – that’s my personal opinion – you have to press them very intense,” he said.
“I think in the first 10 minutes we were able to do it, in our ideal world. We have to do that for 90 minutes, but we knew, with the weather conditions, it was not possible to do it for a long time, but we tried to be very aggressive,” he added.
Cole Palmer once again proved decisive in a high-stakes match. The 22-year-old scored twice to set the tone and earned the tournament’s Best Player award.
Maresca’s tactical plan allowed Palmer to drift inside from the right and find space behind PSG’s backline, unsettling Luis Enrique’s defense.
“The gaffer put a great game plan out. He knew where the space was going to be. He tried to free me up as much as possible, and I just had to repay him and score some goals,” Palmer said.
Palmer also praised Maresca’s influence and said Chelsea is moving in the right direction. “He is building something special, something important. Everyone has talked a lot of stuff about us all season, but I feel like we are going in the right direction.”
PSG coach Luis Enrique expressed disappointment in the result and said the defeat was avoidable.
English Caption
U.S. President Donald Trump (front R) presents Cole Palmer (front L) of Chelsea FC with the golden ball trophy during the awarding ceremony for the final match between Chelsea FC (England) and Paris Saint-Germain (France) at the FIFA Club World Cup 2025 at the MetLife Stadium, New Jersey, the United States, July 13, 2025. (Xinhua/Wu Xiaoling)