China
တရုတ်နိုင်ငံ ဟားအယ်ပင်းမြို့တွင် နိုင်ငံတကာကြိုးတပ်တူရိယာ ပြိုင်ပွဲ စတင်ဖွင့်လှစ်

ဟားအယ်ပင်း၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် Schoenfeld နိုင်ငံတကာကြိုးတပ်တူရိယာ ပြိုင်ပွဲကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဟေးလုံကျန်းပြည်နယ်၏ မြို့တော် ဟားအယ်ပင်းမြို့၌ ဇူလိုင် ၁၃ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ထိပ်တန်း နိုင်ငံတကာပြိုင်ပွဲဝင် ၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်လျှက်ရှိကြောင်း သိရသည်။
၎င်းပြိုင်ပွဲနှင့် Schoenfeld နိုင်ငံတကာဂီတအဖွဲ့၏ ဥက္ကဋ္ဌ Xue Suli က အဆိုပါပြိုင်ပွဲသည် ကမ္ဘာလုံးဆိုင်ရာ ဂီတယဉ်ကျေးမှုကို မြှင့်တင်ရန်နှင့် အရည်အချင်းရှိ အနုပညာရှင်များကို ရှာဖွေရန်အတွက် အကူအညီပေးကြောင်း ပြောကြားခဲ့သည်။
ဟားအယ်ပင်းမြို့သည် နှစ်ပေါင်းရာချီ သက်တမ်းရှိ ဂီတအမွေအနှစ်ကို ပိုင်ဆိုင်ထားကြောင်း မြို့တော်ဝန် Wang Bo က ပြောကြားခဲ့သည်။ ၎င်းက ၂၀၂၀ ပြည့်နှစ်မှစ၍ ဟားအယ်ပင်းမြို့တွင် အမြဲတမ်းကျင်းပလာခဲ့သော အဆိုပါပြိုင်ပွဲသည် နှစ်ရှည်လများ ကျင်းပလျက်ရှိသည့် နိုင်ငံတော် ဟားအယ်ပင်း နွေရာသီဂီတဖျော်ဖြေပွဲ၏ ထူးခြားသောပွဲစဉ်တစ်ခုဖြစ်ပြီး ကြိုးတပ်တူရိယာဂီတနှင့် ယဉ်ကျေးမှု ဖလှယ်မှုများကို မြှင့်တင်ပေးကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဂီတပညာရှင် Alice နှင့် Eleonore Schoenfeld ကို ဂုဏ်ပြုရန် ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော အဆိုပါပြိုင်ပွဲကို ၂၀၁၄ ခုနှစ်တွင် ဟားအယ်ပင်းမြို့သို့ မိတ်ဆက်ခဲ့ပြီးနောက်ပိုင်း လေးကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး ဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် ၂၀၁၇ ခုနှစ်တွင် World Federation of International Music Competitions (WFIMC) သို့ ဝင်ခွင့်ရရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် WFIMC ဒါရိုက်တာဘုတ်အဖွဲ့၏ ပထမဆုံး တရုတ်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဟေးလုံကျန်းပြည်နယ်၊ ဟားအယ်ပင်းမြို့ရှိ သမိုင်းဝင် ယဉ်ကျေးမှုခရိုင်တစ်ခု၌ ဖျော်ဖြေတင်ဆက်မှုတစ်ခုကို ကြည့်ရှုနေကြသူများအား ၂၀၂၅ ခုနှစ်၊ ဇွန် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………
(English Version)
Int’l string competition opens in China’s Harbin
HARBIN, July 14 (Xinhua) — The 2025 Schoenfeld International String Competition opened in Harbin, capital city of northeast China’s Heilongjiang Province on Sunday, drawing over 100 top international contestants from 22 countries.
Xue Suli, president of the competition and the Schoenfeld International Music Society, said that the event helps promote global music culture and discover talented artists.
Harbin boasts a century-old musical heritage, noted Wang Bo, vice mayor of the city, who added that the competition, which has been permanently held in Harbin since 2020, is a signature event of the long-running national Harbin Summer Music Concert, boosting string music and cultural exchanges.
Founded in 2013 to honor musicians Alice and Eleonore Schoenfeld, the competition was introduced to Harbin in 2014 and has since held four editions. Admitted to the World Federation of International Music Competitions (WFIMC) in 2017, it became the first Chinese member of the WFIMC Board of Directors in 2021.
English Caption
Photo 1 – Xue Suli, president of the Schoenfeld International Music Society and Schoenfeld International String Competition, speaks at the 69th General Assembly of the World Federation of International Music Competitions (WFIMC) in Harbin, northeast China’s Heilongjiang Province, June 26, 2025. (Xinhua)
Photo 2 – People watch a performance at a historical and cultural district in Harbin, northeast China’s Heilongjiang Province, June 7, 2025. (Xinhua/Wang Jianwei)