International Organizations
ကလပ်ကမ္ဘာ့ဖလားတွင် ဘရာဇီးကလပ်များနှင့် ဘရာဇီးကစားသမားများ၏ ခြေစွမ်းပြမှုအပေါ် အန်ဆယ်လော့တီ ချီးကျူး

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
ဘရာဇီး လက်ရွေးစင်အသင်းနည်းပြဖြစ်သူ ကာလို အန်ဆယ်လော့တီက အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးကလပ်များနှင့် ဘရာဇီးကစားသမားများ၏ စွမ်းဆောင်ရည်အား ချီးကျူးပြောဆိုခဲ့သည်။
အဆိုပါ အီတလီသားနည်းပြက ၎င်းအနေဖြင့် ဖလူမင်နိစ်အသင်းအား အထင်ကြီးသဘောကျမိကြောင်း ပြောကြားခဲ့သလို ပါလ်မီးရက်စ်၊ ဖလာမင်ဂိုနှင့် ဘိုတာဖိုဂိုအသင်းတို့၏ စွမ်းဆောင်ရည်များကိုလည်း ချီးကျူးခဲ့ပြီး ဘရာဇီးကလပ်အသင်းများအနေဖြင့် ဥရောပ၏ အကောင်းဆုံးအသင်းများကို ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။
“ဖလူမင်နိစ်အသင်းဟာ သိပ်ကောင်းတဲ့ ခြေစွမ်းကို ပြသခဲ့ပြီး ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့သလို ဘိုတာဖိုဂိုဟာလည်း ပီအက်စ်ဂျီကို အနိုင်ယူခဲ့ပါတယ်” ဟု ဘရာဇီး ဘောလုံးအဖွဲ့ချုပ်၏ တရားဝင် ဝက်ဘ်ဆိုက်တွင် အန်ဆယ်လော့တီက မှတ်ချက်ပြုခဲ့သည်။
“ပါလ်မီးရက်စ်နဲ့ ဖလာမင်ဂိုတို့ဟာလည်း ဥရောပရဲ့ အကောင်းဆုံးအသင်းတွေကို ယှဉ်နိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်နှင့် လမ်းခွဲပြီးနောက် ယခုနှစ် မေလ၌ ဘရာဇီးအသင်း နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည့် အသက် ၆၆ နှစ်အရွယ် အန်ဆယ်လော့တီက ဘရာဇီးကစားသမားများ၏ ခြေစွမ်းခြေစကိုလည်း သတိပြုမိခဲ့သည်။
၎င်းက ချဲလ်ဆီးအသင်းမှ ဂျာအို ပက်ဒရိုနှင့် အန်ဒရေ ဆန်းတို့စ်၊ ရီးရဲလ်မက်ဒရစ်မှ အီဒါ မီလီတို၊ ပါလ်မီးရက်စ်အသင်းမှ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့တော့မည့် ဆယ်ကျော်သက်ကြယ်ပွင့် အီစတေဗိုတို့ကို ရွေးထုတ်၍ ချီးကျူးခဲ့သည်။
“သူတို့ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့တယ်။ တစ်ဦးချင်းအလိုက် ပြောရမယ်ဆိုရင် အီစတေဗိုက သိပ်ကောင်းတဲ့ ခြေစွမ်းခြေစကို ပြသခဲ့တယ်။ ဂျာအို ပက်ဒရိုက ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲမှာ ပွဲရလဒ်ကို အဆုံးအဖြတ်ပေးနိုင်ခဲ့တယ်။ အန်ဒရေ ဆန်းတို့စ်လည်း ချဲလ်ဆီးအသင်းအတွက် အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့တယ်။ ပြီးတော့ မီလီတိုလည်း ဒဏ်ရာကနေ ကြံ့ခိုင်မှုကောင်းကောင်းနဲ့ ပြန်လာနိုင်ခဲ့တယ်လေ။ နောက်နှစ်ဆိုရင် သူက ဘရာဇီးအသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမှာပါ” ဟု အန်ဆယ်လော့တီက ဆိုသည်။
အန်ဆယ်လော့တီမှာ ဇူလိုင် ၁၃ ရက်က နယူးဂျာစီပြည်နယ်ရှိ မက်ထ်လိုက်ဖ် အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဗိုလ်လုပွဲအား လာရောက်ကြည့်ရှုခဲ့ပြီး အဆိုပါပွဲစဉ်၌ ချဲလ်ဆီးက ပီအက်စ်ဂျီအား ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အသင်းအရေအတွက် တိုးမြှင့်ကာ အသွင်သစ်ဖြင့် ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအား ချဲလ်ဆီးအနေဖြင့် ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
“ချဲလ်ဆီးအသင်းက ပြိုင်ပွဲတစ်လျှောက်လုံးမှာ ခြေစွမ်းတစ်သမတ်တည်း ရှိခဲ့တဲ့အတွက် ဒီအောင်ပွဲနဲ့ ထိုက်တန်ပါတယ်။ သူတို့အသင်းမှာ ကိုးလ် ပါလ်မာနဲ့ ဂျာအို ပက်ဒရိုတို့လို အရည်အသွေးမြင့် လူငယ်ကစားသမားတွေကို ပိုင်ဆိုင်ထားတယ်ဆိုတာကိုလည်း ပြသခဲ့ပါတယ်” ဟု ၎င်းက ကောက်ချက်ချခဲ့သည်။ (Xinhua)
……………….
(English Version)
Ancelotti hails Brazil’s rise at Club World Cup
RIO DE JANEIRO, July 14 (Xinhua) — Brazil manager Carlo Ancelotti has hailed the performances of the country’s clubs and individual players at the FIFA Club World Cup in the United States.
The Italian said he was impressed by Fluminense while also praising the feats of Palmeiras, Flamengo and Botafogo, saying they showed Brazilian teams could challenge Europe’s best.
“Fluminense had a great campaign, reaching the semifinals, and Botafogo beat PSG,” Ancelotti told the Brazilian Football Confederation’s official website.
“Palmeiras and Flamengo also proved they can compete with the best European teams,” he added.
Brazilian players also caught the attention of the 66-year-old, who was appointed Brazil manager in May after leaving Real Madrid.
Among those singled out were Chelsea’s Joao Pedro and Andrey Santos, Real Madrid’s Eder Militao and Palmeiras’ Chelsea-bound teenager Estevao.
“They played very well,” Ancelotti said. “Individually, Estevao put in a great showing. Joao Pedro was decisive in the semifinals and final. Andrey Santos played an important role for Chelsea and Militao came back strong [from injury]. He will be an important player for the national team in the next year.”
Ancelotti was present at New Jersey’s MetLife Stadium for Sunday’s final, in which Chelsea beat Paris Saint-Germain 3-0. He said the Premier League club deserved to win the first edition of the expanded global tournament.
“Chelsea deserved it for the consistency they showed throughout the competition,” he said. “They showed that they have high-quality young players, like Cole Palmer and Joao Pedro,” he concluded.
English Caption
Carlo Ancelotti (L), head coach of Brazil’s national football team, receives a Brazil national team jersey with his name from Samir Xaud, president of the Brazilian Football Confederation, during a press conference in Rio de Janeiro, Brazil, on May 26, 2025. (Photo by Claudia Martini/Xinhua)