Europe
စည်းကြပ်ခွန် တိုးမြှင့်မှုများကြောင့် ဘီလီယံပေါင်းများစွာ ဆုံးရှုံးနိုင်သည့် အလားအလာရှိနေစဉ် အမေရိကန်နှင့် ဆွေးနွေးညှိနှိုင်းရန် အီတလီ တိုက်တွန်း

ရောမ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
လက်ရှိလုပ်ဆောင်နေသော ကုန်သွယ်ရေးဆွေးနွေးမှုများတွင် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့ပါက ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့် အမေရိကန် ကုန်ပစ္စည်းများအပေါ် ယူရိုဘီလီယံနှင့်ချီကာ တန်ပြန်အခွန်စည်းကြပ်ရန် အသင့်ပြင်ဆင်ထားကြောင်း အီတလီ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာဂျာနီက ဇူလိုင် ၁၄ ရက်၌ ပြောကြားခဲ့သည်။
အီးယူအနေဖြင့် မိမိတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် နည်းလမ်းများ ရှိသော်လည်း အပြန်အလှန် ဆွေးနွေးခြင်းကသာ ရှေ့ဆက်သွားမည့် ဦးစားပေး လမ်းကြောင်းအဖြစ် ဆက်ရှိနေသည်ဟု အီတလီ နေ့စဉ်ထုတ်သတင်းစာ Il Messaggero က ဇူလိုင် ၁၄ ရက်တွင် ဖော်ပြခဲ့သည့် အင်တာဗျူးတစ်ခု၌ တာဂျာနီက အလေးအနက်ပြောကြားခဲ့သည်။ “အခွန်စည်းကြပ်ခြင်းဟာ အမေရိကန် အပါအဝင် ဘက်အသီးသီးကို ထိခိုက်စေမှာပါ။ စတော့ဈေးကွက်ကြီး ပြိုလဲသွားမယ်ဆိုရင် အမေရိကန် ပြည်သူတွေရဲ့ ပင်စင်လစာတွေ၊ စုဆောင်းငွေတွေ ဆုံးရှုံးသွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
အမေရိကန်အနေဖြင့် အီးယူနှင့် မက္ကဆီကိုနိုင်ငံတို့မှ သွင်းကုန်များအပေါ် ဩဂုတ် ၁ ရက်မှစ၍ စည်းကြပ်ခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁၂ ရက်၌ ကြေညာခဲ့ပြီးနောက် တာဂျာနီ၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယင်းသည် အမေရိကန်နှင့် ဥရောပနိုင်ငံများမှ တာဝန်ရှိသူများအကြား ကုန်သွယ်ရေး သဘောတူညီမှု ရရှိရေးအတွက် ကြိုးပမ်းနေချိန်တွင် ထရမ့်အစိုးရက ချမှတ်လိုက်သော စည်းကြပ်ခွန် မူဝါဒများကြောင့် လတ်တလော တင်းမာမှုများ အရှိန်မြင့်တက်လာသည့် လက္ခဏာပင်ဖြစ်သည်။
အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီကလည်း အတ္တလန္တိတ်ဖြတ်ကျော် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနိုင်သည့် အလားအလာအပေါ် စိုးရိမ်ကြောင်း ပြောဆိုထားသလို ထိုအခြေအနေက နှစ်ဖက်စလုံးကို အထိနာစေမည်ဟု သတိပေးထားသည်။
“ကျွန်မတို့ အစိုးရဟာ ဥရောပကော်မရှင်နဲ့ရော စည်းကြပ်ခွန်ဆိုင်ရာ ဆွေးနွေးမှုတွေမှာ ပါဝင်တဲ့ ဘက်အသီးသီးနဲ့ပါ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံနေပါတယ်” ဟု မယ်လိုနီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ “အနောက်ကမ္ဘာမှာ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားလာမယ်ဆိုရင် ကျွန်မတို့ အတူတကွ ကိုင်တွယ်ဖြေရှင်းနေရတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ ကျွန်မတို့အားလုံးကို ပိုပြီးအားနည်းသွားစေပါလိမ့်မယ်။ ဥရောပဟာ မိမိတို့အကျိုးစီးပွားကို ကာကွယ်နိုင်တဲ့ စီးပွားရေးအင်အားကို ပိုင်ဆိုင်ထားသလို မျှမျှတတရှိတဲ့ သဘောတူညီချက် တစ်ရပ်ကိုလည်း ရရှိထားပါတယ်” ဟု ၎င်းက ဆိုသည်။
အီတလီမှာ အမေရိကန်၏ စည်းကြပ်ခွန်များကြောင့် အထိအနာဆုံး အီးယူနိုင်ငံများထဲတွင် ပါဝင်လာမည်ဖြစ်ကြောင်း မီလန်မြို့အခြေစိုက် ကမ္ဘာ့နိုင်ငံရေးလေ့လာမှုဆိုင်ရာ အင်စတီကျု၏ ခွဲခြမ်းစိတ်ဖြာ လေ့လာမှုအရ သိရသည်။ စည်းကြပ်ခွန် ၃၀ ရာခိုင်နှုန်း သတ်မှတ်ခံရနိုင်သည့် အခြေအနေတွင် ဂျာမနီနိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) မှာ စည်းကြပ်ခွန် ကင်းလွတ်သည့် အခြေအနေနှင့် နှိုင်းယှဉ်ပါက ၀.၅ ရာခိုင်နှုန်းခန့် ကျုံ့ဝင်သွားမည်ဖြစ်ကာ အီတလီနိုင်ငံ၏ ဂျီဒီပီမှာမူ ၀.၃၆ ရာခိုင်နှုန်းနီးပါး ကျုံ့ဝင်သွားမည်ဟု သိရသည်။
အီတလီတောင်ပိုင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်း (SVIMEZ) က အီတလီ ပို့ကုန်များအပေါ် အမေရိကန်၏ စည်းကြပ်ခွန် ကောက်ခံမှုများကြောင့် သက်ရောက်နိုင်ခြေအပေါ် ခန့်မှန်းသုံးသပ်ချက် ထုတ်ပြန်ခဲ့ရာ အဆိုပါ စည်းကြပ်ခွန်များ စတင်အသက်ဝင်လာချိန်တွင် ပို့ကုန်ပမာဏ ငါးပုံတစ်ပုံနီးပါး လျော့ကျကာ ကုန်သွယ်ရေးတွင် ယူရို ၁၂.၄ ဘီလီယံ ဆုံးရှုံးနိုင်သည်ဟု ခန့်မှန်းထားသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5bv

အီတလီနိုင်ငံ ဗီရိုနာမြို့၌ ကျင်းပသည့် Vinitaly နိုင်ငံတကာ ဝိုင်နှင့် ယမကာပြပွဲ၌ ဝိုင်ပုလင်းများ ခင်းကျင်းပြသထားသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………………………………………………………………….
(English Version)
Italy urges dialogue with U.S. as tariff hikes threaten blns in loss
ROME, July 14 (Xinhua) — Italian Foreign Minister Antonio Tajani said Monday the European Union (EU) is prepared to impose billions of euros in retaliatory tariffs on U.S. goods should ongoing trade negotiations between the two sides fail to produce an agreement.
In an interview published Monday by Italian daily Il Messaggero, Tajani emphasized that while the EU has the tools to defend its economic interests, dialogue remains the preferred path forward. “Tariffs hurt every side, including the U.S.,” he said. “If the stock market falls, that puts the pensions and savings of Americans at risk.”
Tajani’s remarks followed U.S. President Donald Trump’s announcement on Saturday that Washington will impose a 30 percent tariff on imports from the EU and Mexico starting Aug. 1.
The move marks the latest escalation in a series of tariff policies introduced by the Trump administration, even as U.S. and European officials are still working on a trade agreement.
Italian Prime Minister Giorgia Meloni also voiced concern over the prospect of a transatlantic trade war, warning that such a development would harm both sides.
“Our government is in close contact with the European Commission and all parties involved in the tariff negotiations,” Meloni said in a statement. “A trade war within the West would make us all weaker in the face of global challenges we are addressing together. Europe has the economic strength to protect its interests and reach a fair agreement.”
An analysis by the Milan-based Institute for International Political Studies suggested that Italy would be among the EU countries most affected by the U.S. tariffs. Under a 30-percent duty scenario, Germany’s gross domestic product (GDP) would contract by an estimated 0.5 percent compared to a no-tariff baseline, while Italy’s GDP would shrink by approximately 0.36 percent.
On Monday, the Association for the Development of Industry in the Mezzogiorno (SVIMEZ) released its estimate of the impact of the U.S. tariffs on Italy’s exports, projecting a reduction of nearly one-fifth in export volume and a loss of 12.4 billion euros in trade once the tariffs take effect.
English Caption 1
EU trade chief Maros Sefcovic attends a joint press conference in Brussels, Belgium, July 14, 2025. (Xinhua/Peng Ziyang)
English Caption 2
Bottles of wine are on display at the international wine and spirits exhibition Vinitaly in Verona, Italy, April 9, 2025. (Xinhua)