Connect with us

International Organizations

ဘရန့်ဖို့ဒ်အသင်းက ဝါရင့်ကွင်းလယ်လူ ဟန်ဒါဆန်ကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း အတည်ပြု

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၄ ရက်က ကာရာဘက်ဂ်နှင့် အေဂျက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပွဲစဉ်၌ ဗက်ဟော့စ် (ရှေ့) နှင့် ဂျော်ဒန် ဟန်ဒါဆန် (ယာ-ပထမ) တို့ အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဆုဖလားကို ရရှိဖူးသည့် ဝါရင့်ကွင်းလယ်လူ ဂျော်ဒန် ဟန်ဒါဆန်အား နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘရန့်ဖို့ဒ်အသင်းက ဇူလိုင် ၁၅ ရက်၌ အတည်ပြုကြေညာခဲ့သည်။
ဟန်ဒါဆန်အနေဖြင့် ယခုနွေရာသီတွင် အေဂျက်စ်အသင်းမှ ထွက်ခွာခဲ့ပြီးနောက် ဘရန့်ဖို့ဒ်အသင်းထံ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကွင်းလယ်ကစားသမားအနေဖြင့် ဆော်ဒီကလပ် အယ်လ်-အက်တီဖက်အသင်း၌ ခဏတာ ကစားခဲ့ပြီး နယ်သာလန်ကလပ် အေဂျက်စ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန် ရောက်ရှိလာခြင်းဖြစ်သည်။
ယင်းမတိုင်မီက ဟန်ဒါဆန်မှာ လီဗာပူးလ်အသင်း၌ ၁၂ နှစ်ကြာ ကစားခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းနှင့် လိဂ်ဖလားနှစ်ကြိမ် ဆွတ်ခူးခဲ့သလို စူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့သည်။
ဘရန့်ဖို့ဒ်အသင်းနည်းပြဖြစ်သူ ကိသ် အန်ဒရူးစ်က “ကျွန်တော်တို့ ဂျော်ဒန်ကို ခေါ်ယူနိုင်မယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပဲ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ သူ့ရဲ့အနေအထားကို သိရဖို့ မကြာခင်က သူကစားခဲ့တဲ့ ပွဲစဉ်တွေကို သွားကြည့်ပြီး စောင့်ကြည့်လေ့လာခဲ့ပါတယ်။ သူဟာ အံ့ဩစရာကောင်းလောက်အောင် ကြံ့ခိုင်မှုကောင်းမွန်နေဆဲဖြစ်သလို ပြိုင်ပွဲတွေမှာ အောင်ပွဲရယူဖို့လည်း စိတ်အားထက်သန်နေတုန်းပါပဲ” ဟု ၎င်းက ဆိုသည်။
“ခရစ်ရှန် နော်ဂ့ါဒ်၊ မာ့ခ် ဖလက်ကင်၊ ဘန်မီးတို့လို ဝါရင့်ကစားသမားတွေ ထွက်ခွာသွားပြီးနောက် အသင်းရဲ့ ဟာကွက်ကို အစားထိုးဖြည့်တင်းဖို့ အရေးကြီးပါတယ်” ဟု ဘရန့်ဖို့ဒ်နည်းပြက ပြောကြားခဲ့သည်။ (Xinhua)


………………..
(English Version)
Brentford confirms signing of Henderson
LONDON, July 15 (Xinhua) — Brentford confirmed on Tuesday it has completed the signing of Premier League and Champions League-winning player Jordan Henderson on a two-year contract.
Henderson joins Brentford on a free transfer after departing Ajax this summer. The midfielder returns to the Premier League after short stints in Saudi Arabia with Al-Ettifaq and then in the Netherlands with Ajax.
Prior to that, Henderson was with Liverpool, where he spent 12 years and won the Premier League, Champions League, FA Cup, two League Cups, Community Shield, Super Cup and Club World Cup.
Brentford head coach Keith Andrews said: “When we became aware of Jordan’s availability, it was a pretty simple decision.”
“We did our due diligence around his recent games to see where he is: he’s still phenomenally fit and he’s still phenomenally motivated to achieve things in the game, having already achieved a lot,” he said.
“With the void of experienced players leaving the building – Christian Norgaard, Mark Flekken and Ben Mee – it was important to replace that,” he added.
English Caption
Wout Weghorst (front) and Jordan Henderson (1st R) of Ajax celebrate a goal during a UEFA Europa League match between Qarabag and Ajax in Baku, Azerbaijan, Oct. 24, 2024. (Photo by Tofik Babayev/Xinhua)