Connect with us

Asia

လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက် (ယာ)နှင့် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith တို့ တွေ့ဆုံဆွေးနွေးနေကြပုံကို ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံမှ အရာရှိများသည် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အထူးသဖြင့် မူးယစ်ဆေးဝါးမှောင်ခိုမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ပထမဆုံးအကြိမ် လာအို-ကမ္ဘောဒီးယား ရှေ့နေချုပ်ရုံး အစည်းအဝေးကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို ဇူလိုင် ၁၅ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေရန် နှစ်နိုင်ငံမှ အဆင့်မြင့် ရှေ့နေချုပ်များ အတူတကွ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း လာအိုသတင်းအေဂျင်စီက ဇူလိုင် ၁၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
အစည်းအဝေး၌ လာအိုနိုင်ငံ ပြည်သူ့တရားရုံးချုပ် ရှေ့နေချုပ် Xaysana Khotphouthone က မိန့်ခွန်းပြောကြားရာတွင် အဆိုပါအစည်းအဝေးသည် နှစ်နိုင်ငံတရားစီရင်ရေး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရာ၌ အရေးပါသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ ယင်းအစည်းအဝေးသည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းလာမှုကို ထင်ဟပ်စေပြီး ရာဇဝတ်မှု စွဲချက်တင်ရာတွင် အထူးသဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် မူးယစ်ဆေးဝါးဆိုင်ရာမှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။
Xaysana က မူးယစ်ဆေးဝါးပြဿနာသည် ကျောင်းသားနှင့် လူငယ်များမှစ၍ ကျေးလက်ဒေသများအထိ လာအိုလူ့အဖွဲ့အစည်း၏ ကဏ္ဍအားလုံးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း မီးမောင်းထိုးပြောကြားခဲ့ပြီး မဖြေရှင်းဘဲ ထားပါက ရာဇဝတ်မှုအမျိုးမျိုး၏ အရင်းအမြစ်နှင့် နိုင်ငံတည်ငြိမ်ရေးအတွက် ကြီးလေးသော ခြိမ်းခြောက်မှု ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။
မူးယစ်ဆေးဝါးပြဿနာအား တုံ့ပြန်သည့်အနေဖြင့် လာအိုနိုင်ငံ အစိုးရက မူးယစ်ဆေးဝါးထိန်းချုပ်ရေးကို အမျိုးသားအစီအစဉ်အဖြစ် ကြေညာခဲ့ပြီး ပိုမိုတင်းကျပ်သော မူဝါဒများနှင့် ရည်မှန်းထားသော ဥပဒေစိုးမိုးရေး မဟာဗျူဟာများကို အကောင်အထည်ဖော်ခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံ အာဏာပိုင်များက မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အမှုပေါင်း ၅,၀၁၂ မှုကို မှတ်တမ်းတင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၏ ပထမငါးလအတွင်းတွင်လည်း အမှုပေါင်း ၁,၄၂၂ မှု ရှိခဲ့ကြောင်း သိရသည်။
၎င်းအစည်းအဝေးအတွင်း နှစ်နိုင်ငံစလုံးသည် နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ သတင်းအချက်အလက် ဖလှယ်မှု တိုးတက်စေရန်နှင့် ပူးတွဲလေ့ကျင့်ရေး အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံရန် သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Laos, Cambodia strengthen joint efforts against transnational crime
VIENTIANE, July 16 (Xinhua) — Officials from Laos and Cambodia gathered here for the first Laos-Cambodia Prosecutors’ Office Meeting on Cooperation in Combating Transnational Crime, with a particular focus on drug trafficking.
The meeting took place on Tuesday and brought together senior prosecutors from both countries to deepen cooperation, Lao News Agency reported on Wednesday.
In his speech, President of the Supreme People’s Prosecutor Office of Laos, Xaysana Khotphouthone, said that the meeting marked a significant milestone in strengthening bilateral judicial cooperation, noting that it reflects the deepening strategic partnership between the two nations and aims to reinforce collaboration in criminal prosecution, particularly in the fight against transnational and drug-related crimes.
Xaysana highlighted that the drug crisis has severely impacted all sectors of Lao society, from students and youth to rural communities, and warned that if left unaddressed, it could become a root cause of various crimes and a serious threat to national stability.
In response, the Lao government has declared drug control a national agenda, implementing stricter policies and targeted law enforcement strategies. In 2024, authorities recorded 5,012 drug-related cases, with an additional 1,422 cases reported in the first five months of 2025.
During the meeting, both countries agreed to boost cross-border coordination, improve information sharing, and invest in joint training programs.

English Caption
Cambodian Prime Minister Hun Manet (R) meets with visiting Lao President Thongloun Sisoulith in Phnom Penh, Cambodia on April 23, 2024. (Photo by Ra Ni/Xinhua)