Connect with us

International Organizations

ဘာစီလိုနာအသင်း၏ ပထမဂိုးသမားနေရာမှ ဖယ်ရှားခံရခြင်းက ဂျာမနီအသင်း၌ တာစတီဂျန်၏ အနာဂတ်ကို မရေမရာဖြစ်ပေါ်စေ

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၂၅ ခုနှစ် ဇွန် ၄ ရက်က ဂျာမနီအသင်းနှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ်-A ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်၌ ဂျာမနီဂိုးသမား မာ့ခ်-အန်ဒရေ တာစတီဂျန် ဂိုးပေါက်ကာကွယ်ရန် ကြိုးပမ်းနေစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်း ဂိုးသမား မာ့ခ်-အန်ဒရေ တာစတီဂျန်မှာ အသင်း၏ ပထမဂိုးသမားနေရာမှ ဖယ်ရှားခံခဲ့ရသည်ဟု သတင်းထွက်ပေါ်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပရန် တစ်နှစ်အလိုတွင် ဂျာမနီလက်ရွေးစင်အသင်း၌ ၎င်း၏ရပ်တည်မှုအတွက် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်က အဆိုပါ အသက် ၃၃ နှစ်အရွယ် ဂိုးသမားအနေဖြင့် လာမည့်ရာသီတွင် ဂိုးသမားသစ် ယိုအန် ဂါစီယာ၊ အသက် ၃၅ နှစ်အရွယ် ရှက်ဇနီတို့၏နောက် တတိယဂိုးသမားအဖြစ်သာ ကစားခွင့်ရမည်ဟု အသိပေးခဲ့ကြောင်း Sport ၊ Mundo Deportivo နှင့် Kicker အပါအဝင် စပိန်နှင့် ဂျာမနီ မီဒီယာများက ရေးသားဖော်ပြလျက်ရှိသည်။
ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဟူလီယန် နာဂယ်စ်မန်းကလည်း တာစတီဂျန်၏ အနာဂတ်နှင့်ပတ်သက်၍ လူသိရှင်ကြား ရှင်းရှင်းလင်းလင်း ပြောဆိုထားပြီးဖြစ်ကာ အသင်း၌ ရွေးချယ်ခံရရန် ပုံမှန်ပွဲကစားချိန် လိုအပ်သည်ဟုလည်း သတိပေးထားသည်။ “ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားချင်တဲ့ ဘယ်ကစားသမားမဆို အသင်းနဲ့ဟန်ချက်ညီဖို့၊ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ခြေစွမ်းတစ်သမတ်တည်းရှိနေဖို့ မဖြစ်မနေ လိုအပ်ပါတယ်” ဟု နာဂယ်စ်မန်းက ဆိုသည်။
အသက် ၂၄ နှစ်အရွယ် ဂါစီယာမှာ မြို့ခံပြိုင်ဘက် အက်စ်ပန်ညိုအသင်းမှ ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းဖြင့် ၂၀၃၁ ခုနှစ်အထိ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကာ ရှက်ဇနီမှာလည်း အသင်းနှင့် နှစ်နှစ်သက်တမ်းတိုးရန် သဘောတူညီခဲ့ပြီးဖြစ်သည်။ တာစတီဂျန်အနေဖြင့် ဘာစီလိုနာအသင်း၌ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသော်လည်း ပထမဂိုးသမားအဖြစ်မှ ဖယ်ရှားခံရခြင်းက ဂျာမနီအသင်း၌ ၎င်း၏အခန်းကဏ္ဍအပေါ် ခြိမ်းခြောက်မှုရှိလာမည်ဖြစ်သည်။
၎င်းအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ကစားခွင့်ရရန် ဆက်လက်မျှော်လင့်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အသင်းပြောင်းရွှေ့ခြင်းသာ ဖြစ်သည်ဟု မီဒီယာများက ရေးသားဖော်ပြလျက်ရှိသည်။ ဂါလာတာစာရေး၊ မိုနာကိုနှင့် ပရီးမီးယားလိဂ် အသင်းအချို့က ၎င်းအားခေါ်ယူရန် စိတ်ဝင်စားနေသည်ဟုလည်း သတင်းထွက်ပေါ်လျက်ရှိသည်။
တာစတီဂျန်က ၎င်းအနေဖြင့် ဘာစီလိုနာအသင်း၌ ကစားခွင့်ရရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု အစောပိုင်းတွင် ပြောကြားထားသည်။ သို့သော် နည်းပြဖလစ်ခ်၏ သဘောထားကြောင့် ၎င်း၏အစီအစဉ်ကို ပြောင်းလဲရဖွယ်ရှိနေပြီဖြစ်သည်။ အဆိုပါ ဂျာမန်ဂိုးသမားမှာ ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပြီးနောက် မကြာမီကမှ ပြန်လည်ကစားခွင့်ရခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ်ပြိုင်ပွဲတွင် ပွဲထွက်ကစားသမားနေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။ (Xinhua)


…………………………..
(English Version)
Ter Stegen’s Barcelona demotion sparks doubts over Germany future
BERLIN, July 14 (Xinhua) — Marc-Andre ter Stegen’s reported demotion at Barcelona has raised fresh concerns about his standing in Germany’s national team just a year before the 2026 FIFA World Cup.
According to Spanish and German media reports, including Sport, Mundo Deportivo and Kicker, new Barcelona coach Hansi Flick has informed the 33-year-old goalkeeper that he will serve as third-choice next season, behind new signing Joan Garcia and 35-year-old Wojciech Szczesny.
Germany head coach Julian Nagelsmann has publicly sought clarification on Ter Stegen’s future, warning that regular playing time is essential for selection. “Rhythm and consistent match practice are inevitable for anyone wanting to be part of the World Cup squad,” Nagelsmann said.
Garcia, 24, joined Barcelona from local rivals Espanyol for a reported 25 million euros on a contract through 2031, while Szczesny has agreed to a two-year extension. Despite being under contract until 2028, Ter Stegen’s demotion threatens his role with Germany.
Reports indicate that a transfer may be the only solution to safeguard Ter Stegen’s World Cup hopes. Clubs including Galatasaray, Monaco, and several Premier League sides have reportedly shown interest.
Ter Stegen had previously insisted he would fight for his place at Barcelona. However, Flick’s stance may alter his plans. The German keeper had only recently returned to action after a long-term knee injury, reclaiming the starting spot during last month’s UEFA Nations League Finals.
English Caption
Germany’s goalkeeper Marc Andre ter Stegen fails to save the goal during the UEFA Nations League A semifinal match between Germany and Portugal in Munich, Germany, June 4, 2025. (Photo by Philippe Ruiz/Xinhua)