Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် ပြည်တွင်းစီးပွားရေးလည်ပတ်မှုနှင့် စွမ်းအင်သစ်မော်တော်ယဉ်လုပ်ငန်း ယှဉ်ပြိုင်မှုဆိုင်ရာ အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် နိုင်ငံတော်ကောင်စီ အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်နေပုံကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဇူလိုင် ၁၆ ရက်တွင် ကျင်းပသော နိုင်ငံတော်ကောင်စီ အလုပ်အမှုဆောင် အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ယင်းအစည်းအဝေး၌ ပြည်တွင်းစီးပွားရေးလည်ပတ်မှုကို အားကောင်းစေရန် ရည်ရွယ်သည့် အရေးကြီးမူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များ အကောင်အထည်ဖော်မှုကို လေ့လာဆန်းစစ်ခဲ့ကာ စွမ်းအင်သစ်မော်တော်ယာဉ် (NEV) ကဏ္ဍ၏ ဈေးကွက် စည်းမျဉ်းစည်းကမ်း မြှင့်တင်ရေး အစီအမံများကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သိရသည်။
သုံးစွဲမှုကဏ္ဍ မြှင့်တင်ရေးအတွက် အထူးစီမံချက်များ ဆောင်ရွက်ရန်၊ စားသုံးကုန်များအတွက် ကုန်စည်လဲလှယ်ရေး မူဝါဒများ တိုးတက်အောင် လုပ်ဆောင်ရန်နှင့် ပြည်သူများ၏ သုံးစွဲမှု လိုအပ်ချက်မျိုးစုံကို ဖြည့်ဆည်းပေးနိုင်မည့် ဝန်ဆောင်မှုမျိုးစုံ ပေးအပ်ရန် စသည့် အကြောင်းအရာအများကို အဆိုပါ အစည်းအဝေးတွင် အလေးထား ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်းဝယ်လိုအား အလားအလာကို အပြည့်အဝ ထုတ်ဖော်နိုင်ရန်အတွက် အရည်အသွေးမြင့် ထုတ်လုပ်မှုစွမ်းအားသစ်များနှင့် ထွန်းသစ်စ ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန်လည်း ၎င်းအစည်းအဝေးက အားပေးတိုက်တွန်းခဲ့သည်။
အဆိုပါအစည်းအဝေး၌ ၂၀၂၄ ခုနှစ် ဗဟိုဘတ်ဂျက်နှင့် အခြားဘဏ္ဍာရေးဆိုင်ရာ ဝင်ငွေထွက်ငွေများ အကောင်အထည်ဖော်မှု စစ်ဆေးခြင်းတွင် တွေ့ရှိရသည့် ပြဿနာများအတွက် ကနဦး ပြင်ဆင်မှုများကိုလည်း အကျဉ်းချုပ် တင်ပြခဲ့သည်။
စွမ်းအင်သစ်မော်တော်ယာဉ် (NEV) ကဏ္ဍ၏ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရန်နှင့် ကျိုးကြောင်းဆီလျော်မှုမရှိသော ယှဉ်ပြိုင်မှုကို ထိန်းချုပ်ရန်အတွက် ဈေးကွက် စည်းမျဉ်းစည်းကမ်းကို ပိုမိုအားကောင်းစေရန်၊ ကုန်ကျစရိတ်စစ်တမ်းနှင့် စျေးနှုန်းစောင့်ကြည့်လေ့လာမှုကို အားဖြည့်ရန်နှင့် စည်းမျဉ်းသတ်မှတ်ထားသော ယှဉ်ပြိုင်မှုဆိုင်ရာ ရေရှည်ယန္တရားကို တိုးတက်အောင် လုပ်ဆောင်ရန်လည်း အဆိုပါ အစည်းအဝေးက အားပေးတိုက်တွန်းခဲ့သည်။
၎င်းအစည်းအဝေးတွင် နိုင်ငံခြားသား ဝင်ထွက်ခွင့်ဆိုင်ရာ စည်းမျဉ်းမူကြမ်းကိုလည်း ပြန်လည်သုံးသပ် အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)
——————-
(English Version)
Chinese premier chairs meeting on internal circulation, NEV industry competition
BEIJING, July 16 (Xinhua) — Chinese Premier Li Qiang on Wednesday presided over a State Council executive meeting that studied the implementation of key policy measures aimed at strengthening domestic economic circulation and reviewed measures to enhance the regulation of market order in the new energy vehicle (NEV) sector.
The meeting emphasized the need to advance the special initiatives to boost consumption, improve trade-in policies for consumer goods, and provide diversified services that meet various consumption needs of residents.
It called for efforts to expand investment in new quality productive forces and emerging services to fully unleash the potential of domestic demand.
During the meeting, a briefing was heard on the preliminary rectification of problems identified in the audit of the implementation of the 2024 central budget and other fiscal revenues and expenditures.
To spur the high-quality development of the NEV sector and curb irrational competition, the meeting called for stronger regulation of market order, strengthening cost survey and price monitoring, and improving long-term mechanism on regulated competition.
It also reviewed and approved a draft regulation on the entry and exit of foreigners.

English Caption
Chinese Premier Li Qiang presides over a study session held by the State Council on Dec. 16, 2024. (Xinhua/Liu Bin)