International Organizations
ကိုလံဘီယာ လက်ရွေးစင် ကွင်းလယ်ကစားသမား အရီယာ့စ် ဘရာဇီးကလပ် ဖလူမင်နိစ်မှ ထွက်ခွာရန် ပြင်ဆင်

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ လက်ရွေးစင် ကွင်းလယ်ကစား ဂျွန် အရီယာ့စ် (Jhon Arias) သည် ဘရာဇီးကလပ် ဖလူမင်နိစ်မှ ထွက်ခွာပြီး အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ်ကလပ် ဝူလ်ဗာဟမ်တန် ဝမ်ဒါးရားစ် (Wolverhampton Wanderers) သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း မီဒီယာသတင်းများအရ သိရသည်။
ဝူလ်ဗာဟမ်တန်အသင်းသည် အသက် ၂၇ နှစ်အရွယ် ၎င်းကစားသမားအတွက် ယူရို ၂၂ သန်း ပေးချေရန် သဘောတူညီခဲ့ပြီး ပြောင်းရွှေ့မှု အတည်ပြုရန်သာ ကျန်ရှိတော့ကြောင်း Lance သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
အရီယာ့စ်သည် ၂၀၂၁ ခုနှစ်တွင် ကိုလံဘီယာကလပ် အင်ဒီပန်ဒီယန်တေး ဆန်တာဖေး (Independiente Santa Fe) အသင်းမှ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဖလူမင်နိစ် အသင်းအတွက် ပြိုင်ပွဲစုံ ၂၂၉ ပွဲ ကစားခဲ့ပြီး ၄၇ ဂိုး သွင်းယူကာ ၅၅ ဂိုး ဖန်တီးပေးခဲ့သည်။
အဆိုပါ ကွင်းလယ်ဖန်တီးရှင် ကစားသမားသည် မကြာသေးမီက အမေရိကန်နိုင်ငံ၌ ကျင်းပခဲ့သော ဖီဖာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဖလူမင်နိစ် အသင်းကို ဆီမီးဖိုင်နယ်အထိ ရောက်ရှိအောင် ကူညီကစားပေးခဲ့ပြီးနောက် ဥရောပကလပ်အသင်းများ၏ စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း သိရသည်။
ဝူလ်ဗ်အသင်းတွင် လက်ရှိ ပထမအသင်းလူစာရင်း၌ ကိုလံဘီယာ ကစားသမားတစ်ဦးဖြစ်သည့် ဗဟိုခံစစ်မှူး ယာဆန် မော့စ်ကွေရာ (Yerson Mosquera) သာ ရှိကြောင်း သိရသည်။ (Xinhua)
—————-
(English Version)
Arias set for Fluminense exit
RIO DE JANEIRO, July 16 (Xinhua) — Colombia international midfielder Jhon Arias is set to leave Brazil’s Fluminense to join Premier League club Wolverhampton Wanderers, according to media reports.
Wolverhampton has agreed in principle to pay 22 million euros for the 27-year-old, news outlet Lance reported, adding that only formalities remain before the move is confirmed.
Arias has made 229 appearances for Fluminense across all competitions, scoring 47 goals and providing 55 assists, since his 2021 move from Colombia’s Independiente Santa Fe.
The playmaker reportedly drew interest from several European clubs during the recent FIFA Club World Cup in the United States, where he helped Fluminense reach the semifinals.
Wolves currently have one Colombian in their first-team squad: central defender Yerson Mosquera.
English Caption
Players of Wolverhampton Wanderers celebrate after an Asia Trophy match between Manchester City and Wolverhampton Wanderers in east China’s Shanghai on July 20, 2019. (Xinhua/Ding Ting)