International Organizations
ဘရာဇီး စီးရီးအေပြိုင်ပွဲတွင် ဆန်းတို့စ်က နေမာ၏ နောက်ကျသွင်းဂိုးဖြင့် ဖလာမင်ဂိုအား အနိုင်ရရှိ

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
ဇူလိုင် ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဘရာဇီး စီးရီးအေပွဲစဉ်တွင် ဆန်းတို့စ်အသင်းက အမှတ်ပေးဇယား ဦးဆောင်သူ ဖလာမင်ဂိုအား အိမ်ကွင်း၌ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယခုပွဲစဉ်၏ တစ်လုံးတည်းသော အနိုင်ဂိုးကို နေမာက ပွဲချိန်နှောင်းပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာနှင့် ပီအက်စ်ဂျီ တိုက်စစ်မှူးဟောင်း နေမာက ပွဲချိန် ၈၄ မိနစ်တွင် အသင်းဖော် ဂွီလ်ဟာမီ၏ ဘောလုံးပေးပို့မှုကို လက်ခံရယူကာ လှလှပပလှည့်ထွက်ပြီး အဝေးထောင့်ဆီသို့ ကန်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းသည် အသက် ၃၃ နှစ်အရွယ် အဆိုပါ ကစားသမားအဖို့ ဘရာဇီး စီးရီးအေပြိုင်ပွဲတွင် ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့ခြင်းဖြစ်ကာ ၎င်းအနေဖြင့် ဒဏ်ရာပြဿနာကြောင့် သုံးပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့သည်။
“ကျွန်တော် ပွဲစဉ်တိုင်းမှာ မိနစ် ၉၀ အပြည့် ကစားချင်ပါတယ်။ ကျွန်တော် ကြံ့ခိုင်မှုပိုကောင်းလာအောင် လုပ်ချင်ပေမဲ့ ပွဲကစားဖို့အတွက်ရော လေ့ကျင့်ရေးအတွက်ပါ လုပ်ရမှာမို့ အချိန်ယူရမှာပါ” ဟု အဆိုပါ ပွဲစဉ်အပြီးတွင် နေမာက ပြောကြားခဲ့သည်။
မိမိအနေဖြင့် ယမန်နှစ် အောက်တိုဘာလက ဘယ်ဘက်ဒူးခေါင်းတွင် အရှေ့ဘက် ကြက်ခြေခတ်အရွတ်ဒဏ်ရာ (ACL) ပြန်လည်ပျောက်ကင်းပြီးနောက် ခြေထောက်ကြွက်သားဒဏ်ရာများ ဆက်တိုက်ရရှိခဲ့သည့်အတွက် အကောင်းဆုံးပုံစံကို ပြန်ရရန် အလှမ်းဝေးနေသေးကြောင်း နေမာက ဝန်ခံခဲ့သည်။
“ကျွန်တော့်ခန္ဓာကိုယ်က အရာအားလုံးနဲ့ ပြန်ပြီးအသားကျဖို့ အလိုက်သင့်ချိန်ညှိနေရတုန်းပါပဲ” ဟု နေမာက ဆိုသည်။ ၎င်းအနေဖြင့် ဥရုဂွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဘရာဇီးအသင်းအတွက် ပါဝင်ကစားစဉ် ဒဏ်ရာရရှိခဲ့ပြီးနောက် တစ်နှစ်ကျော် အနားယူခဲ့ရသည်။
“ကျွန်တော်ရဲ့ ဒဏ်ရာပြဿနာကို ကျော်လွှားနိုင်ဖို့ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော် အသင်းအတွက် တိုက်စစ်မှာရော ခံစစ်မှာပါ ပံ့ပိုးပေးနိုင်တဲ့အတွက် သိပ်ပျော်ပါတယ်။ ရာနှုန်းပြည့်မဟုတ်သေးပေမဲ့ တဖြည်းဖြည်းနဲ့ ပိုကောင်းလာပါပြီ” ဟု နေမာက ဆိုသည်။
ဇူလိုင် ၁၆ ရက် ပွဲစဉ်၌ အနိုင်ရရှိခဲ့သဖြင့် ဆန်းတို့စ်အသင်းက အသင်း ၂၀ ပါဝင်သော ဘရာဇီး စီးရီးအေ အမှတ်ပေးဇယားတွင် ရမှတ် ၁၄ မှတ်ဖြင့် အဆင့်-၁၃ ၌ ရပ်တည်နေပြီး အဆင့်-၂ မှ ခရူဇီရိုထက် ဂိုးကွာခြားချက်အသာဖြင့် ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် ဖလာမင်ဂိုနှင့် ၁၃ မှတ် ကွာဟနေကြောင်း သိရသည်။
“ကျွန်တော့်အထင်တော့ ဖလာမင်ဂိုက ဒီလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးအသင်းပါ။ သူတို့က နည်းစနစ်ပိုင်းမှာ သိပ်ကောင်းပြီး တိုက်စစ်မှာရော ခံစစ်မှာပါ သိပ်ကောင်းပါတယ်။ သူတို့အသင်းမှာ သိပ်ကိုအရည်အသွေးမြင့်တဲ့ ကစားသမားတွေရှိပါတယ်” ဟု နေမာက ပြောကြားခဲ့သည်။
ဇူလိုင် ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အခြား ဘရာဇီး စီးရီးအေပွဲစဉ်များတွင် ပါလ်မီးရက်စ်က မီရာဆိုးလ်အား အိမ်ကွင်း၌ ၁ ဂိုးစီ သရေကျခဲ့ပြီး ကိုရင်သီယန်စ်က ဆယ်အာရာကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဘိုတာဖိုဂိုက ဗစ်တိုးရီးယားကို အိမ်ကွင်း၌ ဂိုးမရှိသရေကျခဲ့ပြီး ဆော်ပေါ်လိုကလည်း ဘရာဂန်တီနိုနှင့် ၂ ဂိုးစီ သရေကျခဲ့သည်။ (Xinhua)
…………………
(English Version)
Neymar scores late as Santos beats Flamengo
RIO DE JANEIRO, July 16 (Xinhua) — Neymar struck late as Santos edged to a 1-0 home win over leaders Flamengo in Brazil’s Serie A championship on Wednesday.
The former Barcelona and Paris Saint-Germain forward broke the deadlock in the 84th minute, turning sublimely after receiving Guilherme’s pass and firing into the far corner.
It was the 33-year-old’s first goal of a Serie A campaign disrupted by injury, with only three starts so far.
“I want to play 90 minutes of every game,” Neymar said after the match. “I want to be better physically but that takes time, both in terms of playing and training.”
Neymar admitted he remains some way off recapturing his best form, having suffered a series of leg muscle injuries since returning from a ruptured anterior cruciate ligament in his left knee last October.
“My body is still adapting, getting used to everything again,” said Neymar, who spent more than a year on the sidelines after sustaining the injury while playing for Brazil in a World Cup qualifier against Uruguay.
“It’s not easy to deal with the injury I had. I’m very happy to be able to contribute in every way, both attacking and defending. I’m not 100%, but I’m getting better all the time,” he added.
Wednesday’s result leaves Santos 13th in the 20-team standings with 14 points, 13 points behind Flamengo, which is ahead of second-placed Cruzeiro on goal difference.
“Flamengo, in my opinion, is the best team in the league,” Neymar said. “Tactically they are very good, they defend and attack very well. They have very high-quality players.
In other Brazilian Serie A fixtures on Wednesday, Palmeiras drew 1-1 at home to Mirassol, Corinthians won 1-0 at Ceara, Botafogo was held to a goalless home draw by Vitoria and Sao Paulo drew 2-2 at Bragantino.
English Caption
Neymar (c) reacting after the match against Fluminense at Maracana Stadium in Rio de Janeiro, Brazil, April 13, 2025. (Xinhua/Claudia Martini)