Connect with us

Africa & Middle East

နမီးဘီးယား-တရုတ် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု၏ အသွင်ပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုကို Namport အမှုဆောင်အရာရှိချုပ် အလေးထားပြောဆို

နမီးဘီးယားနိုင်ငံ ဝေါလ်ဗစ်စ်ဘေးမြို့ရှိ ကုန်သေတ္တာဆိပ်ကမ်းသစ် ဖွင့်လှစ်သည့် အခမ်းအနား၌ မီးသတ်သင်္ဘောများ သရုပ်ပြနေပုံကို ၂၀၁၉ ခုနှစ် ဩဂုတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆဝါကော့မန့်ဒ်၊ နမီးဘီးယား၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
နမီးဘီးယားနိုင်ငံ၏ ပင်လယ်ရေကြောင်း ကဏ္ဍတွင် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုက နမီးဘီးယားနိုင်ငံ၏ စီးပွားရေးနှင့် ပြည်သူများ၏ လူနေမှုဘဝကို ခိုင်ခိုင်မာမာ အကျိုးသက်ရောက်စေသည်ဟု နမီးဘီးယား ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (Namport) အမှုဆောင်အရာရှိချုပ်ဖြစ်သူ အန်ဒရူး ကာနီမီက ပြောကြားခဲ့သည်။
ဇူလိုင် ၁၇ ရက်က ဆင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူး၌ ကာနီမီက China Harbor Engineering Company (CHEC) က တည်ဆောက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည့် ဝေါလ်ဗစ်စ်ဘေး ကုန်သေတ္တာဆိပ်ကမ်း၏ အလွန်အရေးပါသော အခန်းကဏ္ဍအား အလေးထားပြောဆိုခဲ့သည်။ အဆိုပါ ကုန်သေတ္တာဆိပ်ကမ်းမှာ Namport ၏ ကုန်စည်များ လက်ခံဆောင်ရွက်နိုင်စွမ်းကို အလုံးစုံ ဆန်းသစ်ပြောင်းလဲစေခဲ့ကြောင်း သိရသည်။
“အဲဒီကုန်သေတ္တာဆိပ်ကမ်းကြောင့် ကုန်စည် လက်ခံဆောင်ရွက်နိုင်စွမ်းကို နှစ်ဆတိုးမြှင့်နိုင်ခဲ့တဲ့အတွက် အဲဒီဆိပ်ကမ်းဟာ Namport အတွက်သာမကဘဲ နမီးဘီးယားနိုင်ငံနဲ့ ဒေသတစ်ခုလုံးအတွက်ပါ အလွန်အကျိုးရှိစေတဲ့ စီမံကိန်းတစ်ခုပါပဲ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဆိပ်ကမ်းအသစ်အား လည်ပတ်အသုံးမပြုမီက Namport ၏ နှစ်စဉ် ကုန်စည်လက်ခံဆောင်ရွက်နိုင်စွမ်းမှာ ပေ ၂၀ ကုန်သေတ္တာ ယူနစ် (TEUs) ၃၅၀,၀၀၀ ရှိခဲ့သော်လည်း ယခုအခါ TEUs ၇၅၀,၀၀၀ အထိ နှစ်ဆကျော် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း ကာနီမီက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/5iS


…………………..
(English Version)
Namport CEO highlights transformative impact of Namibia-China maritime cooperation
SWAKOPMUND, Namibia, July 19 (Xinhua) — Chinese collaboration in Namibia’s maritime sector has positively impacted the Namibian economy and the livelihoods of its people, said Chief Executive Officer of the Namibian Ports Authority (Namport) Andrew Kanime.
In an exclusive interview with Xinhua on Thursday, Kanime emphasized the pivotal role of the Walvis Bay container terminal, constructed by China Harbor Engineering Company (CHEC) and commissioned in 2019, which has revolutionized Namport’s cargo handling capabilities.
“It has been a very impactful project, not only on Namport, but also for Namibia and the region at large, because that particular terminal has enabled us to double our cargo handling capacity,” he said.
Kanime told Xinhua that before the commissioning of the new terminal, Namport’s annual capacity was 350,000 TEUs (twenty-foot equivalent units), but it has now more than doubled to 750,000 TEUs.
English Caption
Fire boats perform during the inauguration ceremony of the new container terminal in Walvis Bay, Namibia, Aug. 2, 2019. (Xinhua/Zhang Yu)